ကယားပြည်လျှပ်စစ် ရွှေမြို့သို့ ပိုရန် စီမံကိန်းစတင်

ကယားပြည်လျှပ်စစ် ရွှေမြို့သို့ ပိုရန် စီမံကိန်းစတင်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လောပိတရေအားလျှပ်စစ်စီမံကိန်း ဘီလူးချောင်းအမှတ် (၃) စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကိုု ပဲခူးတိုုင်းရှိ ရွှေမြို့သို့ပို့ရန် ဓါတ်အားလိုင်းများ တည်ဆောက်ရေးစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဟု ပြည်နယ်လျှပ်စစ်ဝန်ကြီးက ပြောသည်။

အသစ်တည်ဆောက်ပြီးစီးတော့မည့် အမှတ်(၃)စက်ရုံမှ ထွက်ရှိမည့် ဓာတ်အားများကို ဘီလူးချောင်းအမှတ် (၂) ဓာတ်အားဖြန့်သည့်အကြီးစား transformer မှတဆင့် တောင်ငူမြို့အနီးရှိ ရွှေမြို့သို့ ပို့ဆောင်သွားမည် ဖြစ်သည်။

လျှပ်စစ်ဓါတ်အားများ သွယ်တန်းရန် စီမံကိန်းကို ဒီးမော့ဆိုမြို့နယ် ဒေါဘိုးစီရွာအဝင်၌ ကြေငြာထားသည်ကို မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
 
“အမှတ်(၃)စက်ရုံုက (၅၂) မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ပြီး အဲဒီက ၂ ရာခိုင်နှုန်းကိုတော့ ကယားပြည်နယ်အတွက်ပါ” ဟုုပြည်နယ်လျှပ်စစ်ဝန်ကြီး စောဟူးဟူးက ပြောသည်။

ဘီလူးချောင်းအမှတ် (၂) မှ ရွှေမြို့သို့ ၂၃၀ - KV ဓါတ်အားလိုင်းတည်ဆောက်ရေးစီမံကိန်းကို လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ဓါတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း) မှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး အောက်မြန်မာပြည် ဘက်သို့ ဖြန့်ဝေရန် အတွက်ဖြစ်သည်ဟု လျှပ်စစ်အင်ဂျင်နီယာတဦးက ပြောသည်။

သူက “၂၃၀ KV ဆိုတာက ရန်ကုန်ကိုပို့တာ၊ ဓါတ်အားကို ခွဲရုံတွေကနေတဆင့် ပြန်ဖြန့်တာပါ” ဟုပြော သည်။

ဘီလူးချောင်းအမှတ် (၃)စက်ရုံစီမံကိန်းကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမီတက် (Future Energy Company Limited) ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လာမည့်နှစ်တွင် စတင်လည်ပတ်သွားရန် အစီအစဉ်ရှိ သည်ဟု သိရသည်။

လောပိတရေအားလျှပ်စစ်စီမံကိန်းသည် ဘီလူးချောင်းအမှတ် (၁) စက်ရုံ၌ စက်တပ်ဆင်အား ၂၈ မီဂါဝပ်နှင့် အမှတ် ( ၂ )တွင် (၁၆၈) မီဂါဝပ်ရှိပြီး ပြည်နယ်အတွက် လက်ရှိအသုံးပြုနေသည်မှာ ( ၁၀ ) မီဂါဝပ်သာသာ ရှိသည်ဟုလည်း သိရသည်။