ကျွန်တော် ဒီမိုကရေစီနိုင်ငံသား

ကျွန်တော် ဒီမိုကရေစီနိုင်ငံသား

“နဝတ” ခေတ်က ဘားမားကို မြန်မာလို့ပြောင်းတော့ ကျောင်းသားခေါင်းဆောင် ကိုညိုထွန်းဆိုသူက “ခက်တာပဲဗျာ ပြောင်း ရမယ့်စနစ်တော့မပြောင်းဘဲ ဘားမားကိုတော့ မြန်မာလို့ပြောင်း သူတို့လုပ်ချင်သလို လုပ်နေကြတာပဲ။

“နဝတ” ခေတ်က ဘားမားကို မြန်မာလို့ပြောင်းတော့ ကျောင်းသားခေါင်းဆောင် ကိုညိုထွန်းဆိုသူက “ခက်တာပဲဗျာ ပြောင်း ရမယ့်စနစ်တော့မပြောင်းဘဲ ဘားမားကိုတော့ မြန်မာလို့ပြောင်း သူတို့လုပ်ချင်သလို လုပ်နေကြတာပဲ။ တော်ကြာ ကျွန်တော်တို့တွေ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓကိုတောင်မှ မုဒ္ဓလို့ပြောင်းကြဦး မလားမသိပါဘူး” လို့ ညည်းညူ လိုက်ပါတယ်။ နောက်ရက်ကျတော့ နိုင်ငံပိုင် သတင်းစာထဲမှာ စာလုံးမည်းကြီးနဲ့ ဓါတ်ပုံုုနှင့်တကွ ဖော်ပြခံ လိုက်ရပုံ ကတော့ “ဗုဒ္ဓကို မုဒ္ဓဟုခေါ်သူ ဗကပညိုထွန်း” ပါတဲ့။ အော်ပြည် သူပြောတာက တခြားသူတိုု့ဖော်ပြတာက တလွဲ ပါကလား။ ပြည်သူက ဒီမိုကရေစီ နိုင်ငံသားသူတို့က အာဏာရှင်ပါးကွက်သား။

သတင်းစာဆိုလို သတင်းစာသုံးမျိုးရှိပါတယ်။ အစိုးရသတင်းစာ၊ ပုဂ္ဂလိက အကျိုးစီးပွားကိုဦးစားပေးတဲ့ သတင်းစာနဲ့  ပြည်သူ့သတင်းစာများကို ဆိုလိုပါသည်။ ပြည်သူ့သတင်းစာများဟာ ပြည်သူများသိသင့်သိ ထိုက်သည်များကို  လေးဘက်မြင်ရှစ်ဖက်ကြား နားမျက်စိဖွင့်ပေးရာဌာနများ ဖြစ်ကြပါတယ်။ လသားအ ရွယ်ရှိ ပြည်သူ့သတင်းစာများ ဟာ ပြည်သူကိုဒီမိုကရေစီနိုင်ငံသား ဖြစ်လာအောင် ပီသလာအောင် မီဒီယာကဏ္ဍမှ စွမ်းအောင်နိုင်ကြတဲ့အလျှောက် ပြည်သူ့ အားပေးမှုတွေလည်း တိုးတက်ဖြစ်ထွန်းလာကြ မှာပါပဲ။

ကျွန်တော့်အမြင်မှာတော့ ဘားမားက မြန်မာပြောင်းဖို့ရာ အရေးကြီးပါတယ်ဆိုရင် စစ်အာဏာရှင်စနစ် အောက်က  ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိလိုက်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းကို ပြည်သူတစ်ရပ် လုံးရဲ့ဆန္ဒနဲ့ အညီ ပေးထားတဲ့ကတိအတိုင်း အာဏာလွှဲပေးလိုက်ဖို့အရေးဟာ ဘယ်လောက် ကြီးမလဲဆိုတာ နားလည်မှုရှိဖို့ပါပဲ။ ခုတော့ ဘားမားကနေပြီး မြန်မာပြောင်းလိုက် နဝကကနေ နယက ပြောင်းလိုက် အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသားကို မြစ်ကြီးနားထောင်ကိုပြောင်းလိုက် နိုင်ငံတော် အလံကို အသစ်ပြောင်းလိုက် ရန်ကုန်ကနေနေပြည်တော်ကို  ပြောင်းလိုက် မြို့ထဲကတက္ကသိုလ်တွေ တော ထဲပြောင်းလိုက်နဲ့ပါပဲ။

