စေတနာလွန်ကဲမှုဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခိုင်းသည့်အပေါ် ဒေသခံများမကျေနပ်

စေတနာလွန်ကဲမှုဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခိုင်းသည့်အပေါ် ဒေသခံများမကျေနပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတဦးအားတောင် သူလယ်သမားများပေါ် ကူညီရိုင်းပင်းမှုကို‘စေတနာလွန်ကဲမှု’ ဟုဆိုကာ  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှ တာဝန် ရပ်နားခိုင်း လိုက်ကြောင်း ဒေသခံများက ပြောပါသည်။

“ဂျူလိုင် ၁၅ ရက်နေ့တုန်းက ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဆိုင်လေး ကျေးရွာအုပ်စုအတွင်း ကျောင်းဖွံ့ဖြိုးရေး အတွက် အလှူ ငွေလာထောက်ပံ့သွားတယ်။ အဲဒီမှာ သူက ကျနော်တို့ အုပ်စု အုပ်ချုပ်ရေးမှူး စိုင်းအောင်ဝင်းကို အလုပ်ဖြုတ် လိုက်ပြီလိုပြောတယ်။ ‘သူက စေတနာ လွန်ကဲလို့’ ဖြုတ်လိုက်တာပါလို့ ကို ပြောသွားတယ်” - ဟု ဆီဆိုင်မြို့နယ်မှ စိုင်းနော်ငင်းက ပြောသည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသည့် ဆီဆိုင်မြို့နယ် ဆိုင်လေး ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးရပ်နားခံရမှုပေါ် မကျေနပ်သောကြောင့် ၂၀၁၃ ဂျူလိုင် ၂၄ ရက်နေ့ တွင် တောင်ကြီးမြို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေးမြန်းခဲ့ ကြောင်း တောင်ကြီးရောက်ခဲ့သည့် ဒေသခံ စိုင်းကျော်က ဤကဲ့သို့ ပြောသည်။

“ပြီးခဲ့တဲ့လ ၂၄ ရက်နေ့တုန်းက စိုက်ပျိုးရေးဘဏ်မှာ ချေးငွေသွားထုတ်ရင်း လယ်သမားတွေက ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားမေးတယ်။ စေတနာလွန်ကဲမှု ဆိုတာဘာလဲ။ ဘယ်ဥပဒေ ပုဒ်မမှာပါသလဲ စသဖြင့် ပေါ့။ လူတွေက တအားများတော့ တာဝန် ခံတွေကလန့်သွားတာ။ အကြောင်းရင်းကို မေးပြီး နေ ရပ်ကို အေးဆေး ပြန် ဖို့ ပြော တယ်။ အိမ်ပြန်ရောက်ပြီး ဘယ်လောက်မှ မကြာဘူး၊ အမှတ် ၁ ရဲစခန်းက ကျေးရွာအုပ်ချုပ်ရေးမှူး ရွေး ကောက် တင်မြှောက်ရေး ကော်မတီ ၅ ဦးကို ထပ်ဆင့်ခေါ် တယ်။ တောင်ကြီး ရောက်တော့ ဖမ်းမိန့်ကျလာလို့တဲ့ဗျာ” - ဟု စိုင်းကျော်က ပြော၏။

၂၀၁၃ ဩဂတ်စ် ၄ ရက်နေ့ တွင် တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်း မှ ဆီဆိုင်မြိုနယ် ဆိုင်လေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင် ၅ ဦးအား ဆင့်ခေါ်ခဲ့ကြောင်း၊ ရွာသားများစိတ်မချ သောကြောင့် မြန်မာစကား ကျွမ်း ကျင်သူ ရ ဦးနှင့်အတူ တောင်ကြီးတက်၍ ခေါ်ဆောင်ရခြင်း အကြောင်းရင်း မေးမြန်းရာ ရဲစခန်းက ခရိုင်အမိန့်အရ အဆိုပါ လူငါးဦးအား ထိန်းသိမ်းစစ်ဆေးရန်ရန် ဆင့် ခေါ်ခြင်းဖြစ်ကြောင်း ပြောသည်ဟုဆိုသည်။

“လယ်သမားတွေ ပြည်နယ်အုပ်ချုပ်ရေးရုံးမှာ စုရုံးနေတာ အဲဒီကော်မတီ ၅ ဦးက စည်းရုံးလှုံ့ဆော်လို့ လို့ပြောတယ်။ အမှန်တော့ ဖြစ်စဉ် အားလုံးက သူတို့ ၅ ဦး နဲ့ မဆိုင်ဘူး။ လယ်သမားတွေ ရိုးရာလယ်ယာ ပူဇော်ပွဲလုပ်တာ အုပ်ချုပ်ရေးမှူး စိုင်းအောင်ဝင်းက စေတနာနဲ့ကူညီပေးတာကို စေတနာပိုတယ်ဆိုပြီး အလုပ်ဖြုပ်ခံရတဲ့အပေါ် ရွာသားတွေက မကျေနပ်ဘူး။ ဒီမိုကရေစီအရရွေး ကောက်တင်မြောက်ထားလို့ စိုင်းအောင်ဝင်းကိုအုပ်ချုပ်ရေးမှူးအဖြစ် ပြန်တင်ပေးဖို့တောင်းဆိုတာက ဒေသခံလယ်သမားတွေလေ၊ ကော်မတီ ၅ ဦးကိုလည်း  ညနေပိုင်း ပြန်လွှတ်ပေးလိုက်တယ်။ ဘယ်မှ မသွားနဲ့ သွားရင် အကြောင်းကြားပါ။ လိုရင်လိုသလို ခေါ်တွေ့မယ်လို့ ပြောပြီးပြန်လွှတ်တာ” - ဟု အဆိုပါပုဂ္ဂိုလ် ၅ ဦး နှင့်နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သို့သော် ယနေ့ ဩဂတ်စ် ၁၃ ရက် ၂၀၁၃ ခုနှစ်အထိ ထပ်မံဆင့်ခေါ်ခြင်းမရှိသေးပေ။

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းဆီ ဆိုင်မြို့နယ် သုံးခုအား ၂၀၀၈ ဖွဲ့စည်းပုံက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် သတ်မှတ်ထားသည့်) ဆီဆိုင်မြို့ နယ် ဆိုင်လေးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၇ ရွာရှိ၏။ သျှမ်းပြည်၏ ဒုတိယအင်းလေး ဟုလည်း ထင်ရှားပြီး စပါးအများဆုံးထွက်ရှိသည့်ဒေသလည်းဖြစ်သည်။

Most read this week