သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ဗမာပြည်ထဲသိမ်းသွင်းဖို့ ၁၉၄၈ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှာ ကရင်နီ အမျိုးသားခေါင်းဆောင် ဦးဘီတူရီ တည်ရှိရာမြလဲရွာကို ဖဆပလ ဗမာစစ်အစိုးရတပ်တွေက စတင်ဝင်ရောက် တိုက်ခဲ့တဲ့အတွက် ကရင်နီအမျိုးသားတွေက ရရာလက်နက်နဲ့ ပြန်လှည်ခုခံ တိုက်ခိုက်ခဲ့ရာကနေကရင်နီ အမျိုးသား တော်လှန်ရေးဖြစ်ပေါ်လာခဲ့တာပါ။
(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်းဗဟိုကော်မတီဝင် ဦးရီမာန်ထူးနဲ့တွေ့ဆုံမေးမြန်းခြင်း )
သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ဗမာပြည်ထဲသိမ်းသွင်းဖို့ ၁၉၄၈ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှာ ကရင်နီ အမျိုးသားခေါင်းဆောင် ဦးဘီတူရီ တည်ရှိရာမြလဲရွာကို ဖဆပလ ဗမာစစ်အစိုးရတပ်တွေက စတင်ဝင်ရောက် တိုက်ခဲ့တဲ့အတွက် ကရင်နီအမျိုးသားတွေက ရရာလက်နက်နဲ့ ပြန်လှည်ခုခံ တိုက်ခိုက်ခဲ့ရာကနေကရင်နီ အမျိုးသား တော်လှန်ရေးဖြစ်ပေါ်လာခဲ့တာပါ။
ယခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးဟာ နှစ်ပေါင်း(၆၅)နှစ်ရှိသွားခဲ့ပါပြီ။ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လှည်ရရှိရေးအတွက် ယနေ့ထိတိုင် လက်နက်ကိုင်တော်လှန်နေဆဲရှိတဲ့ အတွက် နှစ်ပေါင်း (၆၅)နှစ်ကို ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲ… ယနေ့မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲမှာ ကော တော်လှန်ရေးရဲ့ အခြေအနေက ဘယ်လို ဆက်သွားမလဲ… ဒီအကြောင်းအရာနဲ့ ပါတ်သက်ပြီး ယနေ့အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်း ဗဟိုကော်မီတီဝင် ဦးရီမာန်ထူး နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ကေတီ။ ။ ပထမဦးဆုံးအနေနဲ့ ဦးက ဒီကရင်နီအမျိုးသား ခုခံတော်လှန်ရေးထဲ ရောက်လာရတဲ့ အကြောင်းအရင်း နဲ့ ပါတ်သက်ပြီး ရှင်းပြပေးစေချင်ပါတယ်။