ဘာမှမပြောင်းပါဘူးတော့ မပြောကြပါနဲ့ အထက်ပါအတိုင်း အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့တာပါ။ သူတို့ မပြောင်းသေးတာက အာဏာရှင်ညဉ်ကြီးတွေကိုပါပဲ။ ဒီမိုကရေစီကို မပြောင်းချင်တော့ ပြည်သူတွေရဲ့ ပြောင်းချင်နေတဲ့အာရုံကို အပြောင်းအလဲ ဖြစ်သွားအောင် ဟိုပြောင်းဒီပြောင်း။ နိုင်ငံရေးအကျဉ်း သားတွေရဲ့ မိသားစုဝင်များက မိသားစုနေရပ်နဲ့ ဝေလံခေါင်ဖျား ထောင်များကိုပို့ခံရတဲ့ အကျဉ်းသားတွေ ခြေလျှင်သွားတွေ့လို့ ရတဲ့နေရာကနေ
လေယာဉ်ပျံစီးပြီး သွားတွေ့ရတဲ့အခြေအနေကို ဆိုက်ရောက်သွား ပါတယ်။ အချိန်ကုန်လူပမ်း လမ်းစရိတ်တွေ
ထောင်း ကောင်းတာဆိုုလို့ စိတ်ပျက်ဖို့ တစ်ခုသာ ကျန်ရှိပါ တော့တယ်။

ဖြစ်ချင်တာက ဒီမိုကရေစီနိုင်ငံသား ဖြစ်နေတာက နိုင်ငံရေးအကျဉ်းသား။ ဘဝတွေဟာ ၂၀၁၃ ခုနှစ်ကုန် အတွင်းမှာ အဆုံးသတ်တော့မှာမို့ ကောင်းတဲ့လက္ခဏာတစ်ခုအဖြစ် ထပ်မံရှုမြင်ရပါတယ်။ ခုလွှတ်ရင် ခု ကောင်းတာမို့ ဒီမိုကရေစီကို ဖော်ဆောင် နေတဲ့ ရည်ရွယ်ချက်တူသူ မိတ်ဖက်ချင်းကို စိတ်ကွက်ငြင်းဆို မနေတော့ဘဲ ကောင်းတာ လုပ်ဖို့အချိန်မဆွဲ မရှောင်လွှဲဘဲ ထောင်ထဲက ထောင်ပြင် ဒီကနေ့လွှတ်လိုက် မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ တစ်ဦးတစ်ယောက် မှ မရှိတော့တဲ့ တိုင်းပြည် ဖြစ်သွားတဲ့နေ့ဟာ နိုင်ငံတော်က ဒီမိုကရေစီကို ပီပြင်အောင် စတင် ဖော်ဆောင်တဲ့နေ့လို့တောင် ပြောလို့ရပါ တယ်။ ဘာ ကြောင့်လဲဆိုတော့ ဘယ် ဒီမိုကရေစီ နိုင်ငံမှာမှနိုင်ငံရေးအကျဉ်းသား မရှိလို့ပါပဲ။ ဟီလာရီကလင်တန် လာစဉ်က ပြောသွားခဲ့သလို နိုင်ငံရေးအကျဉ်းသားတစ်ဦး ရှိတယ်လား။ များလွန်ပါသေးတယ်။ ဆိုသလို ပေါ့။

