မန္တလေးအမျိုးသမီးအမတ် မျိုးစောင့်ဥပဒေကို ထောက်ခံလက်မှတ်ထိုး

မန္တလေးအမျိုးသမီးအမတ် မျိုးစောင့်ဥပဒေကို ထောက်ခံလက်မှတ်ထိုး
by -
မဇ္ဈိမ

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်တင်တင်မာက လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနှင့် သော်လည်းကောင်း၊ ဗုဒ္ဓဘာသာ မြန်မာအမျိူးသမီးတစ်ဦး အနေနှင့်ပါ မျိုးစောင့်ဥပဒေအား ပြဋ္ဌာန်းနိုင်ရန်ဆန္ဒပြု လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။

“ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးထုကိုယ်စား ၀မ်းမြောက်စွာကြိုဆိုပါတယ်။ ဥပဒေအဖြစ် အမြန်အကောင် အထည်ဖော်နိုင်ပါစေ” ဟု မဇ္စျိမကိုပြောသည်။

မြန်မာအမျိုးသမီးများ အခြားဘာသာကွဲအမျိုးသားများနှင့် လက်ထပ်ထိမ်းမြားပြီးနောက် ဘဝလုံခြံုမှုအ ကာအကွယ်ရနိုင်သည့် အတွက်ကြောင့် မျိုးစောင့်ဥပဒေမူကြမ်း နှစ်ခုအနက် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း) ကို ထောက်ခံခြင်းဖြစ်သည်ဟုလည်း သူ ကဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ မန္တလေးတိုင်း ဥက္ကဋ္ဌဖြစ်သူ ဦးအောင်သိန်းဦးက မျိုးစောင့်ဥပဒေအား ထောက်ခံခြင်းသည် မန္တလေးတိုင်းဒေသကြီးမှ မိမိအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ သဘောထားဖြစ်သည်ဟုလည်းပြောသည်။

ဒီမိုကရစ်တစ်ပါတီ (မြန်မာ) သည် မန္တလေးတိုင်းတွင် ပါတီဝင်အင်အား တစ်သိန်းကျော်ရှိပြီး ပါတီဝင်များကိုလည်း မျိုးစောင့်ဥပဒေအား ပြဋ္ဌာန်းနိုင်ရန် ဆန္ဒပြုလက်မှတ်ရေးနိုင်ရေးအတွက် နှိုးဆော်ထားကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မန္တလေးတိုင်းဒေသကြီးအဖွဲ့ဝင် ဦးဝင်းမင်းအောင်ကပြောသည်။

တက်ကြွလှုပ်ရှားသူများက ဝေဖန်လျက်ရှိသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ််းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း) ကို လွှတ်တော် တွင် တင်ပြဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ဥပဒေကို ကန့်ကွက်သည့် အမတ်များကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲမပေးရန်တိုက်တွန်းမှုများ ပြုလုပ်မည်ဟုလည်း ဘုန်းတော်ကြီးတို့က ဆိုထားသည်။