မြန်မာနိုင်ငံအတွင်း လက်ရှိပြဌာန်းထားသည့် လယ်ယာမြေဥပဒေသစ်သည် မွန်တောင်သူလယ်သမား များ အတွက် မြေယာအခွင့်အရေးများကို အာမခံချက်ပေးထားမှုများ ကင်းမဲ့နေဆဲဖြစ်သည်ဟု မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းက ပြောကြားလိုက်သည်။
အပြောင်းအလဲကာလအတွင်း တောင်သူများသည် ၎င်းတို့လယ်ယာမြေအတွက် တရားမျှတမှုရလာဒ်ရရှိရန် လှုပ်ရှားရုန်းကန်ရာတွင် ကြံုတွေ့နေရသည့် အခက်အခဲဟန့်တားမှုများ၊ မျှတသည့် ဆုံးဖြတ်ချက်နှင့် အလှမ်းဝေးနေရသည့်အခြေအနေ၊ အစိုးရသစ်လက်ထက် ပြဌာန်းခဲ့သည့် မြေယာဥပဒေသစ်တွင် မွန်တောင်သူများအတွက် အကာအကွယ်မဲ့ဖြစ်နေသည့်အပေါ် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက “တရားမဲ့နယ်မြေ”အမည်ရှိ အစီရင်ခံစာတစ်စောင်ကို အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အရပ်သားအစိုးရလက်ထက် ပြဌာန်းဖြစ်ခဲ့တဲ့ မြေယာဥပဒေသစ်တွေဟာ မွန်တောင်သူလယ်သမားတွေ၊ ခြံရှင်တွေအတွက် အကာအကွယ်ပေးဖို့ ပျက်ကွက်ဆဲဖြစ်တဲ့ အနေအထားတွေကို အဓိက ပြောထားတာ ပါ။”ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ခံ နိုင်အွန်းမွန်က ပြောသည်။
လက်ရှိ ဒေသခံများ ကြံုတွေ့နေရသည့် လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာများနှင့် ပတ်သက်၍ မွန်ဒေသအတွင်းရှိ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးရန်လည်း အစီရင်ခံစာက တိုက်တွန်းထား သည်။
ဆက်လက်၍ နိုင်အွန်းမွန်က “မွန်နိုုင်ငံရေးပါတီတွေ လက်နက်ကိုုင်အဖွဲ့အစည်းတွေ သူတို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ လယ်သမားတွေရဲ့ အခွင့်အရေးကို ကူညီဖို့၊ ဝိုင်းဝန်းတိုက်ပွဲဝင်ပေးဖို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ လယ်သမားအခွင့်အရေးတွေ ဆွေးနွေးပေးဖို့၊ လယ်ယာမြေဥပဒေသစ်ရဲ့ တောင်သူ တွေအပေါ် အကာအကွယ်မဲ့နေမှုကို ပြုပြင်ရေးဆွဲပေးဖို့ တောင်းဆိုထားတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂၊ မတ်လမှစ၍ ပြဌာန်းခဲ့သော လယ်ယာမြေဥပဒေတွင် လျော်ကြေးငွေကိစ္စကို ရှင်းရှင်း လင်းလင်း ဖော်ပြထား ခြင်း မရှိသကဲ့သို့ မြေလွတ်မြေရိုင်းဥပဒေကလည်း မိရိုးဖလာပိုင်ဆိုင်မှုကို ငြင်းပယ် ကန့်ကွက်ခဲ့သည်ဟုလည်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။
ထို့အပြင် မြန်မာအစိုးရသစ် တက်လာသည့် ၂၀၁၁ခုနှစ်နောက်ပိုင်း စစ်တပ်က ပြည်သူတို့၏ လယ်ယာမြေများကို ဆက်လက် သိမ်းယူနေသည့်အပြင် ၎င်းတို့နှင့် ငြိမ်းချမ်းရေးရယူထားသော လက်နက်ကိုင်အဖွဲ့တချို့ကို မြေယာစီမံဆောင်ရွက်ခွင့်များ တစုံတရာ ခွင့်ပြုချက်ပေးခဲ့သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
ယင်းမြေယာသိမ်းဆည်းမှု ပြဿနာများကို ဖြေရှင်းရန် ၂၀၁၂ခုနှစ်၊ သြဂုတ်လအတွင်းက ပြည်ထောင်စုလွှတ် တော်တွင် တိုင်းနှင့် ပြည်နယ်အလိုက် ဦးတင်ထွဋ် ဦးဆောင်သည့် အဖွဲ့ဝင် ၆၀ ဦးတို့ဖြင့် လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့့သည်။
ထိုကော်မရှင်တွင် မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအတွက်ဟူ၍ မြေယာစုံစမ်းရေးကော်မ ရှင်၏ အဖွဲ့ခေါင်းဆောင်များအဖြစ် ဦးဌေးဝင်း၊ ဒေါ်မိမြင့်သန်း(ရေးမဲဆန္ဒနယ်)၊ နန်းစေးအွာ(ဖားအံမဲဆန္ဒနယ်)၊ ဦးစိုင်းသန်းနိုင် (ဖာပွန်မဲဆန္ဒနယ်)နှင့် ဦးဝင်းဦး(ရေဖြူမဲဆန္ဒနယ်) တို့ပါ၀င်ပြီး ၎င်းတို့အနေဖြင့် အဆိုပါဒေသများအတွင်း မြေသိမ်းဆည်းခံရမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရာတွင် အများစုမှာ စစ်တပ်မှ သိမ်းဆည်းထားခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်မိမြင့်သန်းက ပြောသည်။
၁၉၉၅ခုနှစ်မှ ယခုအချိန်ထိ ရေး၊ သံဖြူဇရပ်၊ မုုဒုံု၊ ကျိုက်မရောနှင့် ရေဖြူမြို့နယ် (တနင်္သာရီတိုုင်း မြောက် ပိုုင်း၊ မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသ) များတွင် စစ်တပ်မှ မြေဧကပေါင်း ၂သောင်းနီးပါးရှိသည်။
ယခုအခါ ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေ စက်ရုံတည်ဆောက်ရန်အတွက် ဇေကမ္ဘာကုုမ္ဗဏီ၊ Pacific Link နှင့် June Company တိုု့က နိတုံု၊ မဲဂရိုုး၊ ကဒုံုစစ်၊ ကော့ဒွန်၊ ကော့ပနော၊ ကွမ်ငမ်း ကျေးရွာများ၌လည်း မြေယာများကို မတရားသိမ်းဆည်းထားသည်။
၁၉၉၅ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းသည် မွန်ပြည်နယ်အတွင်း လူ့့အခွင့်အရေး ချိုးဖောက် ခံရမှု အခြေအနေများကို အချက်အလက် ကောက်ယူစုဆောင်းခဲ့ပြီး ၂၀၁၁ ခုနှစ်ကလည်း “ပြည်သူတို့၏ မြေယာများအား အစိုးရ ရေတပ်မှ အဓမ္မသိမ်းဆည်းခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။