ဦးရီမာန်ထူး။ ။တော်လှှန််ရေးထဲကို ဝင်တယ်ဆိုတာ ဟိုးကျောင်းသားဘဝကတည်းကဘဲလေး ဦးတို ့ရဲ ့ပြည်သူလူထုကို အကျိုးပြုဖို ့ဦးရဲ့စိတ်ဓါတ်က နှကိုယ်ကတည်းကရှိထားပြီးသား ဘာဖြစ်လို့လဲဆိုရင် ဦးလေးအသက်ငယ်ငယ် တုန်းက လွိုင်ကောင်မှာ မြေတိုင်းဌာနမှာ အလုပ်လုပ်တယ်လေး အဲဒီမှာ အဲဒီလိုအလုပ်လုပ်ရင်းနဲ ့ပြည်မကလာတဲ့ လူတွေ နောက်ပြီး ကယားပြည်နယ်မှာဆိုတဲ့လူတွေ အစိုးရပေါ့နော သူတို ့က ကျွန်တော်တို့ပြည်သူ လူထုပေါ်မှာ အနိုင်ကျင့်တာကိုဦးက မျက်မြေတွေ ့ရတဲ့အခါကြတော့ တနေ့ကျရင် ငါကျောင်းပြန်တက်ရမယ် ကျောင်းတက်ရပြီး ကျောင်းတက်ပြီးရင်တော့ ဦးရဲ ့အမျိုးသားတွေ ကိုတမျိုးတဖုံ ပြန်ကူညီနိုင်အောင် ဆိုပြီးတော့ အဲဒီသဘောနဲ့ ကျောင်းတက်ခဲ့တယ် ကျောင်းတက်ပြီးတော့ ဦးက ဒီတော်လှန်ရေးထဲကို ဆက်ဝင်လာတယ်လေး။
ကေတီ။ ။အခုကရင်နီအမျိုးသားခုခံတော်လှန်ရေးခရီးက နှစ်ပေါင်း ၆၀ ကျော်နေပြီဆိုတော့ အမျိုးသားရေးအတွက် ဘာအောင်မြင်မှုတွေ ရရှိနေပြီလဲ။
ဦးရီမာန်ထူး။ ။အမှန်ကျတော့ ဆင့်ကဲဆင့်ကဲ အောင်မြင်မှုတွေတော့ ရှိပါတယ် ဥပမာ အစတုန်းကဆိုရင်တော့ တကယ့်သူများကျွန်တော်တို ့ကိုပြောသလိုပေါ့ သူပုန်ဆိုတာ တကယ့်သူပုန်အစစ်ပါဘဲ ဒါပေမယ့် တဖြည်းဖြည်း နဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ တခါတလေ စစ်တပ်အင်အား တောင့်တင်းတဲ့စစ်တပ်ရယ် စည်းမျဉ်းစည်း ကမ်းတွေ နောက်ပြီး နိုင်ငံရေးတွေ အများကြီး တိုးတက်မှုတွေရှိလာခဲ့ပါတယ် ဥပမာ ဟိုတုန်းကဆိုရင် ပြောရမယ်ဆိုရင် တကယ့် ဥပဒေမဲ့ သာသာလောက်ရှိပါတယ် ဒါပေမယ့်် ၁၉၈၀ နောက်ပိုင်းမှာဆိုရင် ဥပဒေသေချာ ချမှတ်ခဲ့တယ် နောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ သေချာ ချမှတ်ခဲ့တယ် နောက်ပြီး နိုင်ငံရေးလည်း တော်တော်လေးကိ်ုခေတ်နဲ့အညီ လိုက်လျောပြီးတော့ လုပ်သွားနိုင်တဲ့ အနေအထား ရှိပါတယ်။
ကေတီ။ ။ တော်လှန်ရေးသက်တန်း တလျောက်မှာ ဆုံးရှုံးမှုတွေလဲရှိမှာပါ။ ဦးတယောက်ထဲအနေနဲ့ တော်လှန်ရေးရဲ့ ဆုံးရှုံးမှုတွေက ဘာလဲလို့ပြောနိုင်လဲ…
ဦးရီမာန်ထူး။ ။ဆုံးရှံုးမှုတွေကတော့ ရန်သူရဲ့ဖိနှိပ်မှု ရဲ့နှိပ်စက်မှုကြောင့် ကျေးရွာလူထုတွေ တော်တော်လေး ခံကြရပါတယ် ကျေးရွာတွေ မီးရှို ့ဖျက်ဆီးလိုက်တာတို ့ ပြည်သူလူထု တရပ်လုံးကို မောင်းထုတ်ပစ်တာတို ့ အဲလိုမောင်းထုတ်လို့ဘဲ ဒီနယ်စပ်မှာ ပြည်သူ ၁၀၀၀၀ ကျော်ကျော် ရောက်နေတာပေါ့ အိုးမဲ့အိမ်မဲ့ရွာတွေ လည်း တချို ့မရှိတော့ပါဘူး အဲလိုမျိုးဖြစ်တယ် အဲဒါက အဲလိုအခက်အခဲတွေနဲ့ကြံုတွေ ့နေရတယ် ဒီသက်တမ်းတလျှောက်မှာပေါ့။
