သြဂုတ်လအတွင်း ကျင်းပပြုလုပ်ခဲ့ကြသည့် ကယားတပြည်နယ်လုံး လူငယ်များတွေ့ဆုံဆွေးနွေးမှု KAYAH YOUTH FORUM တွင် လူငယ်များက သစ်တောပြုန်းတီးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ဒီမိုကရေစီနည်းလမ်းကျကျ ပြုလုပ်သွားနိုင်ရန်အတွက် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပြည်နယ်အတွင်း သစ်တောထုတ်လုပ်မှုများနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ချပြ ပေးနိုင်ရန်အတွက် တောင်းဆိုသွားကြမည်ဟုလည်း ဆွေးနွေးသွားခဲ့ကြပါတယ်။
၎င်းဆွေးနွေးချက်တွေနှင့် ပတ်သက်၍ ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ဖဲဘူးက KAYAH YOUTH FORUM မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခန်းကဏ္ဍအနေဖြင့် ဦးဆောင်ဆွေးနွေးပေးသွားသည့် ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ဆရာဘိုဘိုလွင်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး ။ ။ သဘာဝပတ်ဝန်းကျင်နဲ့ပါတ်သက်လို့ ကယားပြည်နယ်ရဲ့ အခြေအနေကို ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ကယားပြည်နယ်အနေအထားကတော့ အဓိက သစ်ထုတ်လုပ်ငန်းပေါ့နော။ ဆိုတော့ ကျနော်တို့ ဒီ KAYAH YOUTH FORUM မှာ လည်း ၀ိုင်းပြီးတော့ ဆွေးနွေးကြတာပေါ့နော။ ဒါတွေပဲအဓိကထွက်လာပါတယ်။
သစ်ထုတ်လုပ်မှုတွေ အရမ်းများတဲ့အကြောင်းပေါ့နော။ ဆိုတော့ လူငယ်တွေ ပြည်သူလူထုတွေက လာမည့်နှစ်ထဲမှာ သစ်တော ဖုံးလွမ်းမှုရာခိုင်နှုန်းက တော်တော်မှ ကျန်ပါအုံးမလား.. လို့ အရမ်းစိုးရိမ်ကြတာ ပေါ့နော.. ဒါပေမဲ့ တိကျတဲ့ ဒီ DATA ပေါ့နော ကယားပြည်နယ်ရဲ့ သစ်တောဖုန်းလွမ်းမှု.. ဘယ်နှစ်ခုနှစ်က ဘယ်လောက် ရှိတယ်.. ဘယ်နှစ်ခုနှစ်မှ ဘယ်လောက်လဲဆိုတာ ကျနော်လောလောဆယ်မှာတော့ DATA မရှိတဲ့အတွက် ကျနော်.ဆီမှာမရှိတဲ့အတွက်ကျနော်မပြောပြနိုင်ပါဘူး ..။ဒါပေမဲ့ အားလုံးယေဘုယျ အားဖြင့် တော့ သိထားကြတဲ့အထဲမှာတော့ ကယားပြည်နယ်ရဲ့ သစ်ထုတ်လုပ်မှုတွေ အရမ်းများနေတယ်။ ဆိုတော့ ဒီYOUTH FORUM ကနေ အစိုးရကို .. ပြည်နယ်အစိုးရကို ဒီဝင်ငွေရှာဖွေတဲ့နေရာမှာ သစ်တော တအား ထုတ်လုပ်ခြင်းအားဖြင့် ရတဲ့နည်းကို လျော့စေချင်ပြီး ဖြစ်နိုင်ရင်တောင်မှ ရပ်စေချင်ပြီပေါ့.. ဆိုတော့ သစ်တောပြုန်းတီးမှု ကိစ္စကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲ က