ငါးနှစ်အတွင်း 3G ဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြံုနိုင်မည်ဟု လိုင်စင်ရ Ooredoo ဆို

ငါးနှစ်အတွင်း 3G ဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြံုနိုင်မည်ဟု လိုင်စင်ရ Ooredoo ဆို
by -
မဇ္ဈိမ

ပြည်တွင်းဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီအနေဖြင့် လာမည့် ငါးနှစ် အတွင်းတွင် မြန်မာနိုင်ငံ
တစ်ဝန်းလုံး 3G ဒေတာ ကွန်ရက် ၅၀ရာခိုင်နှုန်း လွှမ်းခြံုပေးနိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောသည်။

ဇူလိုင် ၅ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ယင်းသို့ပြောကြားခြင်းမှာ ဇူလိုင် ၅ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်း လင်းပွဲ တွင် ပြောကြားခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဒေတာကွန်ရက် (အင်တာနက်အသုံးပြုနိုင် သည့်ကွန်ရက်)ကို ငါးနှစ်အတွင်း ၅၀ရာခိုင်နှုန်းရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသံကွန်ရက်အတွက်မူ ရ၅ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၄ ခုနှစ် အတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု လည်း ပြောပြီး Mr. Ross Cormack “မိုဘိုင်းဖုန်းတွေကို ၃ွ နည်းပညာကို အပြည့်အဝအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးသွား မှာပါ”ဟု ပြောသည်။

ယင်းအပြင် Ooredoo ကုမ္ပဏီသည် ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝန်ထမ်းကိုမြန်မာနိုင်ငံသားများကိုသာ ရာနှုန်းပြည့်ခန့်အပ်သွားမည် ဖြစ်သည်ဟုလည်း ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Nicholas Swierzy က ဆိုသည်။

Mr. Nicholas Swierzy က “မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ လုပ်ကိုင်ဖို့ ဥသမနိသသရဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို ခန့်အပ်တဲ့အခါမှာ မြန်မာနိုင်ငံသားတွေကို ဝန်ထမ်းအဖြစ် ရာခိုင်နှုန်းပြည့်ခန့်အပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဆိုသည်။

ဥသမနိသသသည် ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချိရေးနှင့် ဝန်ဆောင်မှု စသောနယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းမြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ဝန်ထမ်းများအဖြစ် မြန်မာနိုင်ငံသားများကို ခန့်ထားပြီးနောက် နည်းပညာပိုင်းနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

၁၅ နှစ်စာ လုပ်ကိုင်ခွင့်ရရှိထားသော ယင်း ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး Mr. Ross Cormack က “လက်ရှိတော့ ကျွန်တော်တို့ အနေနဲ့ ဆက်သွယ်ရေးအော် ပရေတာ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆက်သွယ်ရေးဝန်ကြီ းဌာနနဲ့ လာရောက် ညှိနှိုင်းမှုတွေပြုလုပ်နေပါတယ်”ဟု ပြောသည်။

Ooredoo အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။ ပြည်တွင်းတွင် မိုဘိုင်းအော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ရန် ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီတို့ကို ဇွန် ၂၇ရက်တွင် တင်ဒါရွေးချယ်ရေးကော်မတီက ရွေးချယ်ခဲ့သည်။

Most read this week