ယုံကြည်မှုမရှိလို့ မငြိမ်းချမ်းသေးတာပါ

ယုံကြည်မှုမရှိလို့ မငြိမ်းချမ်းသေးတာပါ
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (သျှမ်းပြည်နယ်- ကယားပြည်နယ်နှင့် မွန်ပြည်နယ်) သုံးပြည်နယ် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သျှမ်းပြည်နယ် တောင်ကြီးမြို့၊ သျှမ်းစာပေယဉ်ကျေးမှု အသင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (သျှမ်းပြည်နယ်- ကယားပြည်နယ်နှင့် မွန်ပြည်နယ်) သုံးပြည်နယ် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သျှမ်းပြည်နယ် တောင်ကြီးမြို့၊ သျှမ်းစာပေယဉ်ကျေးမှု အသင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၂၀၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကို င်အဖွဲ့ ၁၇ ဖွဲ့နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း ၃ ခု နဲ့ လေ့လာသူ  စုစုပေါင်း ၃၃၁ ဦး တက်ရောက်ခဲ့ပါတယ်။  ဆွေးနွေးပွဲကနေ  တိုင်းရင်း စည်းလုံးညီညွတ်မှု ဘယ်လောက်ရခဲ့ သလဲ။ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းတဲ့ပန်းတိုင်ဆီ လျှောက်လှမ်းဖို့ ကြာဦးမှာလား။ ဘယ်သူ့အပေါ်မူတည်နေ သလဲဆိုတာ သိရအောင်လို့ ငြိမ်းချမ်းရေးအတွက် တဖက်တလှမ်းက အဓိ ကပါဝင်နေတဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ သျှမ်းပြည်မြို့တော် တောင်ကြီးမှာ သျှမ်း-ကယား-မွန် ၃ ရက်ကြာ ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ပြီးနောက်ပိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုက ဘယ်အဆင့်အထိပြီလို့ မြင်မိပါသလဲခင်ဗျ။

ဖြေ။    ။ဒီတခေါက် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှာ ဗမာပြည်က ပါတီ တော် တော်များ များပါလာတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်း စု   NDF ၊ နောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လက်နက်ကိုင်အဖွဲ့ အစည်းထဲကဆိုရင် ABSDF တို့ ပါလာတယ်ဆိုတော့ တောင်ပေါ်တိုင်းရင်းသားနဲ့ ပြည်မတိုင်းရင်းသားတွေကြားမှာ အချင်းချင်းယုံကြည် မှုတိုးမြင့်လာတယ်လို့ ပြောလို့ရပါတယ်။ တခါ တောင်ပေါ်တိုင်းရင်း သားတွေရဲ့အခြေခံလိုအပ် ချက် တွေဖြစ်တဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့လည်းဘဲ အဲဒီပြည်မက အဖွဲ့ အစည်း တွေ ကအသိ အမှတ်ပြုတယ်။ လေးစားလိုက်နာတဲ့အဆင့်မျိုးရောက်လာတယ်ပေါ့နော်။ ဒါကြောင့် အရင်ကထက် စာရင် ယြံကြည်မှုတွေ်ပိုခိုင်မြဲလာတယ်လို့ပြောလို့ရပါတယ်။

မေး။    ။ တိုင်းရင်းသားတွေမျှော်မှန်းတဲ့ ဒု ပင်လုံညီလာခံတို့ စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ တန်းတူညီမျှမှုကိုကော် ဘယ်လောက် အထိ ရှိနေပြီလဲ။

ဖြေ။    ။ ဒု- ပင်လုံညီလာခံစိတ်ဓါတ်ကိုအခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်အတွက် ခြေလှမ်းအစ ဘဲရှိပါ သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်မ နဲ့တောင်ပေါ်တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတည် ဆောက်နေရတော့လေ။ နောက် တဆင့်တက်မယ်ဆိုရင် ယုံကြည်မှုတည် ဆောက်တဲ့အဆင့်ဟာ တပ်မတော် နဲ့တိုင်းရင်းသားကြား၊ တပ်မတော်နဲ့ ပြည်သူ တွေကြား ယုံကြည်မှုထပ်ပြီး တည်ဆောက်ရ ပါဦးမယ်။ အဲတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ နိုးကြားမှုနဲ့ တပ်မတော်ရဲ့ သဘောပေါက်လက်ခံမှုကိုလည်းဘဲ ကျနော်တို့ အများကြီးစောင့်ရဦးမယ်လေ။ အဘက်ဘက်ကပြည့်စုံမှသာလျှင် ညီလာခံကြီး ကိုဆက်လက်ကျင်းပနိုင်မယ် လို့ မျှော်လင့်တယ်။ ဒါကြောင့်မို့လို့အဲဒီအခြေအနေမျိုးရအောင် ထပ်ပြီးကြိုးစား နေရဆဲဖြစ်ပါ တယ်။

