ချင်းပြည်နယ်၏ လူ့အခွင့်အရေး အခြေအနေကို ဥရောပ သမဂ္ဂကြားနာ

ချင်းပြည်နယ်၏ လူ့အခွင့်အရေး အခြေအနေကို ဥရောပ သမဂ္ဂကြားနာ
by -
ရွှေဟင်္သာ

ယင်းကြားနာပွဲကို လွှတ်တော် အမတ် Laszlo Tokes က ဦးဆောင်ပြီး ဘယ်လဂျီယံနိုင်ငံ ဘာရာဆဲမြို့တွင် ကျင်းပပြီး၊ ဥရောပ သမဂ္ဂ၊ ဘာသာရေးနှင့် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အဖွဲ့၏ ဖိတ်ကြားခြင်းဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့တွင် တက်ရောက် ခဲ့သည်ဟု ကိုယ်တိုင် တက်ရောက် ခဲ့သည့် ချင်းအမျိုးသားပါတီ၊ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲဘဘိခ်ထောင်က ဆိုပါသည်။

phophtaw151

“ ဇူလိုင်၉ ရက်နေ့ဥရောပ သမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆပ်ကော်မတီမှာ တင်ပြတယ်။ နေရာကတော့ ဥရာပ သမဂ္ဂရဲ့ Altiero Spinelli Building, Room A5E3 ၊ Brussels နေရာမှာပါ၊ ကြားနားသူ ကတော့ အီးယူ ပါလီမန်ရဲ့ဒုဥက္ကဌတစ်ဦးက ဦးဆောင်ပြီး ပါတယ်။ ကျနော်တို့ ဖက်ကတော့ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲမှာ ချင်းတိုင်းရင်းသား များရဲ့ ရုန်းကန်းမှု အကြောင်းကို တင်ပြခဲ့ပါတယ်” ဟု ဆိုပါသည်။

ချင်းပြည်နယ် လူ့အခွင့်အရေး အဖွဲ့သည် ချင်းပြည်နယ်၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး အခြေအနေများကို Human Rights Without Frontiers- Lobbying the EU Institutions၊ European External Action Service –tbc- EU policy on Burma ထံ တင်ပြ ထားခဲ့ပါသည်။ ဤသို့ကြောင့် တင်ပြမှုအပေါ် စိတ်ဝင်စားခြင်းအာဖြင့် ချင်းလူ့အခွင့်အရေး အဖွဲ့အား ဖိတ်ကြားလာခဲ့ခြင်း ဖြစ်ပါသည်။

တင်ပြချက်များမှာ ချင်းပြည်နယ် အတင်းအဓမ္မ္မ လုပ်အားပေး စေခိုင်းခြင်း၊ ဦးသိန်းစိန် အစိုးရ လက်ထက် တပ်မတော်သား များမှ အပစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေခြင်းနှင့် လူထု ဆန့်ကျင်ရေး ကိစ္စ၊ ချင်းပြည်တောင်ပိုင်း၌ ဖြစ်ပွားနေသော မုဒိမ်းမှုကိစ္စ၊ ချင်းလူမျိုးများ၏ ဘာသာ စကားကို အခြေခံကျောင်းများ၌ သင်ကြားခွင့် မရသည့် ကိစ္စများကို တင်ပြခဲ့ပါ သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ နောက်ကြောင်း ပြန်မလှည့်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲ စနစ်ပေါ် မူတည်ကြောင်း၊ ချင်းလူ့အခွင့် အရေး၊ဘာသာရေး၊မြန်မာနိုင်ငံ၏ လက်ရှိ ပါတီနိုင်ငံရေး အခြေအနေ၊ အနာဂတ်၌ ဖြစ်ပွားလာမည့် အခြေအနေ သုံးသပ်ချက်၊ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အခြေနေများကို အပြုသဘောဆောင် တင်ပြခဲ့သည်ဟု ဆိုပါသည်။

ဤတင်ပြချက်များအပေါ် EU ကိုယ်စားလှယ်များမှ နားထောင်ပြီး မြန်မာနိုင်ငံ၏ အခြေနေမျိုး ကမ္ဘာပေါ်၌ ရှိနေသေးသလား ဟူ၍ အံ့သြပြီး ၀မ်းနည်း မိပါကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။

ဤမှတ်တမ်းများကို ရယူထားပြီး သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်တွင် မေးခွန်း ထုတ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် ဖိအားပေးမည်ဟု ပြန်လည်ပြောကြား ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲသို့ ချင်းလူ့အခွင့်ရေး အဖွဲ့မှ ဆလိုင်းဇာအုပ်လိန်းနှင့် ရိုစလင်ဇာဟာအို၊ ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး၊ ဆလိုင်းကျဲဘိုဘိခ်ထောင်နှင့် ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာ ရွှေခါရ်းတို့ တက်ရောက်ကြပါသည်။

ဥရောပ လူ့အခွင့်အရေး ဆပ်ကော်မီတီ ကွန်ယက်များသည် နိုင်ငံပေါင်း (၈၀) တွင် ဖြန့်ကျက် ထားသော်လည်း ယခုကျင်းပသည့် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ လူ့အခွင့်အရေး အခြေအနေ ကြားနားမှုမျိုးသည် ပထမအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

Most read this week