ကျောင်းဆရာ/မ မလုံလောက် - တန်းတွဲသင်ကြားရတဲ့စနစ် အခက်အခဲဖြစ်

ကျောင်းဆရာ/မ မလုံလောက် - တန်းတွဲသင်ကြားရတဲ့စနစ် အခက်အခဲဖြစ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ်မှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ/မ မလုံလောက်လို့ အတန်းမတူတဲ့ ကျောင်းသားတွေကို တန်းတွဲသင်ကြားရတဲ့ စနစ်မှာ အခက်အခဲအများကြီး ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးကျော်ငြိမ်းက ပြောပါတယ်။

ဆရာဦးကျော်ငြိမ်းက "အခက်အခဲကတော့ ရှိတာပေ့ါနော်။ ခက်ခဲစေတာကလည်း ဒီ Grade.4 Grade 5 ဆို ဘာသာရပ်များတယ် များတဲ့အချိန်မှာ ကျတော့ ပြောမယ်ဆိုရင် ဘာသာရပ်များတဲ့ အလျောက်ပါ" လို့ ပြောပါတယ်။  

ယခုလို ကျောင်းဆရာ/မ မလုံလောက်တဲ့ ကျောင်းတွေမှာ သူငယ်တန်းကလွဲပြီး ပထမတန်းကနေ စတုတ္ထတန်းအထိကို စာသင်ခန်းတခန်းလျှင် အတန်းနှစ်တန်းတွဲ သင်ကြရတာဖြစ်ပါတယ်။

အခုလို အတန်းမတူတဲ့ ကျောင်းသားတွေကို ပူးတွဲသင်ကြားနေရတဲ့ ဒီးမော့ဆိုမြို့နယ်မှ အ.မ.က ဒေါတဒါး ကျောင်းအုပ် ဆရာမ ဒေါ်ခင်လဲ့လဲ့ထွန်းက "အဓိက အတန်းတွဲ သင်ကြားရတာကတော့ ဆရာ မလုံလောက်လို့ပေ့ါနော်၊ ဆရာ မလုံလောက်တဲ့အတွက်ကြောင့်ကို အတန်းတွဲ သင်ကြားတာပါ။ အခက်အခဲက ပြောရမယ်ဆိုရင်တော့ တကယ်တမ်းပြောရမယ်ဆိုရင် ကျောင်းသား (၅)ခန်း ရှိတယ်ဆိုရင် (၁)ခန်းကို (၁)ယောက်နှုန်းနဲ့သင်ရင် ကလေးတွေပိုပြီး ထိရောက်တာပေ့ါ" လို့ ပြောပါတယ်။

မူလတန်းအဆင့် ယခုလို တန်းတွဲသင်ကြားရတဲ့ စနစ်မှာ အတန်းတိုင်းမှာ သာသာတူ၊ ခေါင်းစဉ်တူတဲ့ အချိန်တွေကို တွဲထားပြီး ဘာသာမတူ သင်ခန်းစာခေါင်းစဉ် မတူဘူးဆိုရင် တတန်းကို လုပ်ငန်းပေး၊ တခြားအတန်းကို သင်ကြားမှုပေး အဲလိုသင်ကြားရတဲ့စနစ်နဲ့ သွားနေကြရတာဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားများ၏ ပူးတွဲသင်ကြားရေးစနစ် အခက်အခဲများ အပေါ် unicef မှ တာဝန်ရှိသူများကလည်း ယခုလ အစောပိုင်းမှာ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ကြပေမဲ့လို့ ဘယ်လိုဖြေရှင်း ဆောင်ရွက်ပေးမှာလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။