မြန်မာအမျိုးသမီးများနေ့ လွိုင်ကော်မြို့တော်ခန်းမတွင် ကျင်းပ

မြန်မာအမျိုးသမီးများနေ့ လွိုင်ကော်မြို့တော်ခန်းမတွင် ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်လွိုင်ကော်မြို့ မြို့တော်ခန်းမမှာ ဒီနေ့မနက်က မြန်မာအစိုးရမှ အသိအမှတ်ပြုတဲ့ မြန်မာအမျိုးသမီးမျာနေ့ အခမ်းအနားကို ကျင်းပသွားကြပါတယ်။

ဒေါ်ခင်မာဝင်းက " ဒီအမျိုးသမီးများနေ့ကို ကျင်းပရတဲ့ အကြောင်းကတော့ ဒီအမျိုးသမီးများ ကဏ္ဍမြင့်တင်ဖို့အတွက် နောက်ပြီးတော့ မှ ဒီအမျိုးသမီး အင်အားစုကြီးအတွက် အမျိုးသမီး များရဲ့ရှေ့မှာ အမျိုးသမီးထုကြီးရဲ့ရှေ့မှာ အမျိုးသမီးများ ကိုယ်တိုင်ဦးဆောင်နေ တယ်ဆိုတဲ့ အသိမှတ်ပြု အမျိုးသမီးနေ့ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ကယားပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ကနေ ကယားပြည်နယ်အတွင်းမှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ ကျောင်းနေ အရွယ်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ပညာရေးထောက်ပံ့ပေးခြင်းနှင့် ဘွဲ့ရ လူငယ်တွေအတွက် အလုပ်အကိုင်ရရှိဖို့ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒေါ်ခင်မာဝင်းက "ဒီရှေ့လုပ်ငန်းစဉ် ရ ရပ်အပြင် အမျိုးသမီးများရဲ့ စီးပွားရေး၊ လူမှုဘဝတိုးတက်ဖို့၊ ဒီလူကုန်ကူးမှု ပပျောက်ရေးအတွက်ကို အဲဒါတွေကို အဓိကထားပြီးတော့ ကျမတို့ အမျိုးသမီးရေးရာက ဆောင်ရွက်နေပါတယ်။ ကျမတို့ဆီမှာကတော့ အမြဲတမ်းလည်း ကာကွယ်နေတယ်" လို့ ဆက်ပြောပါတယ်။

အခမ်းအနားတွင် ကယားပြည်နယ် ပြည်နယ်လွတ်တော် ဒုဥက္ကဌ ဇနီး ဒေါ်ခင်မာဝင်း က ဂုဏ်ပြု အမှာစကားပြောကြားပြီး ကိုးရီးယားနိုင်ငံ ဖိတ်ခေါ်တိုက်ကွမ်ဒို ဆုရ သူများ၊ ဆယ်တန်း ဂုဏ်ထူး ၆ ဘာသာနှင့် ၅ဘာသာရဆုရ သူများ၊ အမျိုးသမီးနေ့ အကြောင်း စာစီစာကုံးဆုရသူ အလယ်တန်း၊ အထက်တန်းများ၊ သွေးလှူဒါန်းမှုအများဆုံး အမျိူးသမီးတွေကို ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပွဲကိုတော့ အမျိုးသမီးရေးရာ၊ ဌာနဆိုင်ရာများမှ အမျိုးသမီးဝန်ထမ်းတွေနှင့် ပြည်နယ် အစိုးရဝန်ကြီး ဦးကိုးရယ်တို့ တက်ရောက်ခဲ့ကြပါတယ်။

Most read this week