အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ရေဘေး ဒုက္ခသည် များအတွက် အလှူငွေ ကျပ် (၇၅) သိန်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ် ရေဘေးဒုက္ခသည် များအတွက် ငွေကျပ် (၂၅) သိန်းအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် မွန်ပြည်နယ် ဥက္ကဌ ဒေါတ်တာ ခင်ဆောင်မှ တဆင့်၄င်း၊ ကရင်ပြည်နယ် အတွက် အလှုငွေ ကျပ်သိန်း (၅၀) ကို ဗဟို ကော်မတီဝင်စောတင်ဝင်း မှတဆင့် သြဂုတ်လ (၈) ရက်နေ့က ပေးအပ် ခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရသည်။
ကရင် ပြည်နယ် အတွက် အလှူငွေ များကို မိမိတို့ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သွားရောက် ပေးအပ် ခဲ့ပြီး ဖြစ်ကာ ထိုအလှူငွေဖြင့် ဒုက္ခသည် များအတွက် ပစ္စည်းများ ဝယ်ယူ လှူဒါန်း နေပြီ ဖြစ်ကြောင်း စောတင်ဝင်းမှ ပြောသည်။
“ဒေါ်စုအနေနဲ့ သိန်း (၅၀) ချပေး ပါတယ်၊ အဲဒါ ကရင် ပြည်နယ်ကို လွှဲပေး လိုက်ပါပြီ အဲဒါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ် ဥက္ကဋ္ဌက မြဝတီကို တက်သွား ပါပြီ၊ အဲဒါ တွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီး လှူပါမယ်” ဟု စောတင်ဝင်းမှ ပြောသည်။
မွန်ပြည်နယ် ရေဘေး ဒုက္ခသည် များအတွက် အလှူငွေ ပေးအပ် ခြင်းနှင့် စပ်လျဉ်း၍ မေးမြန်း နိုင်ရန် ဒေါက်တာ ခင်ဆောင်အား ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။