နိုင်ငံတစ်ခုမှာ နိုင်ငံရေး အကျဉ်းသားရှိရင် ဒီမိုကရေစီရှိတယ်လို့ ပြောလို့မရနိုင်။ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူး ဆိုရင်တော့ ဒီမိုကရေစီရှိတယ်လို့ ပြောလို့ရလာနိုင်ပါပြီး။ အနည်းဆုံး လမ်းစပေါ်လာပါပြီ။ ဒီလမ်းစဟာ အစိုးရနဲ့ ဂုဏ်သိက်္ခာဖြစ်တာမို့ အစိုးရကအစ နိုင်ငံရေးကအစ နိုင်ငံသူနိုင်ငံသားများ အထိ သားရွှေအိုးထမ်းလာသလို အကျိုးရှိစေနိုင်တဲ့အလုုပ်ကို ဘာလို့နှောင့်နှေး ကြန့်ကြာနေရပါသလဲဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်စဉ်က ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်၊ စနေနေ့ ညနေ ၅ နာရီမှာ ဖြစ်ပါ တယ်။ ပြောချင်တာက တစ်နှစ်ခွဲပြစ်ဒဏ်ကျခံရလို့ ဆိုသော်လည်း လျော့ရက်မရလို့ဆိုသော်လည်း ထုံးစံအရ ကိုပဲ သောကြာနံနက် ၁၁ နာရီအတွင်းမှာ လွှတ်ရမယ်လို့ ဆိုပါတယ်။ စနေနေ့ဆိုတာ ရုံးပိတ်ရက်ဖြစ်သလို လွတ်ရက် အဲဒီနေ့မှစေ့တဲ့ ထောင်သားများဟာ ရှေ့တစ်ရက်တိုးပြီး သောကြာနေ့မှာပဲလွတ်မြောက် လာကြ သလို ပုံမှန်အားဖြင့် နံနက် ၁၁ နာရီအတွင်းမှာပဲ လွှတ်လေ့လွှတ်ထရှိတာမို့ ဒေါ်အောင် ဆန်းစုကြည်ကိုလည်း သောကြာနေ့မှာတော့ လွှတ်ပေးမှာပဲလို့ ယုံကြည်ခဲ့တာပါ။ တွေးထားတဲ့အတိုင်း တော့ ဖြစ်မလာခဲ့ပါဘူး။

နောက်နေ့ ဟုတ်မှဟုတ်ပါ့မလား လွတ်မှလွတ်ပါ့မလားအတွေးတွေနဲ့ စနေနေ့ ညနေ ၅ နာရီအရောက်မှာ ဘယ်လိုမှ မလွှတ်ချင်ဘဲ ရက်စေ့လို့သာလျှင် မတက်သာမဖြစ်နိုင်တော့ လို့သာလျှင် ကပ်စေးနှဲလွှတ် လွှတ်ပေးလိုက် ရသလိုမျိုး ဖြစ်နေတော့ သူတို့ရဲ့ စိတ်သ ဘောထား သေးသိမ်မှုတွေကိုပါ ပြည်သူတွေက ထပ်မံသိရှိလိုက်ရပြန်တော့ မကြည်ညိုတဲ့ အပြင် မနှစ်မြို့စရာကိုပါ ပြည်သူတွေမှာ ထပ်ဆင့်ခံစားနေပါ တော့တယ်။ ၀န်ထမ်းများရဲ့ လစာ ထုတ်ရက်ဟာ စနေ၊ တနင်္ဂနွေ ရက်တွေ မှာဖြစ်နေရင် သောကြာနေ့ ရုံးဖွင့်ရက်မှာ ကြိုထုတ်ပေးရသလိုပါပဲ။ ငယ်ငယ်က ကျွန်တော်တို့ ဆော့ကစားတာလွန်တော့ အမေကြီး ပြောတာ ပြေးသတိရလိုက်ပါတယ်။ ဟဲ့ကောင်လေးတွေ အာဏာရှင်ထင်တိုင်းကျဲ မလုပ်ကြနဲ့တဲ့။

မိဘပြည်သူတစ်ယောက်ရဲ့ ဖြစ်စေချင်တဲ့ စေတနာဆန္ဒတစ်ခုကို ဖော်ထုတ်ပြရတာပါပဲ။ သူလည်းအကျိုးရှိ၊ ကိုယ်လည်းအကျိုးရှိ ဟုတ်မှန်သော စကားလည်းဖြစ် အခြေအနေ အချိန်အခါအရလည်း ပြောသင့်တဲ့ အချိန်အခါ ဖြစ်နေတာမို့ ပြောရတဲ့အပေါ်မှာ အရာမထင်ရင်နောက်က အရိပ်မည်းကြီး ထင်နေလို့သာပဲလို့ မှတ်ယူရတော့မလို ဖြစ်နေပါတယ်။ ထောင်ထဲမှာ တစ်ရက်နေရရင် တစ်ရက်ရဲ့ဒုက္ခကို သိပါတယ်ဆို တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်တစ်ပါးဟာ အစာငတ်ခံတိုက်ပွဲဝင် လမ်းလျှောက်ချီတက်ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး တောင်း ဆိုနေပြန်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ စိတ်တော့မ ကောင်းနိုင်ပါ။