မေး။    ။   ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ သျှမ်းပြည်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွါးနေတဲ့အပေါ်   ငြိမ်းချမ်းရေးတည်ဆောက်နေမှုကိုထိခိုက်လာစေနိုင်မလားခင်ဗျ။

ဖြေ။    ။အဲတာကို ကျနော်တို့ညီလာခံရဲ့ အပိတ်မိန့်ခွန်းမှာ ဖြစ်မြောက်ရေး ကော်မတီရဲ့ ဒုတိယခေါင်း ဆောင်က ဖြစ် မြောက်ရေးကော်မတီကိုယ်စား ပေါ့နော်။ အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ  သျှမ်းပြည်မှာမှရွေးပြီး တိုက်ပွဲ တွေဖြစ်ပွါးနေတဲ့အပေါ် ကျနော်တို့လုံးဝ ရှုပ်ချကြောင်း ကြေငြာခဲ့ပါတယ်။ အဲလို ကြိုကြား ကြိုကြားထိတွေ့မှု တွေဖြစ်ပွါး နေတဲ့အခါ ငြိမ်းချမ်းရေးကို တနည်းနဲ့တနည်း ထိခိုက်စေမှာဘဲ လေ။ ဒါကြောင့်မို့ ဒီလိုမလိုလားအပ်တဲ့အပြုအမူမျိုးကို ဘယ်အဖွဲ့အစည်း ဘယ်သူဘဲဖြစ်ဖြစ်လုပ်မယ်ဆိုရင် တော့ ကျနော်တို့က ရှုပ်မှာဘဲ။မလိုလားအပ်တဲ့ အပြုအမူမျိုးမို့လို့ မဖြစ်အောင်တော့ ကျနော်တို့ ဝိုင်းပြီးထိန်းသိမ်းရမှာပေါ့။

မေး။    ။ သျှမ်းပြည်တပ်မတော် SSPP/SSA စစ်ကြောင်းက မြောက်ပိုင်း မှာသွားရောက်လှုပ်ရှားရာမှာ ရမခ စစ်တိုင်းရုံးကို သတင်းပေးအကြောင်းကြားလိုက် တာဟာ  တိုက်ပွဲဖြစ်အောင် သတင်းပေးလိုက်သလိုဖြစ် နေတဲ့ အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။အဲတာ ယုံကြည်မှုမရှိလို့ဘဲလေ။ အမှန်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်း ရေးကိုလို ချင် ပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော် ဒီနှစ်ခုကြားထဲမှာ တဖက်နဲ့တဖက် ယုံကြည်မှုရှိလို့ရှိရင် ခိုင်မြဲတဲ့ယုံကြည်မှုမျိုးရှိလို့ရှိရင်  ပစ်ခတ်စရာအကြောင်းမရှိဘူးပေါ့နော်။ အခုလို ပစ်ခတ်တယ် ထိတွေ့တယ် ဆို ကတည်းက ယုံကြည်မှုတွေအား နည်းနေလို့ ဘဲ။ တဖက်နဲ့တဖက်ရန်သူ တွေလို့ထင်နေလို့ဘဲ။ဒီလိုအယုံအကြည်မရှိကြလို့ ကျနော်တို့ယုံကြည်မှုတည်ဆောက်နေရ တာဖြစ်တယ်လေ။

မေး။    ။ အခု  လယ်ယာ ဆင်းချိန်မှာ တိုက်ပွဲတွေမဖြစ်အောင် အဘက်ဘက်က ဘယ်လို ဘယ်ကဏ္ဍကနေ ပါဝင်သင့် သလဲခင်ဗျ။

