မြန်မာနိုင်ငံသို့တင်ပို့မည့်စိတ်ကြွဆေး ရူပီးငွေသိန်း ၃၀၀ ကျော် မီဇိုရမ်တွင်ဖမ်းမိ

မြန်မာနိုင်ငံသို့တင်ပို့မည့်စိတ်ကြွဆေး ရူပီးငွေသိန်း ၃၀၀ ကျော် မီဇိုရမ်တွင်ဖမ်းမိ
by -
ခိုနုမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်၊ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့တင်ပို့ရန် သယ်ဆောင်လာသော ရူပီးငွေ သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဆီဒိုအက်ဖရင်းစိတ်ကြွဆေးများ မီဇိုရမ်ပြည်နယ် မူးယစ်အဖွဲ့က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ရ ရက်နေ့က အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Silchar မြို့မှ အုပ်ခဲနှင့် ဘိလပ်မြေများ တင်ဆောင်လာသော ကုန်တင်ကားတစီးကို မီဇိုရမ်ပြည်နယ် နယ်စပ်စစ်ဆေးရေးဂိတ် Vairengte တွင် စစ်ဆေးရာမှ အိန္ဒိယထုတ် ဆီဒိုအက်ဖရင်းဆေးလုံး ၃၆၇ ကီလိုဂရမ်ကို ပိုင်ရှင်ဟုယူဆရသူမီ ဇိုရမ်ပြည် နယ်သား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသူ၂ ဦးမှာ Vanlalhlima (25) Kelkang ကျေးရွာ နှင့်Chandamkima (24) Farkawn ကျေးရွာ တို့ဖြစ်ကြပြီး မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချရန် သယ်ဆောင်လာကြခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြကြောင်း အိုင်ဇောလ်မြို့ OC Pu Rina ကပြောသည်။

အလားတူ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း Vairengte စစ်ဆေးရေးဂိတ်တွင် ဆီဒိုအက်ဖရင်း ဆေးလုံး ၁၂၀ ကီလိုဂရမ်ကို ကုန်တင်ကားတစီးတွင် ထပ်မံဖမ်းဆီးခဲ့သည်ဟု OC Purina က ဆက်ပြောသည်။

အိန္ဒိယနိုင်ငံတွင် အအေးမိ၊ နှာစေး၊ ဖျားနာခြင်းအတွက် သောက်သုံးရန် ထုတ်လုပ်ထားသော ဆီဒိုအက် ဖရင်းဆေးဝါးသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အလုံးအရင်းဖြင့် တင်ပို့ခဲ့ကြသည်ဟု သိရသည်။

ယင်းဆေးဝါးတင်ပို့မှုကြောင့် မီဇိုရမ်ပြည်နယ် နှင့်အိန္ဒိယပြည်မဘက်တွင်လည်း အဖမ်းခံရသူ မြန်မာနိုင်ငံ သား၊ ဒေသခံ မီဇိုးလူမျိုးအမြောက်အများရှိခဲ့သည်။

ဆီဒိုအက်ဖရင်းဆေးဝါးကို မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ်ကို ဖြတ်သန်းပြီး မန္တလေးမြို့ရှိ တရုတ်ကုန် သည်များထံ တင်ပို့ကြသည်ဟုသိရပြီး တစ်ခေါက်နှစ်ခေါက်မှာပင် သိန်းပေါင်း သောင်းချီရရှိနိုင်သည့်စီးပွား ရေးဂွင်ဖြစ်သည်ဟု သိရသည်။

အိုင်ဇောလ်မြို့ OC Purina ၏ ပြောဆိုချက်အရ ဆီဒိုအက်ဖရင်းဆေးလုံးများကို မြန်မာနိုင်ငံတွင် Methamphetamine ဟုခေါ်သော စိတ်ကြွဆေးပြားအဖြစ် ပြန်လည်ထုတ်လုပ်ကြပြီး မီဇိုရမ်ပြည်နယ်သို့ ပြန်လည်တင်ပို့ရောင်းချနေကြသည်ဟုလည်း ပြောဆိုနေကြသည်။