ရာသီဥတုက အရင်ကလိုမဟုတ်တော့ဘူး ကယားပြည်နယ်ဟာ အရမ်းပူလာတယ်။ အဲဒါတွေတော့ ကျနော်တို့ပြောဖြစ်တယ်။ တကယ်လည်း ဒါက ပြည်သူတွေက တိုင်းထွာစရာတောင် သိပ်မလိုပဲ ခံစားရတဲ့အရာပါ။ နောက် ရာသီဥတုဖေါက်ပြန်လာပြီ အဲကိစ္စတွေလည်းခံစားရတယ်။ တချို့ဟိုစာ လေထုညစ်ညမ်းမှု ရှိမရှိတော့ ကျနော်တို့ သေချာ စစ်တမ်း ကောက်ထားတဲ့ သုတေသနမရှိတော့ အဲဒါတော့ မပြောပြနိုင်ပါဘူး။အဲ..နောက် ကျနော်တို့ MAINING ပေါ့နော.. သတ္တုတွင်းတူးဖော်တဲ့ လုပ်ငန်းတွေ ကလည်း အရင်ကတည်းကရှိတယ်.. အခု လည်းထပ်ပြီးတော့ အများကြီး.. ဒီလုပ်ငန်းတွေ တိုးချဲ့လာတယ်ဆိုတော့… ဒီ MAINING တွေကနေပြီးတော့မှ လုပ်တဲ့ဟာတွေက ကျနော်တို့ သံလွင်မြစ်ထဲဖက်တွေကို ဒီအဆိမ့်ဖြစ်စေတဲ့ ဒီဓာတုဗေဒ … ဒီ POLUTION ဖြစ်စေတဲ့အရာတွေ ပါသွားနိုင်တယ်။ ဒါပေမယ့် အဲဒါလည်း ကျနော်တို့တိတိကျကျ RESEARCH တွေလုပ်ဖို့ လိုတယ်။ အဲတော့ တကယ် IMPACT ACCESSMENT တွေလုပ်ဖို့လိုတယ်။ ဒါပေမဲ့ စိုးရိမ်ရသလားဆိုတော့ ကျနော်တို့က ပါတ်ဝန်းကျင်ချစ်တဲ့ အဖွဲ့တွေဆိုတော့ စိုးရိမ်တယ်ပေါ့လေ။ ဒါတွေကို လုပ်ဆောင်ပေးစေချင်တယ်ပေါ့လေ
..သေချာ လေ့လာဆန်းစစ်မှုတွေ လုပ်ပြီးတော့မှ ထိန်းကြောင်းပေးဖို့…။
မေး ။ ။ အခုကယားပြည်နဲ့ရဲ့ လက်ရှိ သစ်တောပြုန်းတီးမှုအခြေအနေက ဘယ်လိုရှိပါသလဲ..။
ဖြေ ။ ။ သစ်တော ပြုန်းတီးမှုကတော့ တော်တော် ရှိခဲ့ပြီးသားဆိုတော့ အနာဂတ်မှာ ရှိတော့မယ်တောင် မထင်ဘူး… ပြုန်းစရာ တောကမရှိတော့လို့ နောက်ပြီးတော့ ကျနော်တို့ တောက တော်တော်လေးတော့ လျော့သွားပြီလို့ သိရတယ်ပေါ့နော။
ဒါပေမယ့် ခုနပြောသလိုတိကျတဲ့ DATA လေးတွေနဲ့ကျနော်တို့ ရှိဖို့လိုနေတယ်ပေါ့နော။ အဲဒါကြောင့်မို့လို့ ကျနော်တို့ KAYAH YOUTH FORUM ကနေ တင်ပြတောင်းဆိုမယ့်အချက်ထဲမှာ ပြည်နယ်အစိုးရအနေနဲ့ ကျနော်တို့ ၀က်ဆိုက်ကလေးတခု ထောင်ထားပေးမယ်။ အဲဒီဝက်ဆိုက်မှာ ဒီ ENVIROMENT နဲ့ပါတ်သက်ပြီး တော့မှ DATA တွေကိုပေါ့နော.. ကယားပြည်နယ်မှာ သစ်တောဖုန်းလွမ်းမှုက ဘယ်နှစ်ခုနှစ်ကဆိုဘယ် လောက်ရှိ တယ်။ နောက်သစ်ထုတ်လုပ်မှုက အစိုးရပိုင်းကထုတ်တာရော ကုမ္ပဏီ တွေက အဖွဲ့အစည်း တွေက ထုတ်တာရော သစ်တန်ချိန် ဘယ်လောက်ထွက်ခဲ့တယ်… အဲဒီအတွက် နိုင်ငံတော်က ၀င်ငွေဘယ်လောက်ရ ခဲ့တယ်… အခွန်အခတွေဘယ်လောက်ရတယ်… နောက်ဘယ်လောက်ထိတောက ကျန်သေးတယ်..ဘယ်နေ ရာတွေက မရှိတော့ဘူး… နောက်အစားထိုးပြန်လည်စိုက်ပျိုးပြီး ထူထောင်ထားတဲ့သစ်တောတွေရော ဘယ်လောက်ထိရှိတယ် အဲဒီ DATA တွေကို သတင်းအချက်အလက် တွေကို တိတိကျကျ ကျနော်တို့ အများပြည်သူသိအောင် ပေါ့နော.. TRANSPERENCY ရှိရှိ ချပြပေးဖို့ ပြည်သူတွေအနေနဲ့ ကျနော တို့ တောင်းဆိုမှုတွေလည်းရှိပါတယ်။
မေး ။ ။ အခုကျနော်တို့လွိုင်ကော်မှာမြင်နေရတာက တချို့အမှိုက်တွေက လမ်းဘေးမှာတွေပဲ စုပုံ ထားတာကိုတွေ့နေရတယ်ပေါ့နော.. အဲတော့ သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့့ တခြားအကျိုးဆက်တွေ ဘယ်လိုဖြစ်လာနိုင်ပါသလဲခင်ဗျ။
ဖြေ ။ ။ ဒီအမှိုက်ကိစ္စကတော့ တခြားသောဒေသ တခြားသောနိုင်ငံတွေ နဲ့ယှဉ်ကြည့်ရင်တော့ ကျနော်တို့ ဆီမှာ အရမ်းကြီး မဆိုးသေးဘူးလို့တော့ ကျနော် ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် POPULATION ဒီ လူဦးရေနည်းတဲ့အတွက်လည်း ….
ဒါပေမဲ့ ဘာပဲပြောပြော မြို့နယ်တွေထဲမှာ လွိုင်ကော်ဆိုတော့ အရမ်းဆိုးနေပြီပေါ့ … ဒီအမှိုက်သရိုက်ကိစ္စ တွေက အရမ်းသုံးစွဲနေလို့… ဒါကြောင့်မလို့ လူငယ်အဖွဲ့တွေက တတ်နိင်သလောက် သူတို့ CAMPAIGN လေးတွေလုပ်တာ ပညာပေးလေးတွေလုပ်တယ်... ဒါပေမဲ့ ဟို.. လက်ရှိပြဿနာ ISSUE ကြီးကြီးဖြစ်နေပြီလို့တော့ကျနော်တို့ ပြောလို့မရပေမဲ့ အနာဂတ်အတွက် ကျနော်တို့အခုကတည်းက ကြိုပြင်ထားနိုင်မှ တော်ကာကျမယ်ပေါ့နော.. အဲရောဂါက ဖြစ်လာမှ ကုဖို့က တော်တော်မလွယ်တာဗျ အဲတော့ အခုကတည်းကပြည်သူတွေကို ဒါတွေကိုသိနေဖို့ပေါ့နော။ ဖြစ်နိုင်ရင်တော့ ပလပ်စတစ် အန္တာရယ်ကိုသိ ထားမယ်ဆိုရင်… လိုမှသုံးမယ်ပေါ့နော.. တတ်နိုင် သလောက်လျော့သုံးမယ်။ ..ဖြစ်နိုင်ရင် ဒီအိပ်တခုကို သုံးပြီးပြီဆိုလည်း အကြိမ်များစွာ သုံးမယ် ပြီးတော့စွန့်ပစ်တဲ့အခါ မှာလည်း တကယ့်ကို စနစ်တကျစွန့်ပစ်ကြ မယ်ဆိုရင်တော့ ဒါက ကြိုတင်ကာကွယ်ထားရာ ရောက်တာပေါ့…။ နောက် ကျနော်တို့ ပိုစိုးရိမ်တာကတော့ နောက်ဆိုရင် ကယားပြည်နယ်ဟာ ယိုးဒယာ နဲ့ ထိုင်းနဲ့ နယ်စပ် တံခါးတွေပွင့်သွား မယ်ဆိုရင်လမ်းမကြီး တွေက ပွင့်သွားတော့မယ် ဒါဆိုရင် အရင်တုန်းက မစည်ကားပါဘူးဆိုတဲ့ ကျနော်တို့ရဲ့ဘောလခဲ တို့ လမ်းတလျှောက်ကမြို့နယ်တွေ အရမ်းနဲ့ကိုစည်းကားသွားမယ့် အနေထားမှာပေါ့နော.. ပြီးတော့ သူတို့ ထိုင်းဖက်ကနေကုန်စည်တွေ အများကြီးဝင်လာမယ့် အနေအထား တွေရှိတယ်။ ကျနော်တို့ကျန်းမာရေး အတွက် လည်း သိပ်အထောက်အကူမဖြစ် ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေတဲ့ ဒီ.. အဲလိုပေါ့နော့.. အစားအသောက်တွေ ကျနော်တို့ခေါ်တာတော့ (junk food) အမှိုက်သရိုက်အစားအစာတွေ အများကြီးဝင်လာတော့မှာ ကျနော်သိတယ်။ အဲတော့ အဲဒါတွေဝင်လာရင် အဲဒါနဲ့အတူ ကျန်းမာရေးနဲ့အတူ ကျနော်တို့ပတ်ဝန်းကျင်ကို အမှိုက်သရိုက် တွေက အရမ်းကြီးထိခိုက်လာနိုင်တယ် အဲဒါကြောင့် မို့လို့ အခုကတည်းက ကျနော်တို့ ကြိုတင်ပြင်ဆင် ထားနိုင်မှ တော်ကာကျမယ်.. လို့ကျနော်တို့မြင်ပါတယ်။
မေး ။ ။ အခုကယားပြည်နယ်ထဲမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအများဆုံးနေရာက ဘယ်နေရာလဲ..
ဖြေ ။ ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအများဆုံးဆိုရင်တော့ ပြည်နယ်ထဲမှာတော့ ကျနော်တို့က တခြားဒေကတွေလို ကြီးမားတဲ့ အရမ်းကြီးမားတဲ့ ဟိုစာပေါ့နော.. စက်မှုဇုံ တွေတော့ ကြီးကြီးမရှိသေး တဲ့အတွက် IMPACT တော့ ကျနော်တို့မှာတော့ ပြောစရာ ပြစရာတော့ သိပ်မရှိပါဘူး။ ကျနော်တို့ စိုးရိမ်တာ တော့ MINGING တွေပါ သတ္တုတွေ တူးနေတဲ့လုပ်ငန်းတွေက အဲဒီဒေသတွေမှာ တော်တော်တော့ ကြီးနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ခက်တာက အဲလုပ်ငန်းတွေကြောင့် ဘယ်လောက် ဒီ ENVIROMENT
အပေါ်မှာ ဘယ်လောက် ထိ သလဲ SOCIETY လူမှု အသိုင်းအဝိုင်းမှာ ဘယ်လောက် IMPACT ဖြစ်သလဲ ဆိုတာကိုကျနော်လည်း စိတ်ဝင်စားတယ်ခင်ဗျ။ ဒါပေမဲ့ တခြားလေ့လာနေတဲ့ အဖွဲ့အစည်းတွေ ရှိမလားတော့ မသိဘူး။ ကျနော့်မှာတော့ အဲဒီ DATA လေးတွေ အားနည်းနေတဲ့အတွက် အတိကျတော့ မပြောနိုင်ဘေူး သေချာတာကတော့ အဲလိုတူးဖော်တဲ့လုပ်ငန်းတွေများရင် အဲဒီအကြီးကျယ်လုပ်တဲ့ ဒေသမှာတော့ ..IMPACT ကတော့ ပိုပြီးရှိနိုင်မယ်လို့ထင်တယ်။ တောပြုန်းမှုတွေပေါ့.. အနည်းဆုံး….။
မေး ။ ။ နောက်ပြီးတော့ ဒီ ဘီလူးချောင် ချောင်းရေထဲမှာ အင်းလေးက စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုတဲ့ ပိုးသတ်ဆေး တွေပါလာတယ်လို့ သိရတယ်ခင်ဗျ။ အဲဒါကြောင့် ဒေသခံတွေ သောက်သုံးရေကို ထီးစခန်း ကနေ သွယ်ယူလာဖို့ လွတ်တော်အမတ်တွေက လွှတ်တော်မှာ တင်ပြဖူး တယ်လို့သိရတယ်ခင်ဗျ။ အဲဒါနဲ့ပါတ်သက်ပြီးတော့ရော့ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ…။