ဖြေ။    ။အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲဘဲ။ နိုင်ငံရေးဆွေးနွေးပွဲ မစတင်ဘဲနဲ့ ယုံကြည်မှုမရှိနိုင်ဘူး။ တပ်မတော် ကိုယ် ၌က ငြိမ်းချမ်းရေးကို လိုလိုလားလား ရှိမယ်ဆိုရင်လဲဘဲ ဒီထိတွေ့မှုတော့နည်းမှာဘဲ ။ အစိုးရကလဲ တပ်မတော်ကိုထိန်း ချုပ်နိုင်ရမယ်။ တပ်မတော်ဘက်ကလည်း ဒီငြိမ်းချမ်းရေးကို လိုလို လားလားရှိရပါမယ်။ အဲလိုဖြစ်ဖို့ဆိုရင် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ တဖက်နဲ့ တဖက် ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ဒါတွေမရှိရင်တော့ ထိတွေ့ မှုကိုထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး ။

မေး။    ။ ဖြစ်နေတဲ့တိုက်ပွဲတွေရပ်တန့်အောင် ဘယ်သူ့မှာ ဘယ်လိုတာဝန်တွေရှိပါသလဲ ။

ဖြေ။    ။အပစ်အခတ်ရပ်စဲရေး ခိုင်မြဲဖို့ ထိတွေ့မှုတွေရပ်တန့်သွားဖို့ဆိုတာက အစိုးရမှာတာဝန်ရှိပါတယ်။ လက်ရှိ အစိုး ရအနေနဲ့ တနိုင်ငံလုံးကိုအပစ်အခတ်ရပ်စဲရေး ကြေငြာဖို့လိုအပ်တယ်။ အဲလိုအပစ်အခတ် ရပ်စဲဖို့ဆိုလို့ရှိရင် သမ္မတကြီး ကိုယ်တိုင်ကြေငြာဖို့က သမ္မတကြီးကိုယ်၌က တပ်မတော်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိရမယ်။ အဲလိုလွှမ်းမိုးနိုင်ဖို့ဆိုတာကလဲ ဖွဲ့စည်းပုံဥပဒေကိုပြင်မှဖြစ်မယ်။ အဲတာကြောင့် ဘယ်သူ့မှာတာဝန်ရှိလဲမေးရင် တပ်မတော်ရယ် အစိုးရရယ်ပေါ့ တာဝန်ရှိ တာ။ တဖက်မှာလဲဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ Code of conduct ကို အသေအချာလေ့လာပြီး လိုက်နာနိုင် အောင်ကြိုး စားရမှာပေါ့နော်။ အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကိုတပြည်လုံးအတိုင်း အတာအနေနဲ့မလုပ်နိုင်သေး သရွေ့တော့ ထိတွေ့မှုတွေဖြစ်နေဦးမှာဘဲ။ နောက်တဆင့်မှာနိုင်ငံရေးဆွေးနွေးပွဲတွေစတင်ရပါမယ်။ နိုင်ငံရေးဆွေးနွေး ပွဲမစတင်ဘဲနဲ့ အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့အောင်ထိန်း သိမ်းဖို့ဆိုတာ မလွယ်ပါဘူး။ နိုင်ငံရေးဆွေးနွေးမှသာလျှင် တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတွေတိုးမြင့်လာပြီးတော့မှထိတွေ့မှုတွေ ကို လည်း ထိန်းချုပ်လာနိုင်မှာလို့မြင်ပါတယ်ခင်ဗျ။

မေး။    ။ ဆွေးနွေးပွဲ ၃ ရက်သာကာလမှာ အဓိက အားနည်းချက်က ဘာတွေမြင်မိပါသလဲ။

ဖြေ။    ။အဓိကအားနည်းချက်က အမျိုးသမီးတွေ ပါဝင်မှုမရှိဘူး လူငယ်ပါဝင်မှုအားနည်းတယ်။ ပြည်သူတွေကိုယ်တိုင် ထဲထဲဝင်ဝင် ဝင်ရော်ကဆွေးနွေးခွင့်မရှိဘူး။ အခုက ပါတီ အဖွဲ့အစည်း လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေလောက်ဘဲ ဆွေးနွေးနေတဲ့ အခါကျတော့လက်တွေ့ကျကျ ပြည်သူတွေထဲကို မဆင်းနိုင်သေးဘူးပေါ့နော် ။ ဒါအဓိကအားနည်းချက်ပါဘဲ။

