ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း၏ အထူး အစည်းအဝေး ကျင်းပရန်ရှိ

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း၏ အထူး အစည်းအဝေး ကျင်းပရန်ရှိ
by -
ရွှေဟင်္သာ

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ အထူး အစည်းအဝေးကို လာမည့် သြဂုတ်လ (၃) ရက်နေ့တွင် ရန်ကုန် ရုံးတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယမာန်နေ့၌ ကျင်းပသော NBF အတွင်းရေးမှူး အဖွဲ့က အစည်းအဝေးက ဆုံးဖြတ် ခဲ့ခြင်းကြောင်း ပြောရေး ဆိုခွင့်ရှိသူ ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်း ရေးမှူး ဆလိုင်း ကျဲဘွခ်ထောင် က ဆိုပါသည်။

“ဖက်ဒရယ် ယူနီယံ ပါတီ FUP ရဲ့ မူဝါဒနဲ့ပေါ်လစီ၊FUP မှာ ပါ၀င် ရမည့် ကော်မတီ၊ဖွဲ့စည်းပုံ၊ FUP မှတ်ပုံတင် ကိစ္စမှာ ရွေးကောက်ပွဲ ကော်မရှင်မှာ ဘယ်လို တင်ရမလဲ ဆိုတာတွေ ဆွေးနွေး ကြပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးကို ပြီးစီးအောင် မလုပ်နိုင် သေးပါဘူး။ ဆက်ပြီး ဆောင်ရွက်ဖို့ ရှိသေးတယ်။ သြဂုတ် (၃) ရက်နေ့နဲ့ (၄) ရက်နေ့ အစည်း အဝေး အတွက် အကြမ်းဖျင်း အစီအစဉ်တွေ ရေးဆွဲ ကြပါတယ်” ဟု ဆိုပါသည်။

တောင်ကြီး မြို့တွင် တွေ့ဆုံ ဆွေးနွေးစဉ် တောင်ကြီး မြို့တွင် တွေ့ဆုံ ဆွေးနွေးစဉ် ( ဓါတ်ပုံ - NBF)

ယင်း အစည်းဝေး အတွက် ညီနောင် ပါတီ (၁၅) ပါတီမှ ကိုယ်စားလှယ် (၂) ဦးကျစီ တက်ရောက် ကြရန် ရှိပါသည်။ ထို့အပြင်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပါတ်သတ်သည့် ပြည်တွင်း တိုင်းရင်းသား ပညာရှင်နှင့်နိုင်ငံခြား ပညာရှင် တဦး ကိုလည်း ဖိတ်ကြား ထားပြီး စုစုပေါင်း ကိုယ်စားလှယ် (၃၀) ခန့် တက်ရောက်မည် ဖြစ်သည်ဟု ဆိုပါသည်။

ဤအစည်း အဝေးတွင် ပညာရှင် များ၏ အကူ အညီဖြင့်  စာတမ်း ဖြစ်လာရန် ရေးဆွဲ ကြမည် ဖြစ်ပါသည်။ ဤစာတမ်းသည် လာမည့်စက်တင်ဘာလ လဆန်း၌ကျင်းပသော NBF ညီလာခံတွင် အတည်ပြုမည် ဖြစ်ပါသည်။ ထို့အပြင် ဆုံးဖြတ် ချက်များ၊ စည်းကမ်း များနှင့် NBF ၏ လုပ်ထုံး လုပ်နည်း များကို ဤညီလာခံ၌အတည်ပြု သွားမည် ဖြစ်သည်။ တချိန် ထဲတွင် ညီနောင် ပါတီ၏ ၃ နှစ်ပြည့်အခမ်း အနားပါ ကျင်းပရန် ရှိနေ ပါသည်။

ယခု ကျင်းပမည့် အထူး အစည်း အဝေးတွင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးသပ်ရေး စာတမ်း ပြုစု ထားခြင်း အပေါ်တွင်အသေးစိတ်ပြန်လည် လေ့လာပြီးဖြည့် စွက် ရန် နှင့်တိုင်းရင်းသား လူမျိုးများအခွင့်အရေး ကာကွယ်သည့် ဥပဒေကို ရေးဆွဲရန်တို့ ဖြစ်ပါသည်။

“အရင်တုန်းက စာတမ်း ပြုစု ပြီးသားကို ဒီတစ်ကြိမ်မှာ အသေးစိတ် ဆွေးနွေး သုံးသပ်မယ်။ အရင် အစည်းအဝေး တွေမှာ ပါတီ၊ ပုဂ္ဂိုလ်၊ ပညာရှင် တဦးချင်း ဆီကတင်ပြ ထားတဲ့ အချက် တွေကို အတည်ပြုတဲ့ စာတမ်း ဖြစ်အောင် ဘယ်လို ဆောင်ရွက် သွားမလဲ ဆိုတာ ကိုလည်း ဆွေးနွေး ရဦး မှာပါ။ ကျနော်တို့ လိုချင်တဲ့ မူကတော့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ဖို့ နည်းလမ်း တစ်ခု ပါပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံ အသစ် ကိုတော့ မရေးဘူး၊ ပြင်ဆင် ဖို့ဘဲ သုံးသပ် သွားမယ်” ဟု ဆလိုင်း ကျဲဘွခ်ထောင် က ဆိုပါသည်။

NBF သည် UNFC နှင့် WGEC တို့က ချမှတ် ထားသည့် နိုင်ငံရေး မူဘောင် ကိုလည်း ယျေဘူယျ အားဖြင့် လက်ခံ ထားပါသည်။ ထို့အပြင် ဇူလိုင် (၂၉) ရက်နေ့၌ ကျင်းပသော UNFC ၏ တိုင်းရင်း ညီလာခံ သို့လည်း ကိုယ်စားလှယ်များ တက်ရောက် စေခဲ့ ပါသည်။

NBF သည် အစိုးရ လွှတ်တော်မှ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲ မှုတွင် ပါ၀င် အကြံပြု နိုင်ရန်နှင့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဥပဒေများ ဖြစ်ပေါ်လာရန် တိုင်းရင်းသား ပါတီများ အပါအဝင် ပြည်တွင်း ပြည်ပ ပညာရှင် များနှင့် တိုင်ပင်ပြီး စာတမ်း ပြုစုရန် ကြိုးစား နေခြင်း ဖြစ်ပါသည်။

Most read this week