ဖြေ ။ ။ အင်းလေးကန်မှာတော့ ကျနော်ပိုးသတ်ဆေးတွေ သုံးတာ များတာတော့ ကျနော်သိတယ်ခင်ဗျ လက်လည်းလက်ခံပါတယ်။ ဒါပေမဲ့ ကျနော်တို့ အင်းလေး..ကန်ရဲ့ ရေထဲက ရှိတဲ့ ညစ်ညမ်းမှုပေါ့နော… ပိုးသတ်ဆေးအဆိပ့် အကြွင်းအကျန်တွေကိုလည်း တိုင်းတာကြတဲ့ သုတေသန တချို့ရှိတော့ အဲဒါကိုတော့ လက်ခံလို့ရပေမယ့် ဒီစီးလာတဲ့ လမ်းကြောင်းကရှည်တော့ နောက် ရေစီးကလည်း အရမ်းမသန်တော့ ဘီးလူးချောင်း တို့ဘာတို့… ဒီ… သူက ဖယ်ခုံအင်း မိုးဗြဲအင်းကနေ တဆင့်လာရတာဆိုတော့ ဘီးလူးချောင်း ထဲထိ ဘယ်လောက်ပါလာသလဲပေါ့ ဘာလို့လဲဆို လမ်းကြောင်းက နည်းနည်းရှည်တယ်ဆိုတော့.. တချို့ကလည်းအောက်မှာ အနည်ကျသွားတော့ ..ဖယ်ခုံအင်းတို့ရဲ့ အောက်မှာ ကျန်ခဲ့ရင်ကျန်ခဲ့မှာပေါ့ ဆိုတော့ ဒီလောက်ထိပိုးသန့်ဆေး အကြွင်းအကျန်တွေက ဘီလူးချောင်းထဲထိ ပါလာသလားပေါ့။ နောက်တခုကလည်း အင်းထဲက ပါလာတာထက်ပိုပြီးတော့ အဆိပ်အတောက် ပစ္စည်းတွေပါတယ်ဆိုရင်တောင် ပိုပြီးများနိုင်တာက ကျနော်တို့ရဲ့ ..ဘာလဲ…. မိုးဗြဲနားလေးကနေစပြီး တဝိုက်ပေါ့ နော.. ဘုရားဖြူ၊ ဖောင်းတော အဲ… အဲဒီစိုက်ကွင်းတွေ ဘေးနားမှာရှိတာကော.. ဘီလူးချောင်းဘေးက အဲဒီစိုက်ခင်းတွေလည်း ၀င်လာတဲ့ပိုးသတ်ဆေးတွေကနေ ပိုပြီးတော့ ဖြစ်နိုင်ခြေများတာပေါ့ အင်းလေးမှာ သုံးလိုက်တဲ့ ပိုးသတ်ဆေးက တော့ အင်းလေး ရဲ့ ဇကာအင်းဖယ်ခုံ အင်းလောက်မှာ အနည်ကျတဲ့ဟာလည်း ကျသွားမှာပေါ့။ ဒါပေမဲ့ ဘယ်လောက်ထိ ဒီအထိ စီးမျှောလာလဲဆိုတာကိုတော့ ကျနော်တို့ ဘီလူးချောင်းရေကို သေချာဓါတ်ခွဲစမ်း သပ်ဖို့တွေလိုပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူကို ဒီရေနဲ့ ပြန်ဖြန့်တယ်ဆိုတော့။ ကျနော့အထင်တော့ ဒီစည်ပင်တို့ဘာတို့ ဒီ ရေဖြန့်ဖြူရေးအဖွဲ့ကလည်း ဒါကို အရမ်းအန္တာရယ်မရှိလို့ ဒါကိုဖြန့်နေတာလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အဲလိုပဲ ဘီလူးချောင်းရေးက ဘယ်လောက်ထိသန့် သလဲဆိုတာကိုတော့ တိကျတဲ့ DATA လည်း ကျနော့်မှာမရှိတဲ့အတွက် … ဒါကိုလည်း ကျနော်တို့ပြောဖြစ်ကြ ပါတယ်..။
