သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်ဖွဲ့အကြား ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဘက် ကျဆုံးမှုရှိကြောင်း ဒေသခံများပြောပြချက် အရသိရ ပါသည်။
“မိုင်းပန်တပ်လဲပါတယ်။ မိုးနဲ လင်းခေး ဘက်က လာတဲ့တပ်လဲပါတယ်။ အင်အား ၂၀၀ ကျော်ပါတယ် တဲ့။ ကားပေါ်ဆင်းတာနဲ့ တောထဲဝင်တာ။ သေနတ်သံတော့ မနက် ၁၀ နာရီကျော်ကနေ မွန်းတည့် ပိုင်း လောက်အထိဘဲ” - ဟု မိုင်းပန်သား စိုင်းနော်ဟန် က ပြောပါသည်။
သြဂတ်စ် ၂၂ ရက်နေ့ နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် အစိုးရတပ် စစ်ကြောင်း တကြောင်းက မိုင်းပန်မြို့တောင်ဘက် သျှမ်းပြည်တပ်မတော် အခြေစိုက်လှုပ်ရှားရာ နောင်လေကျေးရွာ အုပ်စု ဟွေ့စွဲ နှင့် နားမွန် ရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် အစိုးရတပ် ဘက် ၄ ဦး သေဆုံးကြောင်း၊ သျှမ်းပြည်တပ်မတော် ဘက်တွင်လဲ နှစ်ယောက်ထက်မနည်း ဒဏ်ရာရပြီး တဦးသေ ဆုံးကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး မကြာမီ မိုးနဲ၊ လင်းခေး မှ တပ်များလည်း အင်အားထပ်ဖြည့်လာ ကြောင်း နီးစပ်သည့် ပြည်သူ့ စစ်တပ်သားတဦးက ဤကဲ့သို့ ပြောပါသည်။
“မသွားပါနဲ့ အဲဒီဘက် သျှမ်းတပ်တွေရှိတယ်လို့ ကျနော်တို့ပြောတယ်။ ဒါပေမယ့် သူတို့က - ငါတို့က နိုင်ငံတော်တပ်မတော်ရဲ့ စစ်ကြောင်းဘဲ။ နေရာတိုင်းသွားလို့ရတယ်- လို့ပြောပြီးသွားတယ်လေ။ မကြာပါ ဘူး တိုက်ပွဲသံကြားတော့တာဘဲ”
မိုင်းပန်မြို့တောင်ဘက် နောင်လေ ကျေးရွာအုပ်စုသည် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင် များမကြာခန အခြေချလှုပ်ရှားလေ့ရှိကြောင်း၊ ယခုနှစ် သျှမ်းပြည်အမျိုးသားနေ့အားလည်း သျှမ်းပြည် တပ်မတော်မှပင် ဦးဆောင်၍ခမ်းခမ်းနားနားကျင်းပခဲ့ကြောင်း သိရသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်ထား၏။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ ပဏာမအဆင့်အပစ်ရပ်စဲ ပြီးနောက်ပိုင်းတိုက်ပွဲ ပေါင်းအကြိမ် ၁၂၀ ထက်မနည်းဖြစ်ပွားခဲ့သည်ဟု RCSS/SSA ပြန်ကြားရေးရုံးက အရာရှိများက ဆို သည်။