မြန်မာ - ထိုင်း နယ်စပ်ဂိတ်စခန်း လေးခု နိုင်ငံတကာအဆင့်မီ ဖွင့်လှစ် လိုက် သော်လည်း ခရီးသွားများ အဆင်ပြေမှုမရှိသေးဘဲ နှောင့်နှေးကြန့်ကြာနေသေးကြောင်း တာချီလိတ်ရောက် ဧည့်လမ်းညွှန် များက ပြောပါသည်။
“အခုက တတိယ နိုင်ငံသားမပြောနဲ့ ထိုင်းနိုင်ငံသားတောင်မှခက်တယ်။ မြန်မာနိုင်ငံသွား လည်ပတ် ချင်ရင်
ထိုင်းနိုင်ငံ မြောက်ပိုင်းသားတွေ ချင်းမိုင်မှာဘဲ ဗီဇာတောင်းနိုင်ဖို့ တောင်းဆိုထားတယ်။ သူတို့လဲ
ဘန်ကောက်မြန်မာသံရုံးက မြန်မာဗီဇာ မရထားရင် ကြိုက်တဲ့အပေါက်နေ ဝင်ထွက်သွားလာလို့မရသေး
ဘူး။ မြန်မာနိုင်ငံသားလဲ အဲဒီလိုဘဲ။ ထိုင်းနိုင်ငံအနှံ့သွားလည်ချင်ရင် ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံးကို ဗီဇာ
တောင်းမှ သွားလို့ရတယ်။ အခု တာချီလိတ်မှာရှိတဲ့ ဆာဝတီ တိုး ကုမ္ပဏီက အေးဂျဲန့်လုပ်ပေးနိုင်ဖို့ ပြင်ဆင်
ထားတယ်” - ဟု ခရီးသွားလမ်းညွှန် စိုင်းဝင်းတစ် က သျှမ်းသံတော်ဆင့်သို့ပြောသည်။
ဩဂတ်စ် ၃၀ ရက်နေ့က ကျိုင်းတုံ - တောင်ကြီး - အင်းလေး - ပုဂံ ဘက် သွားရောက်လည်ပတ်ရန် မယ်ဆိုင်
ဘက်မှ ရောက်ရှိလာသည့် ဩစတေးလျ (၁) ၊ ကနေဒါနိုင်ငံသား(၂) ၊ စုပေါင်းသုံးဦး(၃)မှာ ဆိုက်ရောက်ဗီဇာ
တောင်းခံ၍ မရခဲ့ကြောင်း ပြောပါသည်။
“ကျနော်တို့တတွေက လောဝ် (Lao) ဘက်သွားလည်ပြီး ပြန်လာတာ။ နိုင်ငံတကာအဆင့်မီ VOA (visa on
arrival) ဆိုက်ရောက်ဗီဇာ နဲ့ မြန်မာနိုင်ငံကို သွားချင်တာလေ၊ ဒါကို ဘန်ကောက်ပြန်ပြီး မြန်မာသံရုံးက
ပြည်ဝင်ခွင့်ဗီဇာ ယူရမယ်ဆိုတော့ ခက်သွားဒါပေါ့။” - ဟု ကနေဒါနိုင်ငံသား Mr. Stephen က ပြောသည်။
နေပြည်တော်အစိုးရ မစတင်မီက တာချီလိတ်မြို့ မယ်ဆိုင်ဂိတ်တွင် ဝင်ထွက်နိုင်ကြောင်း၊ နေပြည်တော်
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ကက ကြည်း (ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) ) ထံ ရက် (၂၀)
ကြိုတင်၍ အထူးဗီဇာ တောင်းခံကာ တာချီလိတ်မှ တဆင့် မန္တလေးတံတားဦး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ် တို့မှ ထွက်ခွါသွားနိုင်ကြောင်း စိုင်းဝင်းတစ်ကပြောပါသည်။
ယခု နိုင်ငံတကာအဆင့်မီ ဖွင့်လိုက်သည့် မြန်မာ - ထိုင်းနယ်ခြား ဂိတ်သည် ဗီဇာရထားသည့် နိုင်ငံခြားခရီးသွား
များအား နယ်ခြားဂိတ်ဖြတ်သန်းမှု ပြ တံဆိပ်တုံးရိုက်ခွင့် အာဏာ သာ ရရှိထားသေးကြောင်း ထိုင်း၊ မြန်မာ
လုံခြုံရေးအရာရှိများနှင့် ရင်းနှီးသည့် မယ်ဆိုင်မြို့နေ ဦးစိုင်းမုန့်က ပြောသည်။
ဩဂတ် ၂၈ ရက် ၂၀၁၃ က မြန်မာ - ထိုင်း အရာရှိများက နှစ်နိုင်ငံနယ်ခြားဂိတ်များဖြစ်သည့် တာချီလိတ် -
မယ်ဆိုင်၊ မြဝတီ - မဲဆောက်၊ ထီးခီး - နမ့်ဖုရွန့်၊ ကော့သောင်း - ရနောင်း မြို့ ဂိတ်များအား တပြိုင်နက်ဖွင့်လှစ်
ကြောင်း ထိုင်းနိုင်ငံရုပ်မြင်သံကြားများမှအပြင် မြန်မာသတင်းဌာနများက ထုတ်ပြန်ခဲ့သည်။