မေး ။ ။ ပြည်နယ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပြီးတော့ ဘိလပ်မြေစက်ရုံတို့ဆောက်ဖို့၊ ခနောက်စိမ်းစက်ရုံတို့ဆောက်ဖို့ စီမံကိန်းတွေ အများကြီးဝင်လာနေတာကို လူထုတွေက ကန့်ကွက် နေကြတယ်ပေါ့နော ပြီးတော့ ဒီ ဖိုရမ် စတဲ့နေ့မှာ စီမံကိန်းတွေကိုကန့်ကွက်တဲ့အပေါ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ကန့်ကွက်ကြဖို့ ခြေခြေမြစ်မြစ်ရှိကြဖို့လိုတယ်လို့ ဝန်ကြီးက ပြောတယ်ခင်ဗျ။ အဲဒါ ဆရာတို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ သုတေသနပြုပြီးတော့ စမ်းသပ်ဖို့ လုပ်ငန်းတေ မရှိဘူးလား။
ဖြေ ။ ။ အဲဒါကလေ ကျနော်တို့ ပညာရှင်လည်းလိုပါတယ်ခင်ဗျ။ ဒီ EIA သဘောမျိုးတွေပေါ့နော။ ENVIROMENTAL IMPACT ACCESSMENT လုပ်ဖို့ပေါ့နော။ SOCIAL IMPACT ACCESSMENT လုပ်ဖို့တွေ.. ပညာရှင်လည်းလိုတဲ့အတွက် ကျနော်တို့က အဲဒါ အစိုးရဖက်ကို တောင်းဆိုချင်တာက အဲဒီလုပ်ငန်းတွေကို မလုပ်ခင်မှာ ဘယ်လိုလုပ်မှာလဲ ဘယ်လောက်ကြီးမှာလဲပေါ့နော။ ဆိုတော့ အဲဒီလုပ်ငန်းကလည်း တက်လာနိုင်တဲ့ IMPACT ကလည်းဘယ်လောက်ရှိလဲ ရမယ့်အကျိုးကျေးဇူးက ဘယ်လောက်လဲ။ ထိမှာ နစ်နာမှာနဲ့ ရမည့်အကျိုးကျေးဇူးနဲ့ယှဉ်ပြီးတော့ ကျနော်တို့ လုပ်သင့်လား မလုပ်သင့်လားဆိုတာကို ပြည်သူတွေကဆုံးဖြတ်ပါလိမ့်မယ်။ ဆိုတော့ အဲဒီအဖြေမရှိပဲနဲ့ကို… ကျနော်တို့ခုနရှေ့ကပြောခဲ့သလို အထောက်အထား အရမ်းကြီးမခိုင်လုံပဲနဲ့ မလုပ်နဲ့လို့ ကျနော်တို့ ခရီးဆက်မယ်ဆိုရင်လည်း ကျနော်တို့ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားသလို နောက်ပြန်ဆွဲသလိုလည်း ဖြစ်နေမှာပေါ့လေ။
အကယ်၍ထိခိုက်နှစ်နာမှုက အရမ်း မပြောပလောက်အောင်နည်းပြီးတော့ ကျနော်တို့ ဒေသအတွက် တိုင်းပြည်အတွက် အကျိုးအမြတ် တွေအများကြီးရမယ်လုပ်ငန်းဆိုတော့ ကျနော်တို့ ဟိုစာ လုပ်သင့်တာပေါ့။ ဒါကြောင့်.မို့လို့EIA .. SIA လုပ်ဖို့ အစိုးရကနေပြီးမှ လာလုပ်မည့် လုပ်ငန်းကုမ္ပဏီတွေကို တွန်းအားပေးဖို့ EIA လုပ်ပါ EIA REPORTပေးပါ။ ပြီးတော့ ပြည်သူတွေကိုချပြပေးပါ။ ဒါမှ ကျနော်တို့ ဒီဟာကိုကြည့်ပြီးတော့ ဒါလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ..ပြည်သူတွေကဆုံးဖြတ်ရတော့မှာပါ။ ဒီမိုကရေစီခေတ်ကြီးမှာတော့ ဒီလို စပြီးသွားရတော့မယ်ပေါ့နော။ ပြည်သူတွေ ၊ ကျနော်တို့လူငယ်တွေအတွက်က ဘယ်လောက် ထိလုပ်နိုင်မလဲဆိုတော့ စောင့်ကြည့်တဲ့အပိုင်းတော့ ကျနော်တို့လုပ်နိုင်ပါတယ်။ ဘယ်လုပ်ငန်းတွေ ကတော့ဖြင့် စည်းကမ်းဖောက်နေသလိုပဲ ဘယ်လုပ်ငန်းတွေကတော့ဖြင့် ပတ်ဝန်းကျင် ကိုအရမ်းထိခိုက်အောင် နစ်နာအောင် လုပ်နေသလိုပဲဆိုတာကို ကျနော်တို့ စောင့်ကြည့်တာလေးတော့လုပ်နိုင်တယ်။ ထောက်ပြတာ လေးတော့လုပ်နိုင်တယ်။ အထူးသဖြင့်အဲဒါကို တိတိကျကျစုံစမ်း ဖို့ စစ်ဆေးဖို့လိုရင်တော့ကျနော်တို့အစိုးရ ဌာန တွေကိုတင်ပြရမှာပါ။
