မွန်ပြည်သစ်ပါတီဥက္ကဌ အဖွဲ့နှင့် ပြည်နယ်အစိုးရတွေ့ဆုံ

မွန်ပြည်သစ်ပါတီဥက္ကဌ အဖွဲ့နှင့် ပြည်နယ်အစိုးရတွေ့ဆုံ
by -
ရွှေဟင်္သာ

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ ဦးဆောင်သောအဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ် ဒေသတချို့၏ နယ်မြေစိုးမိုး ရေး အခြေအနေအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း NMSP မော်လမြိုင်မြို့ ဆက်ဆံ ရေး ရုံး တာဝန်ခံ နိုင်ကြည်စန်း က ဆိုပါသည်။

“အဓိက သွားရောက် တင်ပြလိုတာကတော့ ရေးတောင်ပိုင်းနဲ့ ရေဖြူမြို့နယ် နယ်မြေ စိုးမိုးရေး ကိစ္စနဲ့ ကျနော်တို့ တ နင်္သာရီတိုင်း မြိတ်ခရိုင် တပ်ဖွဲ့ဝင် ၂ ဦးကို  လက်နက်တွေနဲ့အတူ အစိုးရတပ်ဖွဲ့က ဖမ်းထားတဲ့ ကိစ္စတွေဖြစ်ပါ တယ်။ ” ဟု ဆိုပါသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ထောမွန်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင်  မွန်ပြည် နယ် အစိုးရအဖွဲ့ရုံးတွင် ပြည်နယ် အစိုးရအဖွဲ့အား သွားရောက် တွေ့ဆုံ ခဲ့ခြင်းဖြစ်ပါသည်။ ပါတီဥက္ကဌ နှင့်အတူ ဆက် ဆံရေးရုံး တာဝန်ခံ နိုင်ကြည်စန်း နှင့် ဒေသဖွံ့ဖြိုးရေး ရုံးတာဝန်ခံနိုင်အမ်စို်က်ချမ်းတို့လည်းတက်ရောက် ခဲ့ပါသည်။

ပြည်နယ် အစိုးရအဖွဲ့ဖက်မှ ဝန်ကြီးချုပ် ဦးအုန်းမြင့် ဦးဆောင်ပြီး ၀န်ကြီး (၆) ဦး တက်ရောက်ခဲ့ပါသည်။

နယ်မြေစိုးမိုးရေးကိစ္စကို တင်ပြရာတွင် မွန်ပြည်သစ်ပါတီသည်၊ မွန်ပြည်နယ်ရေးမြျိ့နယ် တောင်ပိုင်းတွင်လှုပ်ရှား နေ သော  မွန်ပြည်သစ်ပါတီ မှခွဲထွက်အဖွဲ့များ အား စစ်ရေးအရ ပူးပေါင်းရှင်းလင်းရန် တင်ပြ ခဲ့သည်ဟု နိုင်ကြည်စန်း က ဆိုပါသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း မြိတ်ခရိုင် အခြေစိုက် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကို တိုက် ခိုက်စဉ် ဖမ်းဆီးသွားသည့် တပ်သား နိုင်ကရမွန် နှင့် နိုင်အရတို့အား သိမ်းဆီးထားသည့် လက်နက်များနှင့် အတူ ပြန် လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

သိမ်းဆည်း သွားခဲ့သည့် လက်နက်များမှာ ပွိုင့် ၄၅ ပစ္စတို တစ်လက်၊ ကာဘိုင် (၂) လက်၊ အေကေ (၁) လက်၊ M23 (၂) လက် တို့ဖြစ်ကြောင်း တပ်မှူး ဗိုလ််မှူး ဟံသာဇွဲ ကဆိုပါသည်။

NMSP ကိုယ်စားလှယ်များသည် ဒေသဖွ့ံဖြိုး လုပ်ငန်း အခြေအနေများ ကိုလည်း တင်ပြခဲ့ပါသည်။ NMSP မှ တာဝန်ယူ အကောင် အထည်ဖော် နေသည့် ရေးမြို့မှ ဖလန်းချောင်းဝ အထိ အရှည် (၁၄) မိုင် ကျောက်ခင်းလမ်း လုပ်ငန်းနှင့် ဝယ်ပေါင်ကျေး ရွာ အနီးရှိ ကျောက်ထုတ်လုပ်ရေး လုပ်ငန်း များ၏ အခြေအနေများကို တင်ပြခဲ့ပါသည်။

ပြည်နယ်အစိုးရဖက်ကမူ မွန်ပြည်သစ်ပါတီမှ တင်ပြချက်များကို လက်ခံထားပြီး ချက်ချင်းအဖြေမပေးနိုင်သေးဘဲ သက် ဆိုင်ရာကို တင်ပြပေးမည်ဖြစ်ကြောင်းသာ တုန့်ပြန်ခဲ့ပါသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်   ပြည်နယ် အဆင့် အပစ်ရပ်စဲ ရေးကိုဒုတိယ အကြိမ်ထပ်မံလက်မှတ် ရေးထိုးခဲ့ပါသည်။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ငါး ကြိမ် တိုင်ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲခဲ့သည့် အဖွဲ့ဖြစ်ပါသည်။

ပထမအကြိမ် ကိုမူ ၁၉၉၅ ခုနှစ်တွင် အပစ်ရပ်စဲရေး ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်း ရေး မူကို လက်မခံ သောကြောင့် အပစ်ရပ်ရေးမှာ ပျက်ပြယ်သွားစေခဲ့ပါသည်။

Most read this week