မေး။    ။ အခုရှေ့ဆက်လှမ်းမယ့်ခြေလှမ်းကကော် ဘာဆက်လုပ်ဦးမှာလဲ။

ဖြေ။    ။ကျနော်တို့ ကချင်ပြည်နယ်က  ငြိမ်းချမ်းရေးအခြေအနေကိုစောင့်ကြည့်နေပါတယ်။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်း ရေးရပြီ။ အပစ်အခတ်ရပ်စဲရေး အတွက်လက်မှတ်ထိုးနိုင်ပြီဆိုလို့ရှိရင်တော့ ကချင် ကရင် ချင်း ရခိုင်တို့ ပါဝင် တဲ့ပြည်နယ် ပေါင်းစုံငြိမ်းချမ်းရေးညီလာခံကြီးတရပ်ကိုလည်းကျင်းပဖို့လို အပ်ပါတယ်။ အဲဒီကတဆင့် စောစောကပြောတဲ့ တပြည်လုံး အတိုင်းအတာကို ဆက်လှမ်းရ မှာဘဲနော်။ အခုအနေအထားကတော့ ကချင်ပြည်ကိုယ်၌က ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးဖို့အဆင်သင့်အဖြစ်သေး တော့ နှစ်ဦးနှဏ်ဘက် ညှိနှိုင်းနေကြတုန်းဆိုတော့ ဒါကိုလည်းစောင့်ကြည့် ရပါသေးတယ်ခင်ဗျ။ တိုင်းရင်းသားတွေထဲက တခုခုဟာကျန်ခဲ့ရင် ဒီငြိမ်းချမ်းရေးဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။

မေး။    ။ ဆရာတို့အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ပွဲ ရဲ့ အမြင့်ဆုံးမျှော်မှန်းချက်က ဘာတွေ ရှိပါသလဲခင်ဗျ။

ဖြေ။    ။ပြည်နယ်ပေါင်းစုံပါဝင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုးကိုလုပ်နေတယ်။ နောက်တဆင့်ကို ပါတီအဖွဲ့အစည်း လက် နက်ကိုင်အဖွဲ့အစည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေသာမကဘဲနဲ့ ပြည်သူတရပ် လုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုး အဲလိုအခြေအနေမျိုးအထိရောက်အောင်လုပ်ဖို့ ကြိုးစားရပါမယ်။ ပြည်သူတွေကိုယ်၌က ဒီငြိမ်းချမ်းရေးရဲ့ သဘောသဘာဝ သူတို့လိုချင်တဲ့ ဖက်ဒရယ်ပြည် ထောင်စုရဲ့ သဘောသဘာဝ ကို နောက်ကျနော်တို့ပြင်ချင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သဘောသဘာဝသည် လေးလေးနက်နက် ကျယ်ကျယ်ဝန်းဝန်းမသိသေးသရွေ့တော့ ကျနော်တို့ရဲ့ကြိုးစားမှုက ပြီးပြည့်စုံ တယ်လို့မဆိုနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဖြစ်မြောက်တဲ့ အထိ ကိုလုပ် သွားဖို့ကျနော်တို့မှာအာသီသရှိပါတယ်။

မေး။    ။ ယခုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဘာတွေထပ်ပြောချင်ပါသလဲ။

ဖြေ။    ။သျှမ်း- မွန်-ကယား ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ လွှတ်တော်ထဲအထိ အသံတွေရောက်သွားအောင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်နှိုးလိုက်နိုင်တယ်လို့ မြင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လွှတ်တော်တခု တည်းနဲ့ မဖြစ်နိုင်ဘူး။  လွှတ်တော်ပြင်ပမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကော နိုင်ငံရေးပါတီတွေ နဲ့လဲ  ဆိုင်ပါတယ်။ ပြည်သူလူထုကိုလည်း ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးမှာတာဝန်ရှိတယ်။ လွှတ်တော်တခု တည်းနဲ့ပြင်ဆင်လို့မရဘူးဆိုတာကို သျှမ်း-ကယား-မွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ သိရှိမှတ်သားနိုင် တယ်လို့ကျနော်တို့ပြောလို့ရပါတယ်။

သျှမ်း-ကယား-မွန် ၃ ပြည်နယ်ဆွေးနွေးပွဲကနေ ဘုံသဘောတူညီတဲ့ ဆုံးဖြတ်ချက် ၅ ချက် ဖြစ်တဲ့- တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး၊ မတရား ဥပဒေအပါအဝင် ဒီမိုကရေစီနှင့်  ညီညွတ်မှုမရှိသည့် ဥပဒေသများ ရုပ်သိမ်း ပေးရေး၊ တန်းတူ၍ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကျင်းသုံး သော ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသော ညီလာခံကြီးတရပ်ကျင်းပရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲ ရေး  အစရှိပါဝင်တဲ့ ကြေငြာချက်တစောင်ကိုထုတ်ပြန်ခဲ့ပါတယ်။