ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်၍ မီးလောင်နေဟု ဆို သတင်းနှင့် ပတ်သက်ပြီး အမှားပြင်ဆင်ချက်

ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်၍ မီးလောင်နေဟု ဆို သတင်းနှင့် ပတ်သက်ပြီး အမှားပြင်ဆင်ချက်
by -
နိရဥ္စရာ

နိရဥ္စရာမှ စနေနေ့က ထုတ်လွှင်ခဲ့သော (ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်၍  မီးလောင်နေဟု ဆို) သတင်းတွင် အချက်အလက် အချို့ လွှဲမှားနေပါသဖြင့် စာဖတ် ပရိသတ်အား တောင်းပန် အပ်ပါသည်။

အဆိုပါ သတင်းတွင် ဂတ်စ်လိုင်း  ပေါက်ကွဲသည်ဟု မှားယွင်းစွာရေးသား ဖေါ်ပြခဲ့ပါသည်။ အမှန်မှာ ဓါတ်ငွေ့ ပိုက်လိုင်းမှ ဓါတ်ငွေ့ ယိုစိမ့်ပြီး မီးထလောင်ခဲ့ခြင်းသာ ဖြစ်ပါသည်။

မီးလောင်ရာတွင်လည်း စက်တင်္ဘာလ ၁၃ ရက်နေ့ ညနေ  ၅ နာရီကျော်မှ ၆ နာရီကျော်ထိ မီးလောင်ခဲ့ပြီး အဆိုပါ အချိန်နောက်ပိုင်း မီးလောင်မူ ဖြစ်ပွားခဲ့ခြင်း မရှိဟု သိရပါသည်။

သို့အတွက်ပါကြောင့် သတင်းပါ အချက်အလက် အချို့ လွှဲမှားမူ ရှိခဲ့ခြင်း အပေါ် အထူး တောင်းပန်အပ်ပါသည်။

(နိရဥ္စရာ သတင်းဌာန)

Most read this week