မြေပြိုမှုကြောင့် ပျက်စီးသွားသည့် ရွာများအား ရွာသစ်ပြန်တည်ပေးရန် အစိုးရဘက်က စီစဉ်

မြေပြိုမှုကြောင့် ပျက်စီးသွားသည့် ရွာများအား ရွာသစ်ပြန်တည်ပေးရန် အစိုးရဘက်က စီစဉ်
by -
ခိုနုမ်းထုန်

မြေပြိုမှုဒဏ်ခံခဲ့ရသော ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇာလိုင်ကျေးရွာရှိ မိသားစုများ  ရှေ့ဆက် ဆက်လက်နေထိုင် ရန် စိုးရိမ်ရသည့်အတွက် ပြည်နယ်အစိုးရက ရွာလုံးကျွတ်ပြောင်းရွှေ့ပေးမည်ဟု သိရသည်။

အိမ်ခြေ ၈၀ ကျော်ရှိသော ဇာလိုင်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့က မြေပြိုမှုကြောင့် အိမ်ခြေ ၅ လုံး ပျက်စီးသွား ခဲ့သည့်အပြင် ကျန်အိမ်ခြေများသည်လည်း မြေကြီးများ ပက်ကြားအက်ကွဲမှုကြောင့် ဆက်လက်နေ ထိုင်ရန် စိုးရိမ်ရသည့်အခြေ အနေတွင်ရှိနေသဖြင့် ပြောင်းရွှေ့ပေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေး ၀န်ကြီး ဒေါက်တာ ဘမောင်က ပြောသည်။

ဇာလိုင်ကျေးရွာပြောင်းရွှေ့ရန်အတွက် ဖလမ်းမြို့မှ ရ မိုင်ကျော်၊ ဇာလိုင်ရွာမှ ၁၁ မိုင်ခန့်ကွာဝေးသော လုံပီး ကျေးရွာ အနီးတွင် ချင်းပြည်နယ် အစိုးရက ရွာသစ်ပြန်လည်ချပေးထားသည်ဟု သိရသည်။ လူနေအိမ်များ ဘယ်တော့ ပြောင်း ရွှေ့ပြီး ဘယ်လိုပြောင်း ရွှေ့ကြ မည်ဆိုသည်ကိုမူ မပြောဆိုနိုင်သေးပါ။

“အိမ်ရွှေ့မယ့်ကိစ္စကတော့ တဦးချင်းနဲ့ဆိုင်ပါတယ်၊ ကျနော်တို့ဘက်က အခုရွှေ့ချင်တဲ့လူ၊ ရွှေ့နိုင်တဲ့လူ လာရွှေ့ပါဆို တဲ့အနေအထားမျိုး Ready ဖြစ်အောင် လုပ်ထားတယ်လေ၊ တချို့အိမ်တွေက အသစ်ဆောက်နိုင် တဲ့သူက အသစ် ဆောက်မှာပေါ့၊ တချို့ကျတော့ အိမ်ဟောင်းကို ရွှေ့သွားမှာဘဲ၊ အဲတော့ ကျနော်တို့ဘက်ကလည်း ဘာကူ ညီနိုင်မလဲ၊ သစ် တွေဘာတွေ ရှာပေးမယ်၊ ကူညီပေးမယ်၊ သစ်လုပ်ငန်းဦးစီး တွေနဲ့လည်း ပြောထားပါ တယ်’’ ဟု  ၀န်ကြီးက ပြော သည်။

ယခုလက်ရှိတွင် ဇာလိုင်ကျေးရွာသား လူဦးရေ ၃၀၀ ကျော်တို့သည် နီးစပ်ရာ ကျေးရွာရှိ ဆွေးမျိုးများထံတွင် ခိုလှုံနေကြ ရ သည်ဟု ဇာလိုင်ဒုက္ခသည်များကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ပါစတာ Hrang Thio က ပြောသည်။

ချင်းပြည်နယ်အစိုးရမှ ချပေးထားသော မြေကွက်အသစ်တွင် ပြောင်းရွှေ့မည့်ကိစ္စမှာ ခုချက်ချင်းအကောင်ထည် ဖော် ဆောင်နိုင်ရန် မထင်ကြောင်း ပါစတာကပြောသည်။

“ အခြေနေကတော့ နွေရာသီလောက်မှဘဲ ရွှေ့နိုင်မယ်ထင်တယ်၊  အိမ်ခြေကလည်း များတယ် ဆိုတော့ လေ၊ ရွှေ့ရင်လည်း ဥပမာ ၁၀ အိမ် ၁၅ အိမ် အဲလိုပေါ့နော် ၊ အဲလိုမရွှေ့ ဘူးဆိုရင် လွယ်မယ်မထင်ဘူး။ ဆွေမျိုးသား ချင်းတွေအိမ်မှာ ရေရှည်နေထိုင်ဖို့ကလည်း မလွယ်ဘူးလေ၊ ဒါ ကြောင့် ကျနော်တို့ ကော်မီတီကနေ တခု စဉ်းစားထားတာကလုံပီး၊ လုံရဟန်း ရွာမှာ မိုးကာထိုးပြီး သွားနေယင် ကောင်း မလား ပေါ့၊ ဒါပေမယ့် ကျောင်းသူ ကျောင်းသားတွေအတွက် အခက်အခဲရှိလာနိုင်တယ်လေ ’’ ဟု ပြောသည်။

ပြီးခဲ့သည့်လမှ စပြီး အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် တီးတိန်မြို့နယ်တွင် တံတား ၃ စင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအဆောက်အဦး ၁ လုံးပြိုကျပျက်စီးခဲ့ပြီး၊ အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ် ရေးကားလမ်း၊ ဟားခါး-ဂန့်ဂေါ-မန္တလေးကားလမ်းများလည်း ပျက်စီးခဲ့သည့်အပြင် ချင်းပြည်နယ် နေရာဒေသ တချို့တွင်လည်း ကား လမ်းပျက်စီးခဲ့သည်။