Europe Parliament တွင် ချင်းနှင့် မြန်မာ့ အရေး လူထု ကြားနာပွဲကျင်းပမည်

Europe Parliament တွင် ချင်းနှင့် မြန်မာ့ အရေး လူထု ကြားနာပွဲကျင်းပမည်
by -
ခိုနူမ်းထုန်

European Parliamentလာမည့် ဇူလိုင် ၉ ရက်နေ့တွင် ဥရောပ ပါလီမန် ၊ ဘရပ်ဆဲလ် ၌ ချင်း အရေး နှင့် မြန်မာ့ အရေး လူထုကြား နာပွဲပြု လုပ်မည်ဟု သိရသည်။ အဆိုပါ ချင်းအရေး ကြားနာပွဲ သည် ဥရောပ ပါလီမန် တွင် ပြုလုပ်ခြင်းဖြစ်သည်။

“The Struggle of Ethnic Chin in A Changing Burma/Myanmar ဆိုတဲ့ ခေါင်း စဉ်အောက် မှာ ပြုလုပ်မှာဖြစ်တယ်၊ ဒါ ဥရောပါလီမန်မှာ ချင်းအရေးနဲ့ ပါတ်သက်ပြီး ပထမဆုံး အကြိမ်ပြုလုပ် တာလည်းဖြစ်တယ်” ဟု ချင်းလူ့ အခွင့်အရေး အဖွဲ့ ချုပ်ဒါရိုက်တာဖြစ်သူ ချင်းခေါင်းဆောင် Salai Bawi Lian Mang က ပြောသည်။

အဆိုပါ ခေါင်းစဉ်အောက်တွင် အောက်ပါ အချက်များကို ချပြသွားကြမှာဖြစ်ကြောင်း သိရသည်။

- EU Policy on Burma/Myanmar

- The Peace Process and the Chin Peoples Struggle

- Human Rights Situation/focus on Freedom of Religion and Belief ၊

- Situation of Chin Refugees Special Focus on India

- Challenge of Ethnic Political Parties in Burma

ယခု အစီအစဉ်ကို European Parliament Working Group on Freedom of Religion and Belief, Human Rights Without Frontier,  Chin Human Rights Organization တို့က ကမက ထပြုကျင်းပပေးခြင်းဖြစ်သည်။