တပြည်လုံးအတိုင်းအတာဆောင်သော တိုင်းရင်းညီလာခံတရပ်ကို ဇူလိုင် ၂၈ မှ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံတနေရာတွင် ရည်ရွယ်ချက်(၄)ချက်ဖြင့် ကျင်းပရန် ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ UNFC တွဲဖက်အတွင်းရေးမှူး (၁) ပဒိုမန်း မန်းက ဆိုပါ သည်။
“ ပြည်တွင်းကရော နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားပါတီတွေကိုရော ဖိတ်ခေါ်ထားပါတယ်။ တန်ုိင်ငံလုံးအတိုင်းတာထိ အားလုံးပါ၀င်လာနိုင်အောင်တော့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ကိုယ်စားလှယ်ပေါင်း (၁၅၀)လောက် ဖိတ်ခေါ်ထား ပါ တယ်။ ကျင်းပတဲ့နေရာကတော့ ဆွေးနွေးချိန်နီးလာမှသတ်မှတ်မှာပါ။ CBO တွေလည်းဖိတ်ထားတယ် အချိုးကျပေါ့။” ဟု ဆိုပါသည်။
ထို့အပြင် နိုင်ငံရေးပါတီမဟုတ်သည့် တခြားတိုင်းရင်းသား အဖွဲ့များနှင့် ဒီမိုကရေစီအင်းအားစုများကိုပါ ဖိတ်ကြားထားပါ သည်။ အရေးကြီးသည့် ပြည်တွင်းရှိ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ၊ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ နှင့် နိုင်ငံခြားရောက် တိုင်းရင်းသား တသီးပုဂ္ဂလ ပညာရှင်များကိုပါ ဖိတ်ကြားခဲ့ပါသည်။
တိုင်းရင်းသားညီလာခံကို အခြေခံအချက် (၄)ချက်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
(၁) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပိုမ်ိုးအားကောင်းလာစေရန်။
(၂) ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက် ရရှိစေရန်။
(၃) တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့စည်းများနှင့် နိုင်ငံရေးပါတီအင်အားစုများ ဆက်စပ် ပူးပေါင်းဆောင် ရွွက်မှုအားကောင်းလာစေရန်။
(၄) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း ဖြစ်စဉ်နှင့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်စေရန်အတွက် ရည်ရွယ်ထားပါ သည်။
UNFC သည် အစိုးရ နည်းပညာအထောက်အကူပြုအဖွဲ့ (Technical Team) ကိုယ်စားလှယ်များ တင်ပြခဲ့သော တပြည် လုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနှင့် ပါတ်သက်သည့် သဘောထားအတွက် ဘုံသဘော တူညီချက်တရပ်ကိုလည်း ယင်းညီလာခံ၌ ရယူသွားရန် ရည်ရွယ်ထားပါသည်။
ညီလာခံသည် အနာဂတ် ဖက်ဒရယ်ဖွဲ့စည်းပုံကို ရေးဆွဲရာတွင် လိုအပ်သည့် အခြေခံရမည့်မူကိုလည်း ဘုံသဘော တူညီ ချက်ရရှိစေရေးကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
ဤကဲ့သို့ အရေးကြီးသော အခြေအနေဖြစ်ခြင်းကြောင့် UNFC သည် လာမည့်ညီလာခံတွင်၊ ပြည်တွင်းပြည်ပမှ တိုင်းရင်း သားနိုင်ငံရေး အဖွဲ့အစည်းများ၊ CBO များ၊လူငယ်၊ အမျိုးသမီးအဖွဲ့များ၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ ရေးပါတီမဟုတ်သော တိုင်းရင်းသားအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့ရခြင်း ဖြစ်သည်ဟု ပဒိုမန်း မန်းက ဆိုပါသည်။
ညီလာခံသည် ဇူလိုင် ၂၈ ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ကျင်းပသွားမည်ဖြစ်သည်။ ညီလာခံပြီးဆုံး သောအခါ သြဂုတ်လ (၁) ရက်နေ့တွင် အခြားဒီမိုကရေစီ အင်အားစုများနှင့် ထပ်မံဆွေးနွေးရန်ရှိကြောင်း ဆိုပါသည်။ ဤတွေ့ဆုံမှုသည် ညီလာ ခံမှရရှိ ထားသော ဘုံသဘောတူညီချက်များကို ထပ်မံဆွေးနွေးပြီး သဘောထားရယူရန်ဖြစ်ပါသည်။
ထိုအထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD -LA) ၈၈ မျိုးဆက်သစ်များ၊ လူ့ဘောင်သစ် ဒီမိုကရက်သစ်ပါတီ၊ ဒီမို ကရေစီအင်အားစုများပါသော နိုင်ငံရေးပါတီများသာမက ဒီမိုကရေးစီအရ စုဖွဲ့ပြီး လှုပ်ရှားသည့် အဖွဲ့အစည်းအားလုံး နှင့် လူမှုအဖွဲ့အစည်းဖြင့် စုဖွဲ့ထားသည် အဖွဲ့စည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။