မလေးရှား အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကော့ချီက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိ်မ်းကစားကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။
ကော့ချီမှာမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောလူမျိုးရေး ပဋိပက္ခဖြစ်စဉ်များကြောင့်နေပြည်တော် ဆီးဂိမ်းအတွက် လုံခြံုရေးစိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သူဖြစ်ပြီး ယခုအခါပြိုင်ပွဲကျင်းပရန်သုံးလအလိုတွင် စိုးရိမ်မှု မရှိတော့ဟု
ပြန်လည် ပြောဆိုခဲ့ကြောင်း မလေးရှားသတင်းစာ The Star တွင် ဖော်ပြထားသည်။
“ဆီးဂိမ်းကျင်းပမယ့်ကစားကွင်းတွေ အားလုံးအသင့်ဖြစ်နေပါပြီ။ တည်ဆောက်ထားတဲ့ပုံစံတွေနဲ့ အသုံးအဆောင်တွေက တကယ့်ကိုအထင်ကြီးစရာပါ။ ဖွင့်ပွဲလုပ်မယ့် ကစားကွင်းကြီးကလည်း ဧရိယာအလွန်ကျယ်ပြီး ကမ္ဘာ့အဆင့်မီ ကွင်းကြီးပါ။အစောပိုင်းကမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကြောင့် ကျွန်တော်တို့ စိုးရိမ်ခဲ့ပေမယ့် မြန်မာအိုလံပစ်ကော်မတီရဲ့ပြင်ဆင်ထားမှုကြောင့် မစိုးရိမ်တော့ပါဘူး” ဟုု ကော့ချီက ဆိုသည်။
မြန်မာနိုင်ငံတွင်နှစ်ပေါင်း ၄၄ နှစ် အတွင်းအိမ်ရှင်အဖြစ် တတိယအကြိမ်မြောက် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင် အားကစားနည်း ၃၃ မျိုးပါ၀င်လာမည်ဖြစ်ပြီး မလေးရှားနိုင်ငံမှကစားနည်း ၃၀ မျိုး အတွက် ကစားသမား ၅၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မလေးရှားအားကစားအဖွဲ့များ နေပြည်တော်သို့ တိုက်ရိုက်လာရောက်မည်။ မလေးရှားအားကစားအဖွဲ့ အနေဖြင့် မလေးရှားမှ နေပြည်တော်သို့တိုက်ရိုက် လေကြောင်းခရီးဖြင့်လာရောက်ရန် စီစဉ်ထားကြောင်းလည်း အားကစား ၀န်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဋ္ဌေးအောင်ကမဇ္စျိမသို့ ပြောသည်။
“မလေးရှားကနေပြည်တော်ကိုတိုက်ရိုက် လေကြောင်းလိုင်းနဲ့လာဖို့စီစဉ်ထားပါတယ် ကျွန်တော်တို့ဘက်က လည်း လိုုတာအားလုံး စီစဉ်ပေးဖို့ပြောထားပြီး လုံခြံုရေးကိုလည်း အပြည့်ပေးမှာပါ။” ဟုဦးဋ္ဌေးအောင်က ဆိုသည်။
၂၀၁၃နေပြည်တော် ဆီးဂိမ်းကို နေပြည်တော်တွင်ကစားနည်း ၂၇ မျိုး၊ ရန်ကုန်မြို့တွင် ခြောက်မျိုး၊ မန္တလေးမြို့ တွင် တစ်မျိုး၊ပုသိမ်တွင်တစ်မျိုး လက်ခံကျင်းပမည် ဖြစ်သည်။မလေးရှား အားကစားအဖွဲ့ အနေဖြင့် ပြိုင်ပွဲပေါင်း ၄၆၀ ၀င်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၄၀ ခန့်မျှော်လင့်ထားကြောင်းလည်း The Star သတင်းစာတွင် ဖော်ပြ ထားသည်။