ကေတီ။ ။ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး မှာပေါ့နော်… ၁၉၇၈ခုနှစ်မှာ နိုင်ငံရေးအယူဝါဒတွေ၊ ခံယူချက်တွေ မတူကွဲပြားလို့ နှစ်ခြမ်း ကွဲခဲ့တာတွေ ရှိတယ်လို့ ကျနော်တို့ လေ့လာ သိရှိရပါတယ်။ အဲ့ဒီနှစ်ခြမ်းကွဲသွားတဲ့ကိစ္စဟာ အခုပြည်တွင်းမှာရှိနေတဲ့ ကလလတတို့ နဂါးအဖွဲ့တို့၊ ကြယ်ဖြူ၊ ကြယ်နီ၊ ကယောနီစတဲ့အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ခွဲထွက်သွားတဲ့ ကိစ္စတွေနဲ့ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲဆိုတာကို ရှင်းပြပေးပါလား။
ဦးရီမာန်ထူး။ ။ အဲဒီကလလတဆိုတဲ့အုပ်စု ခွဲထွက်တာကသူတို ့ရဲ့ရေးသားတဲ့စာထဲမှာ သူပြောတာက ကရင်နီဟာ ဒီမိုကရေစီကို လက်မခံဘူး ကရင်င်္နီပြည် မြန်မာပြည်ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့် ဒါ အစိုးရကို ပုန်ကန်ခဲ့တယ်လို ့ သူတို့ဖြေတယ် ဒါပေမယ့် တကယ်တမ်း ပုန်ကန်ခဲ့အတွက် သူတို့ကမကြိုက်လို ့ ခွဲထွက်ခဲ့တာဘဲ တကယ်တမ်းမဟုတ်ဘူး။ သူတို့ရဲ့ခွဲထွက်မှုက အဲဒီချိန်မှာက ပစ္စည်းမဲ့သဘောတရား နော ဆိုလိုတာကတော့ ကွန်မြူနစ်ဝါဒက ကြီးစိုးတဲ့အတွက် ကွန်မြူနစ်နောက်လိုက်ချင်တဲ့ သူတွေဖြစ်တယ် သူတို ့မခွဲခင်မှာ အဲဒီ ရှေ့တန်း တနေရာကို ထူးချောင်းရှေ့တန်းမှာ ဦးပြောထားတယ် လုပ်မှလုပ်ရင် ကရင်နီ ကွန်မြူနစ်ပါတီ ထောင်မှာပေါ့ ဘာဖြစ်လို ့ မြန်မာပြည်ကွန်မြူနစ် နောက်လိုက်ရမှာလဲ ပြောသေးတယ်သူတို့ကို ဒါပေမယ့် သူတို ့သွားတယ်အဲဒီ သူတို ့ပြောနေတဲ့ ကရင်နီဟာ ဒီမိုကရေစီကို လက်မခံဘူး ကရင်နီပြည်ဟာ မြန်မာပြည်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တိုင်းပြည်တခု နယ်မြေတခု ဖြစ်တယ်ဆိုတာ သူတို့လက်မခံလို့ ငါတို ့ခွဲထွက်ရခြင်းဖြစ်တယ် ဆိုတဲ့သူတို့ရဲ့ပြောဆိုမှုကလုံးဝ မမှန်ကန်ဘူး လို့ကျွန်တော်မြင်တယ် အဲဒါကြောင့် သူတို့ခွဲထွက်ပြီး သူ ့နာမည် ကိုကြည့် ကရင်နီပြည်ရှိလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး ဆိုပြီး အဲလို ကြွေးကြော်ခဲ့တယ်လေး အဲဒါ ကွန်မြူနစ်ဘဲ အဲဒါလုံးဝ အကြွင်းမဲ့ ကွန်မြူနစ်ကိုလက်ခံတာဘဲ ဘာဖြစ်လို့လဲ ဆိုရင် ကွန်မြူနစ်မှာ စစ်ဒေသဆို ၃ ခုရှိတယ် သူတို့က ဒီအလယ်ပိုင်းစစ်ဒေသ ဥပမာ ကလလတရယ် နောက်ပြီးတော့ ရလလဖ ရယ် နောက်ပြီး ကယန်းပြည်သစ် ဒါကအလယ်ပိုင်းစစ်ဒေသ အဲဒီစစ်ဒေသ အဲဒီစစ်ဒေသကိုကွပ်ကဲတဲ့လူက စောဘမိုး ဗကပ ဗဟိုကော်မတီ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးက ပန်ဆန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေး တုန်းက ပြောခဲ့တယ် အဲလိုပြောလို့ဘဲ အစည်းအဝေးပျက်ခါနီးပြီ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒါကြောင့် သူတို့က လိုးဝ ကွန်မြူနစ် အဖွဲ ့ဝင်ဘဲ သီးခြားပါတီတော့ မဟုတ်ဘူး နောက်မှဘဲ နအဖနဲ့ တရားဥပဒေထဲ ဝင်တဲ့အခါကြမှ သီးခြား သူတို့နာမည်ကို ကလလတ ဆိုပြီး သေသေချာ ချာ လုပ်လာတယ်။
ကေတီ။ ။ KNPP ရဲ့ ၀ါရင့်ခေါင်းဆောင်တဦးအနေနဲ့ ဒီ ကလလတတို့၊ နဂါးတို့၊ ကယောနီတို့အပေါ်မှာ အမှန်တကယ်ထားရှိတဲ့ အမြင်သဘောထားကို သိချင်ပါတယ်။
ဦးရီမာန်ထူး။ ။ ကလလတ က သူတို ့အနေအထားက ကွန်မြူနစ်ပါတီနော ကွန်မြူနစ်ပါတီကနေမှ ပျက်သွားပြီးတော့ ကလလတ ပြန်ဖြစ်သွားတာ သဘောက နအဖ နဲ့ပေါင်းပြီး ၁၉၉၄ မှာ၊ နဂါး အဖွဲ ့ကျတော့ သူ ့ဟာက အများအားဖြင့် ဒီတပ်ပျက်တွေဘဲ ဥပမာ ဗိုလ်လီးရယ် ဆိုရင်လည်း ဒီစစ်ဌာန ကနေမှ ထုတ်ပယ် ပြီးသားဖြစ် တယ် ဖြစ်ပြီးတော့ နောက်တခါ ဟိုယာ အဲဒီဟိုယာအုပ်စုတွေကတော့ တကယ် တမ်းဆိုသူက အဲဒီသူတို ့အဲလိုမလုပ်ခင်မှာ ဦးကပြည်ထဲရေးဌာနမှာ လုပ်တော သူက လာပါတယ် ဆရာဆရာထင်တာက ကယော လူမျိုးတွေက ကယောပြည်ကို မအုပ်ချုပ်နိုင်ဘူးလို ့ထင်လား ကျွန်တော့ကို လာပြီးမေးဖူးတယ် ဒါပေမယ့် ကျတော်လည်း အိုး ငါကဒီသဘောထားမရှိဘူး သူးရယ်ကိုပို့တယ်ဆိုတာက သူ ့မှာအရည်အချင်းရှိ လို့ ခရိုင်ဥက္ကဌ ဖြစ်နိုင်တဲ့ အရည်အချင်းရှိလို့ ပို ့လိုက်တာဘဲဖြစ်တယ် ကယားကျေးဇူးကို ငါလုပ်တာမဟုတ်ဘူး တချိန်ကလည်း နင်တို့ ဟိုယာမှာလည်းငါတာဝန်ယူခဲ့တာဘဲ အဲလိုဘဲ အမှတ်တမဲ့ပြောလိုက်တယ်နောက်ဆုံး ကျ တော့သူတို့အဲလိုဖြစ်သွားတယ် ဒါပေမယ့်သူတို့က KNPP ဟိုယာဒေသဆိုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ် ရေးအနေနဲ့ KNPP အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုလိုတာက ကယောနယ်မြေကို ကယောဘဲ အုပ်ချုပ်စေရမယ် ဆိုတဲ့အမြင်နဲ့ သူတို့လုပ်တာဘဲဖြစ်တယ်။
