နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မဟီဒေါတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာကျောင်းသားများအား ဘွဲ့လွန်နှင့် ပါရဂူဘွဲ့များအတွက် ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။
ဇီဝသိပ္ပံဘာသာရပ်များ၊ လူမှုသိပ္ပံ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းဆိုင်ရာ လေ့လာမှုများနှင့် ဂေဟဗေဒဘာ သာရပ်များအတွက် ပညာသင်ဆုများကို အပြည့်အဝ ပေးအပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် ထိုင်းနိုင်ငံ၏ နာမည်ကျော် မဟီဒေါတက္ကသိုလ်တွင် ပညာဆည်းပူးနိုင်မည် ဖြစ်သည်။
ရွေးချယ်ခံရမည့် ကျောင်းသားများအနေဖြင့် မဟီဒေါတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းအတွက် နှစ်နှစ် သင်ကြား တက်ရောက်ရမည်ဖြစ်ပြီး၊ ပါရဂူဘွဲ့အတွက် သုံးနှစ်သင်ကြားရမည်ဖြစ်သည်။ ထို့အပြင် ပညာသင်ဆု အပြည့်အဝ ရရှိမည့်အပြင်၊ အကယ်၍ ကျောင်းတက်စဉ်ကာလအတွင်း ကျောင်းသား များအနေဖြင့် မြန်မာ ပြည်တွင် သုတေသနများ ပြုလုပ်မည်ဆိုပါကလည်း ပြုလုပ်နိုင်မည့် အခွင့်အလမ်းများကိုလည်းရရှိမည် ဖြစ်သည်။
ပညာသင်ဆုများကို တက္ကသိုလ်များတွင် ပညာတက်ရောက် သင်ကြားတက်ရောက်နေသော ကျောင်းသားများ၊ အစိုးရအမှုထမ်းများနှင့် NGO များတွင် လုပ်ကိုင်နေသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ ပညာသင် ဆုများအတွက် လူနည်းစုတိုင်းရင်းသားများနှင့် အမျိုးသမီးများအား ဦးစားပေးရွေးချယ်သွား မည်ဖြစ်ပြီး ပညာဆည်းပူးမှု ပြီးဆုံးပါက မြန်မာပြည်သို့ ပြန်လာပြီး တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
စိတ်ပါ၀င်စားသူများအနေဖြင့် အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်တွင် ၀င်ရောက်လေ့လာနိုင်သည်။