နိုင်ငံတော် မြှားပစ်မယ် ဂုဏ်ပြုဆု အခွံသာ လက်ခံရရှိ

နိုင်ငံတော် မြှားပစ်မယ် ဂုဏ်ပြုဆု အခွံသာ လက်ခံရရှိ
by -
ခိုနူမ်းထုန်

နိုင်ငံတော် မြှားပစ် အားကစားမယ် မိုင် တမ်အွမ်ငိုင်း ( ၂၇ နှစ်) အား ၂၀၁၃ ခုနှစ် ဟားခါးမြို့တွင်ကျင်းပသည့်  ၆၅ နှစ် မြောက် ချင်းအမျိုးသားနေ့တွင် ဂုဏ်ပြုဆု ချီးမြှင့် ခဲ့ကြရာ အခွံသက်သက်သာ လက်ခံရရှိကြောင်း သိရသည်။

archer

မြှားပစ်ချန်ပီယံ မိုင် တမ်အွမ်ငိုင်းရဲ့ ဖခင် ပူး မနားအွမ်ကိုယ်တိုင် သူ့သမီးရဲ့ ဆုကိစ္စနဲ့ ပါတ်သက်ပြီး ယခုနှစ် ချင်းအ မျိုးသားနေ့ဟာ စီအဲန်အက်ဖ်နဲ့ ချင်းပြည်နယ်အစိုးရက ပူးတွဲကျင်းပတာမို့လို့ ယခုလို စီအဲန်အက်ဖ်ကို လာမေးတာဖြစ် ကြောင်း သိရသည်။

“ ပူး မနားအွမ် ကျတော့်ဆီလာတယ်၊ အဲဒီ သူ့သမီးဆုကိစ္စပေါ့၊ ကျတော်လည်း သေချာမသိတာနဲ့ အထက်ကို ချက်ချင်း တင်ပြပေးမယ်လို့ ပြောလိုက်တယ်” ဟု ချင်းအမျိုးသားတပ်ဦး၊ မင်းတပ်မြို့နယ် စည်းရုံးရေး တာဝန်ခံ ဆလိုင်း အောင် လိန်းထန်းက ပြောသည်။

မိုင် တမ်အွမ်ငိုင်းသည် ၂၀၁၃ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲတွင် အားကစား စွမ်းဆောင် ရည်ဆုကို ရရှိခဲ့သူဖြစ်ပြီး ၆၅ နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုကို ချီးမြှင့် လိုက်ခြင်း ဖြစ်သည်။

ဆုကို ပြည်နယ်ဝန်ကြီးချုပ် ဦး ဟုန်းငိုင်းကိုယ်တိုင် စင်ပေါ်တက် ချီးမြှင့် ထားတာဖြစ်ပြီး အစိုးရနဲ့ စီအဲန်အက်ဖ်နဲ့ တိုက် ရိုက်ပါတ်သက်တယ်ဆိုပေမဲ့ ကျင်းပရေး ကော်မီတီက တာဝန်အရှိဆုံးဖြစ်ပါလိမ့်မယ်-  ဟု ဆက်ဆိုသည်။

မိုင် တမ်အွမ်ငိုင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်လည်းကောင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေ ၂၆၊ ငွေ ၁၅၊ ကြေး ၁၁ ခု ရရှိခဲ့သူဖြစ်သည်။

၂၀၁၃ ခုနှစ် ဟားခါးမြို့တွင်ကျင်းပသည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ အစိုးရဖက်မှ နိုင်ငံ တော်ဝန်ကြီး ဦးဝင်း ထွန်းနှင့် စီအဲန်အက်ဖ်ဖက်မှ အဓိပတိကောင်စီဝင် ဒေါက်တာလျန်မှုန်ဆာခေါင်းတို့ ချီးမြှင့်တက် ရောက်ကြောင်း နှင့် အခမ်းအနားတွင် မိုင်တမ်အွမ်ငိုင်းအပါအဝင် နိုင်ငံတော်အဆင့် စွမ်းဆောင်ရည်ရှိသည့် ချင်းလူမျိုးများ အား ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ကြကြောင်း သိရသည်။

Most read this week