ကေတီ။ ။ လက်ရှိမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးမှာ အစိုးရကနေဦးဆောင်ပြီးတိုင်းရင်းသားလက် နက်ကိုင် အင်အားစုတွေနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကော ဦးရဲ့အမြင်သဘောထားလေးကို လဲ သိချင်ပါတယ်။ ရှင်းပြပေးပါလား။
ဦးရီမာန်ထူး။ ။အမှန်က ဦးကနိုင်ငံရေးတခုတည်း ကြည့်တဲ့အခါကြတော့ ဒီ ငြိမ်းချမ်းရေးဆိုတာကသေနတ်မ ပေါက် ရုံနဲ့ ငြိမ်းချမ်းရေးခေါ်လို့ မဟုတ်ဘူးလေး တကယ်ငြိမ်းချမ်းရေးဆိုတာ တကယ့်အခြေခံကျတဲ့ ပဋိပက္ခတွေကိုနော ဥပမာ ဗမာပြည်မှာဒီ ပဋိပက္ခ ဖြစ်တဲ့ အကြေင်းအရင်းကဘာလဲ ဦးတို့ကြည့်တော ဒါ ဖွဲ ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဘဲ ဒီပြည်ထောင်စုရဲ့ဥပဒေကို ပြင်လိုက်လို့ရှိရင် သေနတ်မပေါက်တော့ဘူး ဆိုတာထက် ငြိမ်းချမး်ရေးကတော့ အမှန်တကယ်ထာဝစဉ် ရရှိမှာဖြစ်တယ် ဒီသေနတ်မပေါက်တာလောက်ဘဲ လုပ်မယ်ဆိုရင် ဥပမာတိုင်းရင်းသားတွေရဲ့ အခွင့်အရေးက ဘာမှရမှာမဟုတ်ဘူး အဲဒီ ၂၀၀၈ ခုနှစ်မှာ ရေးဆွဲထားတဲ့အခြေခံဥပဒေ အတိုင်းဆိုရင် တသက်လုံး လူတမျိုးက အာဏာရလာတာမကလို ့အဲဒီလူတမျိုး ထဲက လူတစုကဘဲ အာဏာရသွားမယ် လူတစုအာဏာရလို ့ရှိရင် တပ်ကဘဲ တိုင်းပြည်အာဏာ ကိုဆက်ပြီး စိုးမိုးသွားမှာဘဲဲဖြစ်တယ်
အဲဒါကြောင့် ဦးတို ့ကသူတို ့နဲ့ မြင်တိုင်းတွေ ့တိုင်းပြောပါတယ် မင်းတို ့စေတနာ မှန်မှန်နဲ့လုပ်ပါ တကယ့်အရင်းခံဖြစ်တဲ့ ပြသာနာကို ဖြေရှင်းပါ သူတို့ကအဖျားလောက်ဘဲ သွားဖြေရှင်းတယ် သူများကို မလှိမ့်တပတ် မလှိမ့်တပတ် သွားလုပ်တဲ့အခါကြတော့ ဒါကတကယ့် နိုင်ငံရေးကို ရှေးရှုပြီးတော့ မရမချင်း တိုက်ပွဲဝင်အုံးမယ်ဆိုရင်တော့ အခုလုပ်တဲ့ငြိမ်းချမ်းရေးက တည်ငြိမ်မှု မရှိနိုင်ဘူး ငြိမ်းချမ်းရေးဆိိုတာကလည်း ထာဝရငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး ဦးလေးမြင်တာအဲဒါဘဲ။
ကေတီ။ ။ KNPP က လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ထားတယ်။ လာမည့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကိုလဲ ၀င်ဖို့အကြောင်းအရင်းမရှိဘူးလို့ ဒီ ၂၀၁၃ခုနှစ် KNPP ပါတီကွန်ကရက်မှာ အသိအလင်း ချမှတ်ထားကြတာကို တွေ့ရတယ်။ အဲ့လိုဆိုရင် ကရင်နီအမျိုးသားအရေး ဒါမှမဟုတ်ရင်လဲ ကရင်နီတိုင်းရင်းသားအရေးကို အခုလိုပြောင်းအလဲကာလမှာ ဘယ်လို လုပ်ဆောင်မလဲ။
