ယခုနှစ်အတွင်း ငလျင်လှုပ်သည့်အကြိမ်အရေအတွက် စိပ်လာခြင်းသည် ငလျင်ကြီးအန္တရာယ်လာနိုင်သည့် အတွက် သတိထားသင့်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကိုပြော သည်။
"ငလျင်ကြီးဖြစ်ပြီးရင် တခြားငလျင်သေးလေးတွေ တစ်နှစ်လောက်နီးနီး ဖြစ်သွားတတ်တယ်။ နည်းနည်း စိုးရိမ်တာက ဖြစ်နိုင်ချေစဉ်းစားကြည့်ရင် ငလျင်လှုပ်ခဲ့တဲ့ အပိုင်းက ပမာဏတစ်ခုအထိ လှုပ်ခဲ့တဲ့ အချိန်မှာ
နောက်ထပ်ဆက်ပြီးဖြစ်ဖို့ ခဲယဉ်းသွားတယ်။ အင်အားတွေလျော့သွားတဲ့အတွက် ခဲယဉ်းသွားပေမယ့် နောက်ဆက်တွဲ ငလျင်တွေက ရှိနေတယ်။ နောက်တစ်ပိုင်းကို ဆက်ပြီးပြန်လှုပ်တာလဲရှိတတ်တယ်။ ငလျငြ်ကီး ဖြစ်သွားနိုင်တယ်" ဟု ဦးစိုးသူရထွန်းက ပြောသည်။
ယမန်နှစ်က မန္တလေးတိုင်း သပိတ်ကျင်းမြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် ယခုလထဲတွင် အင်အားနည်း ငလျင် လှုပ်ခတ်ခဲ့သည်။ သပိတ်ကျင်းမြို့နယ်တွင် စက်တင်ဘာလ ၂၀ရက်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု သည် ညနေ ၆ နာရီ ၂၅ မိနစ်တွင် သပိတ်ကျင်းမြို့ အောက်ပုဏ္ဏားရွာကို ဗဟိုပြု၍ ရစ်ခ်ချာစကေး(၅)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
ထိုနေ့တွင်ပင် ၆ နာရီ ၅၅ မိနစ်၌ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ခင်ဦးမြို့နယ်မှ ကုတ္တက်ကျေးရွာတွင်လည်း ရစ်ခ်ချာစကေး ၅ ဒသမ ရအဆင့်ရှိ လှုပ်ခတ်ခဲ့သေးသည်။
ထိုသို့ ငလျင်လှုပ်ခတ်သည့် အကြိမ်ရေစိပ်လာသည့်အတွက် ငလျင်အခြေအနေကို စောင့်ကြည့်နေရကြောင်း၊ ပုံမှန်အခြေအနေတွင် စစ်ကိုင်းပြတ်ရွေ့တစ်ကြောင်းလုံးသည် စိုးရိမ်စရာမရှိသော်လည်း စစ်ကိုင်းပြတ် ရွေ့မှာ ပဲခူး၊ သုံးခွမှ ပဲခူးရိုးမ အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ပူတာအိုအထိသွားသဖြင့် အပိုင်းလိုက်ငလျင် ကြီး များ လှုပ်တတ်သည်ဟု ဆိုသည်။
"မြန်မာနိုင်ငံက ငလျင်ဇုန်လည်းကျတယ်။ ပြတ်ရွေ့ကြီးကလည်း တောက်လျှောက်ရွေ့နေတယ်ဆိုတော့ အန္တရာယ် အမြဲရှိနေတယ်။ အားနည်းချက်က တစ်ကမ္ဘာလုံးမှာ ဘယ်နေရာ၊ ဘယ်အချိန်မှာ အင်အားဘယ်လောက်လှုပ်မယ် ဆိုတာ မခန့်မှန်းနိုင်သေးဘူး။ ဖြစ်နိုင်ချေကတော့ သတိထားသင့်တယ်" ဟု ဦးစိုးသူရထွန်းက ပြောသည်။
ယခုလအတွင်းလှုပ်ခတ်ခဲ့သည့် ငလျင်များသည် အင်အား(၅)ရစ်ခ်ချာစကေးမှ ၅ ဒသမ ရ အထိရှိခဲ့သည်။ ငလျင်အင်အား ၆ဒသမ၅ရစ်ခ်ချာစကေးကျော်ပါက အင်အားပြင်းထန်ပြီး (၇)ရစ်ခ်ချာစကေးကျော်လျှင် ငလျင်ကြီးဖြစ်နိုင်ကြောင်းသိရသည်။
သပိတ်ကျင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင ့် စေတီပုထိုး၊ ဗုဒ္ဓရုပ်ပွားတော် တချို့ ကွဲအက်ခြင်း၊ အဆောက် အအုံတချို့ ပျက်စီးခြင်း၊လူနေအိမ်၄၅လုံး ပျက်စီးခြင်း ဖြစ် ခဲ့ရသည်။