လွှတ်တော်ရုံး တည်ဆောက်ဖို့ မြေနေရာအတွက် လူနေအိမ်များ ဖယ်ရှားမှုအပေါ် ဝေဖန်

လွှတ်တော်ရုံး တည်ဆောက်ဖို့ မြေနေရာအတွက် လူနေအိမ်များ ဖယ်ရှားမှုအပေါ် ဝေဖန်
by -
မဇ္ဈိမ

မူလ လက်ငုတ်နေထိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသော စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ရုံး တည်ဆောက်မည့် ''ဧက လေးဆယ်မြေနေရာ''မှ လူနေအိမ်အချို့ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီက စတင် ဖယ်ရှားခံရပြီး ယခုလုပ်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယခုအဖြစ်အပျက် မဖြစ်ပွားမီ တစ်ရက်အလို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကမဇ္စျိမကို ပြော ဆိုရာတွင် ''ဒေသခံတွေရဲ့ ပြောပြချက်တွေ အကုန်လုံးကို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံညှိနှိုင်း ခဲ့ပြီးပါပြီ။ ကျွန်မ တစ်ခါတည်း ပြော ခဲ့ပါတယ်။ ဒီလူတွေကို အင်အားသုံး၊ အ ကြမ်းဖက်တာတွေ မလုပ်ပါနဲ့ လို့ ပြောခဲ့တယ်။ ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို တင်ပြဖို့ ပြော ပါတယ်။ ဒီမနက် ကျွန်မဆီ ဖုန်းဝင်လာတယ်။ ဟိုတစ်နေ့က ရွှေ့ပြောင်းခံရမယ့် သူတွေကိုလည်း မရမကနဲ့ အတင်းအကြပ်နဲ့ ရွှေ့ခိုင်းတယ်'' ဟု ပြောဆို သည်။

ဇွန် ၂၉ ရက်က စစ်ကိုင်း တိုင်းထွေ/ အုပ် ဒုတိယညွှန်ကြားရေးမှူး၊ ယခု ပြည်သူ့ လွတ်တော် ဒုညွှန်မှူး ဗိုလ်မှူး နေဦးအပါအဝင် မုံရွာမြို့နယ် မြေစာရင်းဦးစီးမှူး ဦးချစ် ထွန်းအောင်တို့နှင့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင် တို့ တွေ့ဆုံပြီး မုံ ရွာမြို့နယ် အိုးဖိုတောင် အိမ်ခြေ ၂၁ အိမ်အနက်မှ ၁၈ အိမ်အား ရွေ့ပြောင်း ရန် ကိစ္စညှိ နှိုင်း ခဲ့ကြသည်။

ပြောင်းရွှေ့နေထိုင်ရန် နေရာချထားပေး ခြင်းခံရသူဒေသခံတစ်ဦးက '' အစားထိုးမြေ နေရာအနေနဲ့ ပေ ၂ဝထ ၈ဝကို မဲနှိုက်စနစ် နဲ့ ချထားပေးတာတော့ ရှိပါတယ်။ မိသားစု နေ နိုင်ဖို့ အမှန်တကယ်မဖြစ်နိုင်ပါဘူး။ ချပေး မြေနေရာက ကျဉ်းကြပ် လွန်းတာကြောင့် ပြောင်းရွှေ့ချင်သူ မရှိတာပါ '' ဟု မဇ္စျိမသို့ ပြောသည်။

အဆိုပါ အငြင်းပွားလျက်ရှိသော မြေ နေရာသည် မုံရွာမြို့ အိုးဘိုတောင်မြို့သစ်ရပ်ကွက် ၊ ကွေ့ကြီး အနောက်ကွင်းတွင်ရှိပြီး ဧက ၁၆၇ ဧကကျော် ကျယ်ဝန်းသည်။

