စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ နယ် နတ်မောက်ကယ်ကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည် ဖော်ခြင်းမပြုရန် ဒေသခံများက လိုလားနေကြသည်။
ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ရန် ကလေးဝမြို့နယ်၊ နတ်မောက် ကယ်ကျေးရွာမှ ဒေသခံ ၄၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြပြီး သမ္မတထံသို့ ယခုလ ၆ ရက်နှင့် ရ ရက်တွင်ပေးပို့သွား မည်ဟု ဒေသခံများ အား အကူအညီပေးသ ူကလေးဝမြို့မှ ကိုချမ်းငြိမ်းဇော်ကပြောသည်။
ယခုတစ်ကြိမ် သမ္မတထံ စာပေးပို့ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဇူလိုင်လပထမအပတ်က ပထမအကြိမ် အဖြစ် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
“ ဒေသခံဦးစံဝင်းက အခုချိန်ထိတော့ ဘာမှမဆောက်သေးဘူး။ စိုးရိမ်လို့ သမ္မတထံစာတင်ကြတာ” ဟု ပြောသည်။
ကျောက်မီးသွေးစက်ရုံများ တည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နိုင်ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်လာသော ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကြောင့် အသက်ရှူ လမ်းကြောင်းရောဂါများဖြစ်ပွားနိုင်သည်ဟု သတ္တုတွင်းဝန်ကြီးဌာန (အငြိမ်းစား) ဦးစောမိုးမြင့်ကရှင်း ပြသည်။
၎င်းကဆက်ပြီး ကျောက်မီးသွေးဓာတ် အားပေးစက်ရုံ စီမံကိန်းတွေ တည်ဆောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့အရာတွေကို ဖယ်ရှားနိုင်တဲ့နည်းစနစ်တွေ အသုံးပြုဖို့လိုအပ်တယ်” ဟု သူ့အမြင်ကို ပြောသည်။
နတ်မောက်ကယ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တည်ဆောက်ရန် ၂၀၁၀ ခုနှစ်မှစတင်ကာ လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေတိုင်းတာ မှုများ၊ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု ဒေသခံများကပြောသည်။ ထိုစီမံကိန်းကို စင်ကာပူကုမ္ပဏီ တစ်ခုနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။