မေး ။ ။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့နေရာမှာ ပိုပြီးတော့ ထိရောက်အောင် ဘယ်လိုတွေလုပ်စေချင်ပါသလဲ၊ ဘယ်လိုလုပ်သင့်ပါသလဲ ဘယ်လိုတွေလုပ်ရမှာပါလဲခင်ဗျ။
ဖြေ ။ ။ အခုကျနော်တို့အားလုံးမျော်လင့်နေတာကတော့ ပထမအဆင့်ကတော့ မြန်မာနိုင်ငံရဲ့ ENVIROMENTAL LAWS ကအရမ်း ကောင်းဖို့လိုပါတယ်။ အရမ်းကိုတိတိကျကျနဲ့ ခိုင်ခိုင်မာမာနဲ့ ရှိဖို့လိုပါတယ်။ ဒါမှ သာလျင် မကြာခင်ဝင်လာမည့် နိုင်ငံခြားရင်းနီးမြုပ်နံမှုတွေကလည်း အများကြီးလာ တော့မယ်ဆိုတော့ အဲဒီအပေါ်မှာ ကျနော်တို့က ဥပဒေရှိမှသာလျင် ဒါကို စနစ်တကျကိုင်တွယ်ပြီး တော့စီမံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပထမအချက်ကတော့ ကျနော်တို့ ENVIROMENTAL LAWS ကိုအရမ်းကောင်းစေချင်ပါတယ်။ LAWS ရှိရုံနဲ့လည်းမပြီးဘူး LAWS AND FORCEMENT ပေါ့။ အဲဒီ LAWS အတိုင်း တကယ် ထိထိရောက်ရောက်အရေးယူဆောင်ရွက်တာလည်းရှိဖို့.. အဲချိန်မှာ ပြည်သူတွေမှာ လည်းတာဝန်ရှိတယ်။ ပြည်သူတွေကလည်း EVIROMENTAL AWARENESS ဆိုတဲ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ပါတတ်သက်တဲ့ အသိပညာဗဟုသုတ .. ဘာလုပ်ရင် ဘယ်လိုထိမယ်… ဘာလုပ်ရင်တော့မထိခိုက်ဘူး… ဆိုတဲ့ စစ်မှတ်တဲ့ ဗဟုသုတတွေတော့့ရှိနေဖို့လိုတယ်။ ဟိုကြောက်စရာမလိုတဲ့ဟာကိုလည်း အရမ်းကြီး ဇွတ် ကြောက်ပြီးစိုးရိမ်နေမယ်ဆိုရင် ကျနော်တို့ ဖွံ့ဖြိုးမှုတွေ အရမ်းနောက်နှေးသွားနိုင်တယ် ။ ဆိုတော့ ဒါပေမဲ့ ကြောက်ရမယ့် ဟာကိုလညး် ကြောက်ဖို့လိုတယ် ဒါတွေ လုပ်ရင်တော့ ဒီလိုထိခိုက်မှာပဲ ဆိုတာကို ပြည်သူတွေကသိတယ်ဆိုရင် ဘယ်သူလုပ်တယ်။ ဘယ်လိုလုပ်နေတယ်၊ အကယ်၍ မသေချာသေးရင်တော့ မသေချာတဲ့ စကားနဲ့ပဲပြောဖို့လိုတယ်။ အရမ်းကြီးစွတ်ပြီးပြော လိုက်လို့ လည်းမရဘူး။ ဒါဆိုရင် ကျနော်တို့ သံသယ ရှိလာပြီဆိုတဲ့အဆင့်မှာ သေချာစုံစမ်းဖို့ စစ်ဆေးဖို့ ACCESSEMENT တွေလုပ်ဖို့ RESEARCH တွေလုပ်ဖို့ လိုပြီလားပေါ့နော..