ရန်ကုန်မြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီနှင့် သျှမ်းလူမှုအဖွဲ့အစည်း သျှမ်းနိုင်ငံရေးပါတီများ စု ပေါင်းဖွဲ့စည်းလိုက်သော သျှမ်းလူဦးရေကောက်ယူမှုကော်မတီက ရန်ကုန် တိုင်းဒေသကြီးအတွင်း နေ ထိုင်သော သျှမ်းလူဦးရေစာရင်း ကောက်ယူနေပါသည်။
“သြဂတ်စ်လ ၂၀ ရက်နေ့ မနေ့က စပြီးကောက်နေတယ်။ ရန်ကုန်တိုင်းဒေသမှာ သျှမ်းလူမျိုး ဘယ်လောက်ရှိလဲ သိရအောင်လို့။ နောက်တခု နာမည်ရှေ့မှာ ဗမာလိုဖြစ်နေတဲ့ ဦး-ကို-မောင်-မ အစား သျှမ်းအသွင်ဆောင်တဲ့ စိုင်း-လုံး-နန်း-ပါ တို့ကိုပြောင်းနိုင်ဖို့ပါ။ သျှမ်းဖြစ်ပြီး မှတ်ပုံတင် မှာတခြားလူမျိုး နာမည်ဖြစ်နေတာကို သျှမ်းလူမျိုးအဖြစ်ပြန်ပြောင်းနိုင်ဖို့ပါ” ဟု ကော်မတီဝင်လူငယ် စိုင်းလျဲန်း ကပြောသည်။
လူဦးရေကောက်ယူရေးကော်မတီကို ယခုလ ၁၇ ရက်နေ့ကရန်ကုန်မြို့ ကိုးမိုင် သျှမ်းကျောင်းတွင် ဖွဲ့ စည်းလိုက်ပြီး ၂၀၁၄ လူဦးရေစာရင်းမှတ်တမ်းတင်ရေးအမှီ သျှမ်းလူဦးရေအမှန်အကန် ပါ၀င်ဖို့ရည် ရွယ်ကြောင်း ဆိုပါသည်။
ရန်ကုန်တိုင်းအတွင်း သျှမ်းလူဦးရေကောက်ယူဖို့အတွက် စစ်တမ်းကော်မတီ ဥက္ကဌမှာ စိုင်းကျောက် တစ်၊ ဒုဥက္ကဌမှာ စိုင်းမုခ်၊ စိုင်းယီ နှင့် အတွင်းရေးမှူး နန်းစောအုံတို့က ကော်မတီဝင် ၁၁ ဦးပါအဖွဲ့အား ဦးဆောင်ကာ စတင်စစ်တမ်းကောက်ယူနေခြင်းဖြစ်ပါသည်။