ယင်းမြေကို မြို့တိုးချဲ့မြေအဖြစ် မုံရွာနယ် အုပ်ချုပ်ရေးမှူးရုံးက ၁၆- ၂-၂ဝ၁၃ နေ့စွဲပါ အမိန့်စာဖြင့် သတ်မှတ် ထားပြီး ဖြစ်ကြောင်း၊ လွှတ်တော်ရုံးမြေနေရာအတွက် ကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိသော လူနေအိမ် ရ၇ လုံး ဧက ၂ဝ ကျော်အား မြေနေရာ အစားထိုးပြန်လည် ချထားနိုင်ရေးအတွက် ၂၉-၁၁-၂ဝ၁၁ရက်က အိုးဘိုတောင် ရပ်ကွက်ရှိ မြဝတီ ဘုန်းကြီးကျောင်း၌ စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး ဦးတင်ဝင်း ဦးဆောင်သော အဖွဲ့မှ ပြောင်းရွှေ့ရမည့် မြေနေရာများအတွက် မဲနှိုက်စနစ်ဖြင့် နေရာချ ထားပေးခဲ့ဖြစ် ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဒေါ်ခင်စန်းလှိုင် က ဖယ်ရှားမည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ပြောဆိုရာတွင် ''ကျွန်မပြောချင်တာက အခု ပြဿနာဖြစ်နေ တဲ့နေရာဟာ ပြည်သူ့လွတ်တော်ဆောက်မယ့် နေရာ၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မတရား သိမ်းဆည်းပြီး ဒီဆောက်မယ့် လွတ်တော်ကြီးက ဘယ်သူ့အတွက် အလုပ်လုပ်မှာလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ၊တရားဥပဒေစိုးမိုးဖို့ရာ ဒီအချိန်မှာ ဆောင်ရွက်နေရာမှာ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းမှာ ကိုယ့် ဥပဒေကိုယ်ကိုင်ပြီး လုပ်နေပြီလားဆိုတာကို ကျွန်မတို့က မေးမြန်းစရာတွေ ဖြစ်နေပြီ'' ဟု ပြောသည်။

''ပြောင်းရွှေ့တဲ့အခါ လိုအပ်မယ့် စားရိတ်ကိုပေးဖို့ ပြောပါတယ်။ အခုအခါ ခေတ် ကာလနဲ့ ငွေ ၁ဝ သိန်း၊ သစ် ၂ တန်၊ နဂိုမူလ မြေအကျယ်အဝန်း အတိုင်းပေးဖို့ တရားဝင် တောင်းတယ်။ သူတို့ဘက်က မပေးနိုင်ဘူးဆို ရင်လည်း ညှိနှိုင်းဖို့ လိုတာပေါ့'' ဟု ဒေါ် ခင်စန်းလှိုင်က မဇ္စျိမ ကိုရှင်းပြသည်။

ယင်းမြေနေရာကိစ္စနဲ့ ပတ်သက်၍ ဇွန် လ ၂၅ ရက် နေ့လည်ပိုင်းက မြို့နယ်အုပ် ချုပ်ရေးမှူးစီးလာသည့် ကားရှေ့တွင် မညိုမာဆိုတဲ့ ကောင်မလေးက အသက်အသေခံ မည်ဆိုကာ လှဲအိပ်ခဲ့သည့် အဖြစ်ပင်ရှိခဲ့ကြောင်းဟု မုံရွာမြို့ခံ တစ်ဦးမှလည်း မဇ္စျိမသို့ ပြောပြသည်။

ထိုနေရာတွင် အိမ်ခြေစုစုပေါင်း ၂၁ အိမ်အပြင် လယ်ယာမြေအချို့၊ ကုန်းမြေအချို့နှင့် လူမနေဘဲ ဝယ်ယူထားသည့်မြေလွတ် အချို့ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ရုံး တည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် အခွန် စည်းမျဉ်း နည်းဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့်အတွက်မုံရွာမြို့၊ အိုးဘိုတောင် ရပ် ကွက်နေ ဦးရွှေရဆိုသူအပေါ် ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မုံရွာမြို့နယ် အုပ်ချုပ်ရေးမှုုး ဦးညွန့်စိုးမှ လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အဆိုပါ မြေယာ အငြင်းပွား သူများထံ ထုတ်ဆင့်ခဲ့သည့် အမိန့်စာတွင် နေအိမ်ပြောင်း ရွှေ့စရိတ်နှင့် လျော်ကြေးငွေ ကျပ် ၉ ဒသမ ရဝ၇ သန်းအား လက်ဝယ်အရောက် ပေး လျော်ခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်းရွှေ့ပြီး အိမ်ခြေ ၅၂ ဦး၊ အိမ်ဝန်းကျယ် ၄ ဦး၊ ပြောင်းရွှေ့ရန် ကျန်ရှိသူ ၂၁ ဦးရှိကြောင်း၊ အစိုးရ စီမံကိန်းမြေနေရာ ဖြစ်သည့်အတွက် အမြန်ဆုံးပြောင်းရွှေ့နေထိုင်ပေးရန် လေးကြိမ်တိုင်တိုင် အသိပေး အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

အာဏာပိုင်များအနေဖြင့် ဆွေးနွေးညှိ နှိုင်းနေစဉ် အတင်းအကြပ် ပြုလုပ်ခြင်းသည် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းမှုကိုလက်မခံခြင်း၊ ပြည်သူ့အသံကို နားထောင်ခြင်းမရှိတာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆက်ရှင်းသည်။