မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း သျှမ်းပြည် မြောက် ပိုင်း၌ စစ်ရေးလှုပ်ရှားမှုများ လျော့ကျသွားသော်လည်း တိုက်ပွဲများထပ်မံဖြစ်ပွါး နေ သေးကြောင်း SSPP/SSA ကပြော ပါသည်။
“ ၁၅ ရက်နေ့က မိုင်းရှူးမြို့နားမှာဖြစ်တာပါ။ တိုက်ပွဲက ၁၅ မိနစ်ပါဘဲ။ သေကြေဒဏ်ရာရတာတော့ နှစ်ဘက်စလုံးမရှိဘူး။ အထက် က ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုပေမယ့် အောက်ပိုင်းက အခုလို ရင်ဆိုင် တိုက်ပွဲငယ်လေးတွေရှိတာ သဘာဝပါဘဲ။ ဘာလို့ လဲဆိုတော့ ကျနော်တို့ တပ်စခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာဘဲ မြန်မာစစ်တပ်က လာနေတာကိုး” ဟု သျှမ်းပြည် တိုးတက်ရေး ပါတီက ဒု-ဗိုလ်မှူးကြီးခမ်းတီ က သျှမ်းသံတော်ဆင့်အားပြောပါသည်။
လားရှိုး တွေ့ဆုံပွဲမတိုင်မီက ရလခတိုင်းအောက်မှ မြန်မာစစ်ယာဉ်တန်း ၃၀ နှင့်အတူ တင့်ကား ၄ စီး မိုင်းနောင်စကခ ၂ သို့ ရောက်ရှိနေ ကြောင်း၊ ထိုတပ်များ လှုပ်ရှားမှု တိုးမြင့်လာပါက တိုက်ပွဲထပ်မံဖြစ်ပွါး လာနိုင်ကြောင်း ရှေ့တန်းနေ SSPP မှ တပ်မှူးတဦးကပြောပါသည်။
“ လားရှိုးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နဲ့တွေ့ပြီးနောက်ပိုင်း ဗမာစစ်တပ်ကနေ တောတောင်ထဲ လှည့်လည် လှုပ်ရှားသွားလာမှုတော့ လျော့နည်းသွားတယ်လို့ပြောနိုင်ပါတယ်။ တပ်စခန်းတွေဆုတ်ပေး ရင်တော့ တိုက်ပွဲတွေလုံးဝ ရပ်တန့်သွားမယ် သေချာပါတယ်” ဟု မိုင်းနောင်ဘက်ရှိ အဆိုပါတပ်မှူးကလည်း ပြောဆိုပါသည်။
တွေ့ဆုံပွဲမတိုင်ခင် ဂျူလိုင်လ ၁၀ ရက်နေ့ကလည်း ရလခတိုင်းလက်အောက်ခံ ခလရ ၁၄၉၊ ခလရ ၁၅၀ ၊ ရမခ တိုင်း လက် အောက်ခံ ကျောက်မဲအခြေစိုက် ခမရ ၅၀၂ မှ ဒု-ဗိုလ်မှူးကြီးထွန်းထိန်ဝင်း ဦးစီးသော အင်အား ၃၀ ရှိ စစ်ကြောင်းနှင့် SSPP/SSA ၏ တပ်ရင်း ၈၁၆ ၊ တပ်ရင်း ရ၂၅ တို့ မိုင်းနောင်မြို့နယ်နှင့် မိုင်းရှူးမြို့နယ် တို့တွင် ပစ်ခတ် မှုဖြစ်ပွါးခဲ့သေး သည်။ သျှမ်းပြည်တပ်မတော်မှ လှုပ်ရှားနယ်မြေများအတွင်း တပ်စခန်းများအား စစ်ဆေးမှုပြုရာတွင် မြန်မာစစ်တပ်နှင့် တိုးမိရာမှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးရခြင်းဖြစ်သည်ဟု ဆိုပါသည်။
အလားတူ မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကလည်း ပစ်ခတ်ရေးသဘောတူပြီးနောက်ပိုင်း ထိုသို့ဆက် လက်ပစ်ခတ် နေရသေး သည်မှာ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာဖြစ်ကြောင်း ယခုလ ၁၃ ရက် SSPP/SSA ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။