လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုသီးနှံဖွံ ့ဖြိုးရေး ဦးစီးဌာန မှ ကယားပြည်နယ် ရှိတောင်သူများ အား စက်မှုကုန်ကြမ်းသီးနှံများ ကိုစိုက်ပျိုး လာနိုင်ရန် နည်းပညာကူညီပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည် ဟု စက်မှုသီးနှံဖွံ ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါ၀ါရွှေက ပြောသည်။
စက်ရုံအလုပ်ရုံတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းဖြစ်ကြသော ဂုန်လျှော်၊ ရာဘာ၊ ကော်ဖီ စသည်တို့ကို ဒေသခံတောင်သူများ စိုက်ပျိုးနိုင်ရန် နည်းပညာပေးခြင်း၊ သင်တန်းများပေးခြင်းများ ပြုလုပ်ပေးမည်ဟု သိရသည်။
“ဒီဒေသကတောင်သူတွေ စိုက်ချင်ရင်လည်း စိုက်လို့ရအောင်ပေါ့။ နောက်တစ်ခါ ပညာပေးအနေနဲ့လည်း အဲ့လိုမျိုး ပေါ့ ဒီမှာစိုက်ပျိုးရေးသမားတွေ ဒီပလိုမာတွေ ဘွဲ့ရတွေလည်း ရှိတဲ့အခါကြတော့ တကယ်လို့ ပညာတွေဘာ တွေလိုချင်တယ် သင်တန်းတွေဘာတွေ ဖွင့်ချင်တယ် ရွာတွေမှာလည်း ဖွင့်ချင်တယ်ဆို ဖွင့်ပေးဖို့တွက်ပေါ့လုပ်ပေး ထားတာပေါ့ ”
ကယား(ကရင်နီ)ပြည် နယ်ရှိတောင်သူတွေအနေနဲ့ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးလာနိုင်ရန်အတွက် ရည်ရွယ်ဖွင့် လှစ်ခဲ့တာဖြစ်ပြီး တောင်သူများလာရောက် မေးမြန်းစုံစမ်းနိုင်ကြောင်း ထို့အပြင် ဒေသနှင့်ကိုက်ညီ သည့်မျိုးကောင်း မျိုးသန့်များကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံ တောင်သူများသည် စပါးကိုသာအဓိကထား စိုက်ပျိုးနေကြတာ ဖြစ်ပြီး စက်မှုကုန်ကြမ်း သီးနှံများသည်ဒေသ အတွင်း ဖြစ်ထွန်းသော်လည်း စျေးကွက်တွင် အဝယ်ဒိုင်များမရှိခြင်း စျေးနိုမ်ခြင်းတို့ကြောင့် တောင်သူများမစိုက်ပျိုးကြ ကြောင်း ငွေတောင်ရွာမှ တောင်သူတဦးဖြစ်သည့် ဦးမြင့်ဆွေက ပြောသည်။
"ဒီလို ကော်ဖီတို့ ကြံတို့က ဒေသမှာဖြစ်ထွန်းပါတယ် ဒါပေမဲ့ မစိုက်ပျိုးဖြစ်ကြဘူးဆိုတာက အဓိက ဝယ်ဒိုင်မရှိဘူး။ စိုက်ပြီးရင် ကုန်ကြမ်းပြန်ရောင်းဖို့က ကြံဆိုလို့ရှိရင် ပျဉ်းမနား ထိသွားရောင်းရမယ် မကိုက်ဘူး အကယ်၍စျေးကွက် ရှာ ပေး မယ် ဝယ်ဒိုင်ရှိမယ် စျေးမနိုမ်ဘူးဆိုရင် အဆင်ပြေနိုင်ပါတယ်"
နှစ်ရှည်သီးနှံပင် စိုက်ပျိုးခြင်းအားဖြင့် တောင်သူများ သားစဉ်မြေးဆက် ဝင်ငွေရရှိနိုင်မှာဖြစ်ပြီး ပိုမိုအ ကျိုးဖြစ်ထွန်းစေ မည် ဟု ဆရာမဒေါ်ဝါဝါရွှေက ပြောသည်။
“ရွှေ့ပြောင်းတောင်ယာပေါ့ စိုက်ကြတယ် တစ်နှစ်ဒီမှာစိုက်ပြီး နောက်တစ်နှစ် ပြောင်းသွားကြတယ် အဲ့လိုမျိုးတွေပေါ့ ကော်ဖီဆိုတာကတော့ နှစ်ရှည်ဖြစ်တဲ့ အတွက်ကြောင့် နှစ်ရှည်သားစဉ်မြေးဆက် စားသွား ရမှာပေါ့နော်”
လက်ရှိစက်မှုကုန်ကြမ်း သီးနှံတစ်ခုဖြစ်တဲ့ ကော်ဖီကို နမူနာအဖြစ် ဒီးမော့ဆိုမြို့နယ် ဒေါးတဝီ ကျေးရွာတွင် တစ်ဧက စတင် စိုက်ပျိုးနေပြီဖြစ်ပြီး ကြံကိုလည်း ဒီမော့ဆိုမြို့တွင် ဖေဖော်ဝါရီလတွင် စတင်စမ်းသပ်စိုက်ပျိုးမှာဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီး ရရှိလာမည့် သီးနှံများကိုရောင်းချရန် စျေးကွက်များပါ ရှာဖွေပေးသွားမှာ ဖြစ်ကြောင်း သိရသည်။