အစိုုးရနှင့် ကရင်နီအမျိုးသားတိုုးတက်ရေးပါတီတိုု့ အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုုးပြီး နောက် ကရင်နီဒုုက္ခသည်များအပေါ် အကျိုးတက်ရောက်မှုများသိရှိလိုု၍ နိုုင်ငံတကာကိုုယ်စားပြု အလှူရှင်များ နိုဝင်ဘာလ ၆ ရက်နေ့က ကရင်နီဒုုက္ခသည်စခန်းသိုု့ လာရောက်လေ့လာသွားသည်။
အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ သြစတေးလျ၊ ဆွီဒင်၊ နယူးဇီလန်၊ ဗြိတိန်နိုုင်ငံအလှူရှင်များအဖွဲ့တို့သည် ထိုုင်းနိုုင်ငံနယ်စပ်ရှိ ကရင်နီအမှတ် (၁) ဒုုက္ခသည်စခန်းထဲသိုု့ လာရောက်လေ့လာပြီး စခန်းကော်မီတီနှင့် တွေ့ဆုံုခဲ့ခြင်းဖြစ်သည်။
ထိုုင်းနိုုင်ငံ ဘန်ကောက်အခြေစိုုက် ကနေဒါသံရုံုးကိုုယ်စားလှယ်တဦးက "မြန်မာ့ နိုင်ငံရေး ပြောင်းလဲလာမူ အခြေနေနဲ့ ပတ်သက်ပြီးတော့မှ အကျိုးသက်ရောက်မူ တွေက ဒီ စခန်းထဲမှာ ဘယ်လို့ ဂယက်ရိုက်ခတ်မူ တွေ ရှိနေခဲ့လဲ… ဥပမာ ကောင်းတဲ့ ဘက်မှာရော ဆိုးတဲ့ ဘက်မှာပါ အနည်းချက် အားသာ ချက် ဘာတွေရှိလဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်အရး ထိုးပြီးတဲ့နောက်ပိုင်းမှာ စခန်းထဲမှာ ဘယ်လို အကျိုးသက် ရောက်မူတွေ ရှိလဲဆိုတာ ရှင်းပြပေးပါ" ဟု ပြောသည်။
အလှူရှင်များနှင့်တွေ့ဆုံုပွဲတွင် ဒုုက္ခသည်ပင်မကော်မီတီ၊ ပညာရေးဌာန၊ အမျိုးသမီးအစည်းအရုံုး၊ ကျန်းမာ ရေးဌာန၊ လူငယ်နှင့်ရပ်ကွက်လူကြီးများ တက်ရောက်ခဲ့ပြီး အလှူရှင်၏မေးမြန်းချက်အပေါ် စခန်းကော်မီ တီဥက္ကဌ အီရယ်က ဖြေကြားခဲ့သည်။
အီရယ်က "အခြေနေကတော့ ဘယ်နေ့ ဘယ်ရက်မှာ နစ်ဘယ်လောက် ကြာမလဲဆိုတာကတော့ မပြောတတ် သေးဘူး၊ အခုက ဆွေးနွေးပွဲပဲ ရှိသေးတယ်၊ စားပွဲပေါ်မှာတော့ မရောက်သေးပဲနဲ့ကတော့ အခြေနေ ကောင်းလာမယ် ဆိုတာပြီး သတ်မှတ်လို့ မရသေးဘူး၊ အခုလို ကျနော်မြင်တာက ရှေ့ဆက်နေဖို့က သုံးလေးငါးနှစ်လောက် ကြာနေအုံုးမယ်လို့ ကျနော် မြင်တယ်” ဟု ပြောသည်။
မြန်မာနိုုင်ငံ နိုင်ငံရေးအခြေနေပြောင်းလဲလာအချိန်တွင် နိုုင်ငံတကာ အလှုူရှင်များက ပြည်တွင်းဖက်တို့ အကူအညီများ တိုုးမြင့်လာရသောကြောင့် ထိုုင်းနယ်စပ် ဒုက္ခသည်များကိုု အကူအညီများလျော့ချလျက် ရှိသည်။
ထိုင်းနိုုင်ငံ မယ်ဟောင်ဆောင် ခရိုင်တွင် ကရင်နီဒုုက္ခသည်အမှတ်-၁နှင့် အမှတ်-၂ ဒုုက္ခသည်စခန်းနှစ်ခုုရှိပြီး စုုစုုပေါင်းလူဦးရေ ၁၆၀၀၀ ကျော်ရှိသည်။