ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) အဖွဲ့နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ (၇) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ (KPC) အဖွဲ့ ကို ကရင် အမျိုးသား အစည်းအရုံး (KNU)မှ တပ်မဟာ (၇)မှူးဟောင်း ဗိုလ််မှူးချုပ် ထိန်မောင်က KNU မှ ခွဲထွက်ပြီး ဦးဆောင် ခဲ့ပါသည်။
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) အဖွဲ့နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ (၇) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ (KPC) အဖွဲ့ ကို ကရင် အမျိုးသား အစည်းအရုံး (KNU)မှ တပ်မဟာ (၇)မှူးဟောင်း ဗိုလ််မှူးချုပ် ထိန်မောင်က KNU မှ ခွဲထွက်ပြီး ဦးဆောင် ခဲ့ပါသည်။ ၄င်းတို့သည် ပြည်တွင်းစစ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ရည်ရွယ်ပြီး အစိုးရနှင့် အပစ် အခတ် ရပ်စဲ ခဲ့သည်ဟု အဖွဲ့ တည်ထောင်စဉ် ကတည်းက ဗိုလ်မှူးချုပ် ဒေါက်တာ တီမသေက ပြောခဲ့ပါသည်။ ယခုအချိန် တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသည်မှာ တနှစ်ကျော် ကြာလာခဲ့သော်လည်း ဆွေးနွေးမှုများမှ သဘော တူညီခဲ့ သည့် အရာများကို ယနေ့ အထိ အကောင်အထည် ဖေါ်မှု မရှိသဖြင့် (KPC) အနေဖြင့် အားမလို အားမရ ဖြစ်လာကာ အစိုးရအား သွယ်ဝိုက်သော နည်း အား ဖြင့် ထုတ်ဖေါ်ပြောဆို လာခဲ့ ပါသည်။
(KPC )ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ (၇-၈) ရက်နေ့ များတွင် ပြည်တွင်း မီဒီယာ (၁၀) ဖွဲ့များအား ဖိတ်ခေါ်ပြီး သတင်း စာရှင်းလင်းပွဲ တရပ် ကျင်းပ ခဲ့ပါသည်။ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် အစိုးရမှ ဦးဆောင် ဦးရွက် ပြုလုပ်နေသည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးမှု ဖြစ်စဉ်တွင် နှစ်ဦးနှစ်ဖက်မှ သဘော တူညီ ထားသော်လည်း မည်သည့် အရာများမှ အ စိုးရဖက်မှ အကောင်အထည် ဖော်ပေးခြင်း မရှိကြောင်း၊ ထုတ်ဖေါ်ပြောကြား လာပါသည်။
ဤသို့ကြောင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစိုးရမှ (KPC )ကောင်စီအား မည်သို့ သော ဂတိနှင့် သ ဘောတူညီချက်များ ရယူ ထားသည်ကို သိရှိရန် သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်သည့် (KNLA-Peace ) ကောင်စီမှ ဗိုလ်မှူးချုပ် ဒေါက်တာ တီမသေ အား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်း ကော်မီတီတို့သည် ၂၀၁၂ ခု နှစ်ဖေ ဖေါ်ဝါရီ (၇)ရက်နေ့တွင် တဖက် (၄) ဦး စီဖြင့် ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရသည် KNU အား (၁၉၉၄) ခုနှစ်တွင် ပြင်းထန်စွာ စစ်ဆင်ခဲ့ပြီး မာနယ်ပလော စစ်ဌာနချုပ် သိမ်းပိုက်နိုင်သည်အထိ အောင်မြင် ခဲ့ပါသည်။ ဤကဲ့သို့ KNU စစ်ဌာချုပ် မာနယ်ပလော ကျအောင် အစိုးရသည် KNU တပ်တွင်း မကြေနပ်မှု များကို ထိုးခွဲပြီးမှ အောင်မြင် ခဲ့ခြင်း ဖြစ်ပါသည်။ ဤအချိန်မှ စပြီး KNU သည် တပ်တွင်း မကြေနပ်မှုများ ကြီးထွား လာရာမှ အဖွဲ့များစွာ ကွဲထွက်လာ သလို အပစ်အခတ် ရပ်စဲရေးကြောင့်လည်း အမြင်ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ဤအထဲတွင် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော)၊ ပဒို အောင်ဆန်း(ဘုရားကုန်းအဖွဲ့) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) တို့ ဖြစ်ကြပါ သည်။
