ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်း Network for Chin Community Development –NCCD မှ စီစဉ်ဆောင်ရွက်နေသော ငွေစုငွေချေးစီမံကိန်းလုပ်ငန်းကို ချင်းပြည် နယ်ကျေးလက်ဒေသတချို့တွင် စတင်အကောင်အထည်ဖော်ဆောင်နေပြီဟု သိရသည်။
NCCD က အတိုးနှုန်းသက်သာစွာဖြင့် ကျေးလက်ဒေသခံများထံ ငွေချေးပေးသည့်စီမံကိန်းဖြစ်ဟု ချင်းလူထု ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ဒု တာဝန်ခံ ကိုဆိုင်းမွန်က ပြောသည်။
သူက “ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ (၁) ကျေးရွာတစ်ရွာနှင့်တစ်ရွာပူးပေါင်းပါ၀င်မှု၊ ၀ုိင်းဝန်း ကူညီ မှု၊စည်းလုံးမှုရှိရန်၊ (၂) လူမှုပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ (၃) ဆင်းရဲဒုက္ခ များစွာမှ လွတ် မြောက်နိုင်ဖို့ဖြစ်ပါတယ်’’ ဟု ပြောသည်။
ပထမဆုံးအကြိမ်အဖြစ် Zimte ကျေးရွာအုပ်စုအတွင်း ၈ ရွာ၊ ကာရာမိတ်ကျေးရွာအုပ်စုတွင် ၁၁ ရွာ၊ ဘဲဟာရ်ကျေးရွာအုပ်စုတွင် ၁၂ ရွာမှ ဒေသခံပြည်သူများကို လူတစ်ဦးလျင် ကျပ်ငွေတစ်သိန်းနှုန်းဖြင့် စတင်ထုတ်ချေးနေပြီဖြစ်သည်။
ကိုဆိုင်းမွန်က “ ကျေးရွာတွေမှာ ကျနော်တို့ ကော်မတီတွေဖွဲ့တယ်၊ အဲဒီကော်မတီတွေက စီစစ်ပြီးတော့ ရွာသားတွေကို ငွေချေးပေတဲ့လုပ်ငန်းစတင်နေပါပြီ’’ ဟု ၎င်းကပြောသည်။
ဒေသခံများအနေဖြင့် ငွေချေးမည်ဆိုပါက အာမခံပစ္စည်းတခုခုထားရှိရမည်ဖြစ်ရာ အတိုးနှုန်းမှာ ဒေသ အလိုက်ကွာခြားမှုရှိပြီး ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်းသိရသည်။
ယင်းငွေစုငွေချေးစီမံကိန်းမှရရှိလာမည့် အကျိုးအမြတ်များကို ကျေးလက်ဒေသ ချင်းပြည်သူများ လိုအပ်နေ သော ကျောင်းဆရာ ငှါးရမ်းခ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် လိုအပ်သည့်နေရာများ တွင် အသုံးပြုမည်ဟု သိရသည်။
NCCD ဦးဆောင်မှုဖြင့် စက်တင်ဘာလ (၅) ရက်နေ့တွင် ချင်းပြည်နယ်မြောက်ပိုင်း Zimte ကျေးရွာတွင် လည်းကောင်း၊ စက်တင်ဘာ ၂၂ တွင် ချင်းပြည်နယ်တောင်ပိုင်း ကာရာမိတ်ကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာ ၃၀ တွင် ချင်းပြည် နယ်အလယ်ပိုင်း ဘဲဟာရ် ကျေးရွာတွင်လည်း ကွန်ယက်စီမံကိန်းကော်မီ အစည်းအဝေးကိုပထမအကြိမ်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ သည်ဟုသိရသည်။
အဆိုပါအစည်းအဝေးများတွင် ကော်မတီ၏ဆန္ဒ္ဒအတိုင်း ပြည်သူ့အကျိုးပြုမည့်စီမံကိန်းဖြစ်သော ငွေစုငွေချေး စီမံကိန်းကို ချင်းလူထုဖွံ.ဖြိုးရေးကွန်ယက်အဖွဲ.အစည်းမှ ချပေးနိုင်ခဲ့ပြီး အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်အတွက် ငွေစုငွေချေးစီမံကိန်းစည်းမျဉ်းစည်းကမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လိုက်နာကျင်းသုံးရမည့် ဘုံစည်းမျဉ်းစည်းကမ်းများကိုလည်း အတည်ပြုပြဌာန်းနိုင်ခဲ့ကြသည်ဟု သိရသည်။
ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အနေဖြင့် ယင်းငွေစုငွေချေးစီမံကိန်းကို ချင်းပြည်နယ်ရှိ အခြားကျေးလက်ဒေ များတွင်လည်းဆက်လက်အကောင်ထည်ဖော်ဆောင်သွားမည်ဟု စီစဉ်ထားသည်။