ပြည်သူ့စစ်များ ဆက်တိုက် တိုးချဲ့စစ်ရေးလေ့ကျင့်ပေးနေ

ပြည်သူ့စစ်များ ဆက်တိုက် တိုးချဲ့စစ်ရေးလေ့ကျင့်ပေးနေ
ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်း သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ်၌ ရှိရင်းစွဲပြည်သူ့စစ် ဟောင်းအပြင် အသစ်ကောက်သော ပြည်သူ့စစ်အဖွဲ့ကို ၂ သုတ်ခွဲ၍ နအဖစစ်တပ်က စစ်ရေး လေ့ကျင့်ပေးသည်ဟု သျှမ်းပြည် တောင်ပိုင်းသတင်းရပ်ကွက်က ဆို ...

ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်း သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ်၌ ရှိရင်းစွဲပြည်သူ့စစ် ဟောင်းအပြင် အသစ်ကောက်သော ပြည်သူ့စစ်အဖွဲ့ကို ၂ သုတ်ခွဲ၍ နအဖစစ်တပ်က စစ်ရေး လေ့ကျင့်ပေးသည်ဟု သျှမ်းပြည် တောင်ပိုင်းသတင်းရပ်ကွက်က ဆိုပါသည်။

မိုင်းတုံတောင်ဘက် နားကောင်းမူးအခြေစိုက် ခလရ ၆၅ က စစ်ရေးလေ့ကျင့်ပေးခြင်းဖြစ်ပြီး လားဟူရွာသား ပြည်သူ့ စစ်ဟောင်းချည်းသက်သက်ဖြစ်သော ပထမတသုတ်ကို ဖေဖေါ်ဝါရီလဆန်းမှ လလယ်အထိ ၁၀ ရက် ကျော်ကြာဦးစွာ လေ့ကျင့်ပေးခဲ့သည်ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပြ၏။

“ပထမတစ်သုတ်က ပြည်သူ့စစ်ဟောင်းတွေချည်းဘဲ။ စုစုပေါင်း ၃၂ ယောက်ရှိတယ်။ စစ်ရေးလေ့ကျင့်နေတုန်း သစ်သားသေနတ်ဘဲကိုင်ရတယ်။ ဒုတိယတစ်သုတ်ကတော့ အသစ်ကောက်ထားတဲ့ပြည်သူ့စစ်တွေ။ အယောက် ၁၀၀ နီးပါးရှိမယ်။ ဖေဖေါ်ဝါရီ ၁၆ ရက်ကနေ ၂၆ ရက်အထိ နေရာအသီးသီးမှာစစ်ရေးလေ့ကျင့်ပေးတယ်” ဟုဆို၏။

ထိုပြည်သူ့စစ်အသစ်များကို မိုင်းတုံမြို့နယ် ဟွေ့အော့၊ နားကောင်းမူး၊ နားဖယောင်းနှင့် ၀မ့်ကုန်းဆာရွာတို့မှဆင့်ဆို ကောက်ထားခြင်းဖြစ်ပြီး၊ စစ်ရေးလေ့ကျင့်မှုသင်တန်းအပြီး အခြားဒေသခံများထက် အခွင့်ထူး ခံစားရမည့် ပြည်သူ့ စစ်ကဒ်ပြားထုတ်ပေးမည်ဟုလည်းဆိုပါသည်။

“သူတို့လိုသလိုခိုင်းနိုင်ဖို့ အခွင့်ထူးရတဲ့ကဒ်ထုတ်ပေးမယ်။ ဘိန်းခြံလုပ်ခွင့်ရှိတဲ့ဌာနေလားဟူ ပြည်သူ့စစ်တွေနဲ့ဘိန်းခြံ ပိုင်ရှင်ကိုးကန့်ပြည်သူ့စစ်တွေအများဆုံးပေါ့။ တဘက်ကလည်း ကျန်တဲ့လူတွေ ပြည်သူ့စစ်ဝင်ချင်အောင်ဆွဲဆောင်တာ လည်းပါမှာပေါ့” ဟု ၄င်းကဆက်ပြောပြ၏။

ယခုတစ်ခေါက် ပြည်သူ့စစ်များကို စစ်ရေးလေ့ကျင့်ပေးခြင်းမှာ နယ်စပ်တလျှောက်လှုပ်ရှားနေသော SSA နှင့် ဒေသ အတွင်းအပစ်ရပ် UWSA တို့အား ငါးကြင်းဆီဖြင့်ငါးကြင်းကျော်ကိုင်တွယ် ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ရပ်မိရပ်ဖများကသုံးသပ်ကြ၏။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ်၊ ပိန်းလုံနှင့်မျက်နှာချင်းဆိုင်၊ သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတော့ မိုင်းထားတွင်လည်း ကိုးကန့် ပြည်သူ့စစ်အင်အား ၄၀ ခန့်ကို  နအဖစစ်တပ်က စစ်ရေး လေ့ကျင့်ပေးခဲ့သည်ဟု သိရပါသည်။

Most read this week