KPC သည် အစိုးရနှင့် အချက် (၇)ချက် ပါသော သဘော တူညီချက်ဖြင့် စာချုပ် ချုပ်ပါသည်။ ဤစာချုပ်ကို ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက်ပဏာ မသဘော တူညီချက် ဟုလည်း ခေါ်ဝေါ်ကြပါသည်။
၁။ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တို့သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ
(၇) ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြသည်။ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှု၏ ရလဒ် အဖြစ် အောက်ပါ အချက် များကို သဘောတူ ညီခဲ့ကြပါသည်။
(က) တပ်မတော်နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့ ့အကြား လက်ရှိ တည်ရှိနေသော ငြိမ်းချမ်းရေး ကို ဆက်လက် ထိန်းသိမ်းမည်။
(ခ) KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၀င်များကို (မဲလ၊ ထို့ကော်ကိုး) နေရာတွင် အခြေပြု နေထိုင်ရန် သဘောတူသည်။
(ဂ) နှစ်ဘက် အပြန်အလှန် ပြောဆို ဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန် အတွက် နှစ်ဘက် သဘော တူညီသော နေရာများတွင် နှစ်ဘက် သဘော တူညီသော ပုဂိုလ်များဖြင့် ဆက်ဆံရေး ဌာန၊ စခန်းများကို ထူထောင်မည်။ ကုမ္ပဏီ၏ စီးပွားရေး၊ ဆက်ဆံရေး ရုံးများကို ဘားအံ၊မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောတောင်၊ ကော့သောင်း တို့တွင် ထားရှိရမည်။
(ဃ) နှစ်ဘက် သဘော တူညီ ထားသော နယ်မြေများမှ အပ နယ်မြေ ကျော်လွန် လက်နက် ကိုင်ဆောင် သွားလာမှု များကို နှစ်ဘက် ကြိုတင် ညှိ်နှိုင်းပြီး ဆောင်ရွက်မည်။
(င) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည် နှစ်ဘက် သဘော တူညီသော နေရာ၊ သဘော တူညီသော အချိန်ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ တပ်ဖွဲ့ဝင်များ အခြေချ နေထိုင်လုပ် ကိုင် စားသောက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည် အထိ ဆက်လက် ဆွေးနွေးရန် သဘောတူသည်။
(စ) ပဏာမ ငြိမ်းချမ်းရေး ဆောင်ရွက်ပြီး သည့်နောက်တွင် တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသား တို့၏ ပြည်လည် ၀င်ရောက် အခြေချ နေထိုင်မည့် နေရာတွင် ၄င်းတို့ ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်း ဆက်သွယ်ရေး၊ ရေ၊ မီး အစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် အလျှင်အမြန် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်မှ ခွင့်ပြု၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခွင့်ကို ပံ့ပိုး သွားမည်။
(ဆ) KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တင်ပြထားသော ငြိမ်းချမ်းရေး အဓိပ္ပါယ် ဖွင့်ဆို ချက်များ အပေါ် မူအားဖြင့် သဘော တူညီ၍ နှစ်ဦးနှစ်ဖက်မှ ကြိုးပမ်း သွားမည် ဖြစ်သည်။
၂။ အထက်ပါ သဘော တူညီချက် များကို နှစ်ဦးနှစ်ဖက် လုံးမှ လိုက်နာ ထိန်းသိမ်း သွားရန် ကတိပြုကြောင်း အောက်တွင် လက်မှတ် ရေးထိုးကြပါသည်။