စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် ချင်းပြည်နယ်မြို့တော်အကြားပြေးဆွဲသည့် ခရီးသည် ၂၆ ဦးခန့် စီးလာသည့် ရွှေခြင်္သေ့ ခရီးသည်တင် လိုင်းကားယခုလ ၁ ရက်နေ့ညနေ့ ၆းဝဝ နာရီခန့် က ဖလမ်းမြို့အနီးတွင် တိမ်းမှောက်ရာ ခရီးသည် ၅ ဦး သေဆုံးကြောင်း သိရသည်။
ပွဲချင်းပြီး ခရီးသည် သုံးဦး သေဆုံးပြီး နှစ်ဦးသည် ဖလမ်းပြည်သူ့ဆေးရုံတွင်သေဆုံးကြောင်း ဒေသထုတ် ဟားခါး ပိုစ့်တွင် ဖော်ပြသည်။
သေဆုံးသူများမှာ (1) Rev. Kawl Khaw Lian (Kalay)၊ (2) Dar Za Tial (Varung)၊ (3) SuiLian Thang (Khampat)၊ (4) Hniar Tin Iang (Khampat), (5) Kyaw Shwe (Dawn) တို့ဖြစ်ကြသည်။
အဆိုပါ ကားတိမ်းမှောက်သည့် နေရာသည် မြေပြိုလေ့ရှိပြီး ကားစပယ်ယာများမှ ကားလမ်းကို မြေညှိပြုပြင်အပြီး ကားအဖြတ်မှာ ရှေ့ဘီးနှင့် နောက်ဘီး အကြားမြေနိမ့် ဆင်းသွားရာမှ ကားလမ်းအောက် ပေ ၄၀၀ ခန့် လိမ့်ဆင်း သွားခြင်း ဖြစ်သည်ဟု သိရသည်။
” ခရီးသည် အားလုံး အထိနာတယ်၊ တချို့ကိုတော့ ရန်ကုန်အထိ ဆေးကုရမည့်အခြေအနေဖြစ်နေတယ် “ဟု မျက်မြင် တဦးက ပြောသည်။
အဆိုပါလိုင်းကားသည့် ကလေးမြို့နေ အသွား သိုင်းငင်းရွာအနီးတွင် စက်ချွတ်ယွင်းသောကြောင့် ပြန်လည်ပြုပြင်ခဲ့ပြီးှ ဆက်လက်ခရီးဆက်ရာမှ ယခုကဲ့သို့ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။
ကားပိုင်ရှင်မှာ Pu Lian Bawk ( Falam)၊ ယာဉ် မောင်းမှာ Pu VunThang ဖြစ်သည်။