ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး စီးပွားရေးရုံးဖွင့်လှစ်

ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး စီးပွားရေးရုံးဖွင့်လှစ်
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး CNF ၏ စီးပွားရေးရုံးဖွင့်ပွဲကို အောက်တိုဘာ ၁၉ ရက်နေ ့က ရိက္ခရပ်ကွက်ရှိ ခူမီးစာပေနှင့် ယဉ်ကျေးမှု ပြတိုက်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖွင့်ပွဲတွင် CNF စီးပွားရေးရုံးတာဝန်ခံ Pu Hla Tun ပါ၀င်ပြီး ပလက်ဝမြို့ပေါ် ဌာန ဆိုင်ရာ လူကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများ ၂၀ ခန့် ပါ၀င်တက်ရောက်ကြောင်း သိရသည်။

စီးပွားရေးရုံးဖွင့်လှစ်ရခြင်းနှင့် ပါတ်သက်ပြီး Pu Hla Tun ကဒေသခံပြည်သူများဆန္ဒနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များ၊ ပြည်သူများအတွက် နစ်နာစေနိုင်သည်များကို ရှောင်ရှားကာ ဒေသခံပြည် သူများနှင့် ဆွေးနွေးတိုင်ပင်ပြီး ဒေသ အကျိုးဖြစ် ထွန်းစေ မည့် လုပ်ငန်းတွေကို လုပ်ဆောင်မှာ ဖြစ်ကြောင်း ရှင်း လင်း ခဲ့သည်။

ဖွင့်ပွဲ အစီအစဉ်ကို CNF တည်ခင်းဧည့်ခံသော ညစာ စားပွဲဖြင့် ညနေ ၅ နာရီတွင် ရုတ်သိမ်းခဲ့ကြသည်။

CNF သည် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ယခု ပလက်ဝအပါအဝင် အမှတ် (၂) အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရှိ တီအို နှင့် ရန်ကုန်တွင် စီးပွား ရေးရုံးကို ဖွင့်လှစ် ခဲ့ကြသည်။

လက်ရှိတွင် CNF စီးပွားရေးဌာနလက်အောက်ရှိ ခိုနူးသုန် ကုပ္မဏီ သည် ချင်းပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကောင်းမွန်ရေးအတွက် စတင်အကောင်အထည်ဖော်နေပြီဖြစ် သည်။

ထို့အပြင် စီအဲန်အက်ဖ် သည် ဒိန်းမတ် အစိုးရအကူအညီဖြင့် ချင်းပြည်နယ်ရှိ အထက်တန်းကျောင်း အားလုံးတွင် ကွန်ပြူ တာ အင်တာနက်ခြင်း၊ ဂျပန် နိပွန်ဖောင်ဒေးရှင်း ထောက်ပ့ံမှုဖြင့် ချင်းပြည်နယ် ဒေသတချို့ တွင် စားနပ်ရိက္ခာ ထောက်ပ့ံရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

Most read this week