ဦးရီမာန်ထူး။ ။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒါက နအဖ အလိုချင်ဆုံး ရတနာတခု ဖြစ်တယ် အဲဒီအလိုချင်ဆုံးအရာတခုကို ကျနော်တို့က ပေးလိုက်မယ်ဆိုရင် ကျနော်တို ့ခံရမှာဘဲ ဘာဖြစ်လဲဆိုရင် တရားဥပဒေဘောင်ထဲ ဝင်နော နောက်ပြီးတော့ ခင်ဗျားတို ့ ပါတီ မှတ်ပုံတင်လုပ်.. လုပ်ပြီးတော့ ခင်ဗျားတို ့ ရွေးကောက်ပွဲဝင်… ဝင်ပြီးတော့ ရွေးကောက်ပွဲမှာ ခင်ဗျားတို ့ရရင် အဲဒီမှာ ကျနော်တို ့ချုပ်ငြိမ်းသွားပြီ ဘာဖြစ်လို ့လဲဆိုရင် ဦးအောင်မင်းနဲ့ ဦးလေးတို့ တွေ့တုန်းကပြောတယ် ကျနော်တို့အဲဒီမှာ ဝင်မယ်ဆိုရင် ကျနော်တို့ပြောပိုင်ခွင့်ဘာရှိမလဲ ဘာမှမရှိဘူး ဘာဖြစ်လဲဆိုတော့ ၂၀၀၈ ဥပဒေမှာ ကျနော်တို ့ တိုင်းရင်းသားပြောမှာက တိုင်းရင်းသား တောင်းဆိုမှာက ဒီမိုကရေစီ မဟုတ်ဘူး ကျနော်တို့ကျတော့ နော ကျနော်တို့ စစ်မှန်တဲ့ပြည်ထောင်စုကို တောင်းဆိုမယ်နော ဖက်ဒရယ်ပြည်ထောင်စုနော နောက်ပြီး ကျနော်တို့ တောင်းဆိုမှာက ကိုယ်ပိုင်ပြဌာန်းခွင့်နောက် တန်းတူရည်တူရှိမှုကို တောင်းဆိုမယ် အဲလိုတောင်းဆိုရင် သူတို့ပြောတာက အရေး ၃ ပါးနဲ့ ထိနေတယ် အရေး ၃ ပါးနဲ့ခိုက်နေတယ် ဆိုပြီးတော့ ဒါမှတ်တမ်းတင်ပေး မယ် လို ့ သူတို့ပြောမှာဘဲ မနေ့တုန်းကဘဲကြည့် သူများတိုင်းရင်းသားအရေး ဘာမှမပြောသေးဘူး တိုင်းရင်းသားပါတဲ့ စာလုံးကို ပြောမိတာနဲ့ဘဲ ရွှေမန်းက တူထုပြီးတော့ လွှတ်တော်နဲ့ဆိုင်တဲ့စကားဘဲပြောပါ ဆိုပြီးတော့ ပြောတယ်မလား အဲဒါဘဲကြည့်လေး အဲဒါကြောင့် ဘယ်လိုမှ တသက်လုံး တိုက်ပွဲဝင်လာပြီး ကျတော် တို့လိုချင်တဲ့ ကျနော်တို့တောင်းဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိိုမှရောက်မှာမဟုတ်ဘူး အဲဒီလွှတ်တော်မှာဆိုရင် တကယ်လို ့ဒါကို တိိုင်းရင်းသားအားလုံး ဝင်စေချင်ရင် နော အဲဒါဆိုရင် ၂၀၀၈ ဥပဒေကိုပြင် သို ့မဟုတ် ကျတော်တို့ ရေးဆွဲထားတဲ့ မူကြမ်းရှိတယ် ပြည်ထောင်စု တည်ဆောက်ဖို့ နောက် အနာဂတ် ပြည်ထောင်စုတည်ဆောက်ဖို ့အဲဒီအတိုင်းလုပ်မယ်ဆိုရင်ရတယ် တကယ်တမ်းနိုင်ငံရေးက်ိုရှေးရှု မယ် ဆိုလို ့ရှိရင် ဒါပေမယ့် ဒီ ဝန်ကြီးဖြစ်ဖို ့လောက်ဘဲ အမတ်တွေဖြစ်ဖို့ လောက်ဘဲဆိုရင် တမျိုးပေါ့။