လက်ရှိ အစိုးရတစ်ရပ် ရင်ဆိုင်နေရတဲ့ အတွင်းစည်း အတွင်းကတိကဝတ်များကို ပြည်သူတစ်ယောက်အ နေနဲ့တော့ မသိနိုင်စွမ်းပါ။ သိတဲ့အချက်အလက်များဟာလည်း ကောလဟလတွေကို အခြေခံနေရတော့ သတင်းမှန်ကျင့်ဝတ် အရ ဖော်ပြလို့မရနိုင်ပါ။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို အစိုးရခေါင်း ဆောင်ပိုင်းက အသိအမှတ်ပြုတာ မကြာလှသေးပါ။ ယခင်နှစ် အာဆီယံရောက် မြန်မာခေါင်းဆောင်ကို ပြည်တွင်းဂျာနယ် အယ်ဒီယာချုပ်တစ်ဦးက နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းထုတ်လိုက်ပါတယ်။

ဒါကို ပြန်လည်ဖြေဆိုရာမှာတော့ ““နိုင်ငံရေးအကျဉ်းသားမရှိကြောင်း လက်ရှိတည်ဆဲဥပဒေအရ ကျခံနေရသူသာ ရှိကြောင်း သူတို့တွေကိုပဲ ရွေးပြီးလွှတ်စေချင်တာဟာ အခြားအကျဉ်းသားတွေကို မစာနာရာ ရောက်ကြောင်း” ဖြေဆိုလိုက်ပါတယ်။ ဖြေဆိုတဲ့အသံကို ရေဒီယိုထဲကနေ နားနဲ့ဆက်ဆက် ကြားလိုက်တဲ့ ကျွန်တော်လည်း ဒီလို ခံယူနေမှုအပေါ် စိတ်မကောင်း ဖြစ်သွားရပါတယ်။

“တောတွင်းသောင်းကျန်းသူ အဖွဲ့ရှစ်ဖွဲ့” လို့ ပါသုံးနှုန်းလိုက်တော့ ပိုဆိုးသွားပြန်ပါတယ်။ ဂျာနယ်ထဲက ပြန်လည်ဖော်ပြရာမှာတော့ “လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့” လို့ပဲ ဖတ်လိုက်ရပါတယ်။

တစ်ချိန်က လူ့အခွင့်အရေးဆိုတဲ့စကားကို မသုံးလို့မဖြစ်နိုင်တဲ့အဆုံးမှာ “လူ့အခွင့် အလမ်း” ဆိုပြီးတော့ သတင်းစာ ထဲမှာ ကတ်သီးကတ်သတ်သုံးထားတာ ဖတ်လိုက်ရပါတယ်။ ယခုလည်း “နိုင်ငံရေးအကျဉ်းသား” ဆိုတဲ့ စကား အတိုင်း လွှတ်မပေးဘဲ “နိုင်ငံသားအကျဉ်းသား” ဆိုပြီး လွှတ်ပေးလိုက်ပြန်တော့ ကတ်သီးကတ်သတ်တွေ ဖတ်ရတာ အတော်ပဲ ကသိကအောက် နိုင်လှပါတယ်။ ဒီတိုင်းပြည်မှာ ဘာတွေ ဖြစ်နေမှန်းကို မသိပါဘူး။ ပရိသတ်ကို ဖတ်ပြတာ နောက်ကဖခင်ကြီး ကြားကောင်းအောင် ဖတ်ပြနေသလို ကြီးဖြစ်နေတော့ မနိပ်လှသေးပါဘူး။

ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာအောင် ဆိုတာ ပြည်သူတွေ ပွင့်လင်းမြင်သာအောင် လို့ ပြောတာဖြစ်ပြီး ပြည်သူတွေ ပွင့်ပွင့်လင်း လင်းတော့ မြင်ရပါရဲ့ မသာသေးပါဘူး ဆို ရင်လည်းအခက်မို့ ဒီတစ်ခါတော့ နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးတဲ့နေရာမှာ အဓိပ်္ပါယ်ကောက်တွေ ရိုးသားပါစေလို့ပဲ ပြော ချင်ပါ တယ်။ တစ်ခါကလည်း ၀ါရင့် သတင်း စာဆရာကြီးကို လွှတ်ပေးမယ် စီစဉ်ပြီးကာမှ ထောင်ဗူးဝအထုပ် ပိုက်ပြီး ရောက်ကာမှ သူတစ်ယောက်တည်း ပြန့်ထည့်ထားလိုက် ပြန် တော့ မာရှယ်လောဆိုတာ မာရှယ် ပြောတာဟာ လောပဲဆိုတဲ့ အယူအဆက ရုပ်လုံးကြွ လာတာပေါ့လေ။

ခုတော့ လက်ကျန်နိုင်ငံရေး အကျဉ်း သားတွေကိုပဲ ရှိတော့တာမို့ (ပြောမယ့်သာ ပြောရတာပါ နောက်ထပ် လည်း ဖမ်းနေတာကလည်း ရှိနေသေး) လွတ်မြောက်လာမယ်လို့ ယူဆရတဲ့ နိုင်ငံရေးသမားတွေကို ကြိုဆိုလိုက်ရသလို မိဘပြည်သူတွေ ရွှေရင်အေးသွားအောင် လွှတ်ဖြစ်အောင် လွှတ်ပေးပါလို့ အကြံပြု ရပါတယ်။

လူထုေခေါင်းဆောင် လွတ်မြောက်လာတော့ အာဆီယံကပြောတာကို သတိရလိုက် ပါတယ်။ ဩနောင်များ မှာတော့ မည်သို့သော အကြောင်းပြချက်မျိုးနဲ့မှ ဖမ်းပြီး ပြန်ထည့်ထားတဲ့ အသံကို မကြားပါရစေနဲ့ တော့တဲ့။ နေရာတကာ ပြည်တွင်းရေးစွက်ဖက်တယ် ပြောလိုိ့ မရနိုင်ပါ။ ကျွန်တော်ကတော့ ဒီမိုကရေစီ နိုင်ငံအစ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကလို့တောင် ပြောလိုက်ချင်ပါတယ်။ အားလုံး လွတ် မြောက်မယ်။ နောက်လည်း ဒီလိုအဖြစ်မျိုးတွေ ထပ်မံမပေါ်ပေါက် တော့ဘူးဆိုရင် ဒီအတိုင်းပြည်နဲ့ ဒီမိုကရေစီဟာ ရှင်သန်လာမှာ မလွဲပါဘူး။

ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံသားများက ဒီမိုကရေစီနိုင်ငံသားများ ဖြစ်ရပါမယ်။ ဒီလိုဖြစ်ဖို့ နိုင်ငံရေး အကျဉ်းသား မရှိတဲ့တိုင်းပြည်ဖြစ်ရမယ်။ ဒါအတွက် အာဏာရှင်တွေ ထောက်ချောက်ဆင်ထားခဲ့တဲ့ ဥပဒေများကို နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ ပြုပြင်ရပါမယ်။ လောကပါလ တရားများကို အာမခံနိုင်တဲ့ အုပ်ချုပ်သူ တွေ ဖြစ်ရပါမယ်။ မြန်မာ့မြေပေါ်မှာ နောက်ထပ်တစ်ခါ အာဏာရှင်တွေပေါ် ပေါက်မလာရအောင် ရဟန်းရှင်လူ ပြည်သူများနဲ့ အုပ်ချုပ်သူများ စောင့်ရှောက်ကာကွယ်ကြမယ်ဆိုရင် နိုင်ငံဟာ ဒီမိုုကရေစီနိုင်ငံ၊ အစိုးရဟာ ဒီမိုကရေစီ အစိုးရ၊ နိုင်ငံသားများဟာ ဒီမိုကရေစီ နိုင်ငံသားများဖြစ်ကြ မှာ မလွဲဧကန်ပါပဲ။