စစ်တွေ ကျားမသောက်တွင် ရုတ်ရုတ်ဖြစ်၍ ရဲက အခြေအနေကို လာထိန်း

စစ်တွေ ကျားမသောက်တွင် ရုတ်ရုတ်ဖြစ်၍ ရဲက အခြေအနေကို လာထိန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျားမသောက် ကျေးရွာ အနီးတွင် ပြဿနာ တစ်ခု ပေါ်ပေါက်ပြီး ရုတ်ရုတ် သဲသဲ ဖြစ်သွားသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အခြေအနေကို အချိန််မီ လာရောက်ထိန်းသိမ်းခဲ့ရ သည်ဟု သတင်း ရရှိသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျားမသောက် ဒေသခံ ဦးမောင်ယောင်းချေက နိရဥ္စရာသို့ ယခုလို ပြောသည်။

“ ဒီနေ့နံနက်က ၉ နာရီကျော်မှာ ကျောက်တန်းချေရွာက ဦးအေးထွန်းစိန်က သင်ပုန်းတန်း တံတားနားမှာ  နွားတွေကို လှန်ဖို့သွားတော့ သင်ပုန်တန်း တံတားဘက်က ဘင်္ဂလီ သုံးဦးက ဓါးနဲ့ ခုတ်ဖို့ လိုက်ရာကနေ
 ပြဿနာ စဖြစ်တာပါ” ဟု ဆိုသည်။

ထိုသို့  လိုက်လာရာ ဦးအေးထွန်းစိန်မှ ထွက်ပြေးပြီး သင်ပုန်းတန်း တံတားအခြား တစ်ဘက်သို့ ရောက်စဉ် ထိုအနီးတွင် နွားလှန်နေသော ရခိုင်အချို့နှင့် တွေ့သည်ဟု ဆိုသည်။ ထိုအထဲတွင် နွားလှန်နေသော ကျား မသောက်ကျေးရွာမှ ဦးမောင်မောင်လှတွင် လက်ကိုင် ဖုံးပါလာ၍ ကျားမသောက် ကျေးရွာသို့ ဖုံးဖြင့် အ ကြောင်းကြားရာ ရွာသားများက စုပေါင်းပြီး တုတ်ဓါးများကိုင်၍ လိုက်ပါလာသဖြင့် ကျားမသောက် အပါအဝင် အနီးအနားကျေးရွာများရှိ ဒေသခံများ အကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ဟု ဦးမောင်ယောင်းချေက ပြောပြသည်။

၎င်းနောက်ပိုင်းတွင် ဓါးနှင့် ခုတ်ရန် ကြိုးပမ်းသူ ဘင်္ဂလီ (၃) ဦးမှာ ထွက်ပြေးသွားကြကြောင်း၊ သူတို့မှာ မည်သည့်ရွာက ဖြစ်သည်ကို မသိရှိရသေးကြောင်း၊ အနီးအနားရှိ ကတင်ပိုင် ရွာချေမှ ဖြစ်နိုင်ကြောင်း သူက  ဆိုသည်။

အဆိုပါ သတင်းကြောင့် အနီးအနား ကျေးရွာများသို့ တမဟုတ်ချင်း ပျံ့နှံ့သွားရာ ရဲတပ်ဖွဲ့မှ ကားဖြင့် လိုက်ပါလာပြီး အခြေအနေကို ချက်ချင်း တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။

“ အခုတော့ ရဲသားတွေ ကားတစ်စီးနဲ့ ရောက်နေကြပါပြီ။ သူတို့က အခြေအနေကို စောင့်ကြည့်နေပါတယ်။ ရွာတွေမှာလည်း တည်တည်ငြိမ်ငြိမ် ဖြစ်သွားပါပြီ” ဟု ၎င်းက ပြောဆိုသည်။

Most read this week