ကေတီ။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ကျနော်တို့မေးမြန်းသွားတဲ့အပေါ်မှာ ဘာတွေထပ်ပြီးဖြည့်စွက် ပြောချင်ပါသလဲ။
ဦးရီမာန်ထူး။ ။ကျတော့အနေနဲ့ ခုနပြောသလို ဒီ ကျတော်တို ့နိုင်ငံရေးလုပ်လာခဲ့တာ နှစ်ပေါင်း ၆၀လောက်ရှိ ပြီ နော နှစ်ပေါင်း၆၀ ကျတော်တို ့ကြွေးကြော် တသက်လုံးကြွေးကြော် ကျတော်တို ့အရေး ကြွေးကြော်တဲ့ အချိန်မှာ ကျတော်တို့က လုပ်ပိုင်ခွင့်ရှိမှနော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှဘဲ ကျတော်တို ့ အမျိုးသား ဖွိ့ဖြိုးတိုး တက်ရေး ကို ကျတော်တို ့ လုပ်မယ် ဒါပေမယ့်လို ့အဲလောက် မစဉ်းစားဘဲနဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲ ဝင်လိုက်လို ့ရှိရင် သူတို ့ ခြယ်လှယ်တဲ့ သူတို ့ရဲ့စိုးမိုးထားတဲ့ ဥပဒေ အရဘဲ သူတို ့ဆုပ်ကိုင်မယ်ဆိုရင် ကျတော်တို ့ဘယ်လိုဘဲလုပ်လုပ် တို့မှာလုပ်ပိုင်ခွင့် အာဏာမရှိဘူး အခု ကယားပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဘဲ ပြောတယ် ငါဝန်ကြီးချုပ်သာဖြစ်တယ် ငါ့မှာ လုပ်ပိုင်ခွင့်အာဏာ ဘာမှ မရှိဘူး ဆိုကတည်းကအဲဒါဘဲ စဉ်းစားကြည့် ဒါတောင်မှ အဲဒီပါတီက ဘာပါတီလဲ ကြံ့ဖွတ်ပါတီတောင်မှ ဖြစ်သေးတယ် ကျနော်တို့ဆိ်ုဝေး ရောပေါ့ သူတို ့နဲ့မဆိုင်တဲ့ပါတီဆို ဝေးရော အဲဒါဘဲ ဒါကြောင့် ကျနော်တို ့ ပြည်သူလူထုတရပ်လုံးလည်း KNPP ကို ပြည်သူ ့အကျိုးပြုလုပ်ငန်း လုပ်နိုင်ဖို ့ လမ်းကြောင်းပေါ်မှာ တွန်းပို ့ဖို ့တော့လိုမယ် ပြည်သူ ့အကျိုးကို ဘာမှမဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းပေါ် လျှောက်ခဲ့ရင်လည်းဘဲ ကျတော်တို ့အလကားဖြစ်မယ် နောက်ပြီး ပြည်သူတွေလည်းဘာမှ အကျိုးခံစားရမှာ မဟုတ်ဘူး အဲဒါဘဲပြောချင်ပါတယ်။
ဦးရီမာန်ထူးဟာ ကရင်နီအမျိုးသား တော်လှန်ရေးခေါင်းဆောင်တဦးလဲဖြစ် KNPP အမြဲတမ်းပါတီဗဟိုကော်မီ တီဝင် တဦးလည်းဖြစ်ပြီး လေးနှစ်တကြိမ်ကျင်းပသည့် ယခု ၂၀၁၃ ပါတီ ကွန်ကရက်မှာ သဘာပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။