အဲဒါတွေ ပြည်သူဖက်ကလည်းအသံတွေတက်လာဖို့လိုပါတယ်။ ကျနော့်အနေ နဲ့ ပေါ့နော.. နောက်တခုကတော့ မြန်မာနိုင်ငံမှာ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ သစ်တော ၀န်ကြီးဌာနမှာပေါ့နော.. ENVIROMENTAL နဲ့ပါတ်သက်တဲ့ Consultation နဲ့ပါတ်သက်တဲ့ဌာနကို သေချာမြန်မြန်လေးပေါ့နော့ ၀န်ထမ်းအရေးအတွက် လောက်လောက်ငှငှနဲ့ တကယ်လုပ်ငန်းတွေကိုစပြီးတော့ မှဆောင်ရွက်ဖို့နောက်ပြီးတော့ ဒေသခံဒီလိုလူငယ်အဖွဲ့တွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ရှားတဲ့အဖွဲ့တွေကိုလည်း လက်တွဲပူးပေါင်း အားပေးကူညီဖို့ အဲဒါတွေအများကြီးလိုပါတယ်။
မေး ။ ။ ဟုတ်ကဲ့ခင်ဗျ ပြီးတော့ ဒီ်FORUM နဲ့ပါတ်သက်ပြီးတော့ ဘယ်လိုရလဒ်တွေထွက်လာမလဲခင်ဗျ။
ဖြေ ။ ။ ဒီYOUTH FORUM ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ လူငယ်တွေ ကျနော်တို့လာဆုံကြတယ်။ ခေါင်းစဉ်တွေကတော့ ဒါ ယျေဘုယဆန်တဲ့ခါကျတော့ အများကြီးပဲ ဆိုတော့ ကျနော်တို့ အဲမှာ ကဏ္ဍအလိုက်ဆွေးနွေး ကြတယ် ဆွေးနွေးတဲ့ဟာတွေပေါ်မှာ ကျနော်တို့ အစိုးရပိုင်းကို ကျနော်တို့ ဖြစ်စေချင်တာတွေကိုလည်းတင်ပြမယ်။ ဒါတွေလုပ်ပေးပါ… တချို့ကလည်း ပုဂ္ဂလိက စီပွားရှင်တွေကို ပြောချင်တဲ့စကားတွေပါမယ်။ တချို့က အရပ်ဖက် ပြည်သူအဖွဲ့အစည်းတွေပါမယ်။ NGO တွွေတို့ အဖွဲ့တွေကိုတင်ပြတာတွေရှိမယ် ။ တချို့ကတော့ ဒီလူငယ်တွေထလုပ်ရမယ်ဟာတွေ ACTION တွေရှိပါတယ်။ အဲဒါလေးတွေထွက်လာမယ်။
မေး ။ ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပါတ်သက်လို့ကော ဆရာ့အနေနဲ့ ဘာများထပ်ဖြည့်စွက် ပြောချင်ပါသေးလဲချင်ဗျ။
ဖြေ ။ ။ သဘာဝပတ်ဝန်းကျင်မှာတော့ အထူးသဖြင့်တော့ ကယားပြည်နယ်မျာတော့ ကျနော်တို့က သစ်ထုတ်လုပ်မှုကိုအရမ်းအားပြုတဲ့ လုပ်ငန်းလေးကိုတော့ နည်းနည်းထိန်းစေချင်တယ်။ နောက် သစ်တောပြန် လည်ထူထောင်ရေး ထိန်းသိမ်းရေးတွေကိုလည်း ဦးစားပေးပြီးတော့ များများလုပ်စေချင်တယ်။ တခြားဟို ဓာတုဗေဒ အဆိပ့်သင့်တဲ့ကိစ္စ ကတော့ ကျနော့အထင်တော့ကယားပြည်နယ်မှာတော့တအားကြီး ကြီးကြီးမား မား မရှိလောက်သေးဘူး.ပေါ့နော။ နောက်တခုက ပြည်သူ တွေက အခုကတည်းက ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ပါတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကြွယ်ဝနေဖို့လိုနေတယ်ပေါ့နော။ အဲဒါလေးတွေ ပြောချင်ပါတယ်။