ပင်လယ်ရေအောက် ကေဘယ်ချွတ်ယွင်းမှုကြောင့် အင်တာနက်လိုင်း တစ်လနှေးဦးမည်

ပင်လယ်ရေအောက် ကေဘယ်ချွတ်ယွင်းမှုကြောင့် အင်တာနက်လိုင်း တစ်လနှေးဦးမည်
by -
မဇ္ဈိမ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက်ထားသော ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် ( SEA-ME-WE 3) ဆက်ကြောင်း ချွတ်ယွင်းသွားသောကြောင့် အင်တာနက်လိုင်းများ တစ်လခန့်နှေးနေမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယနေ့ထုတ်ပြန်ကြေငြာ သည်။

ဆက်ကြောင်း ချွတ်ယွင်းမှုကို စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင် ထိန်းသိမ်းရေး အဖွဲ့နှင့် ညှိနှိုင်းကာ ပြုပြင်ရန်ဆောင်ရွက်နေပြီး ပြင်ဆင်ရန် အချိန်တစ်လခန့် ကြာမြင့်မည်ဖြစ်သည်။

ထိုချွတ်ယွင်းသွားသော ဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသည့် အင်တာနက်နှင့် နိုင်ငံခြား တယ်လီဖုန်း ဆက်သွယ်ခေါ်ဆိုမှုများကို ပြတ်တောက်ခြင်းမရှိရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

ဆက်ကြောင်း ချွတ်ယွင်းမှုကို ယခုလ ၂၂ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most read this week