ခေတ်အဆက်ဆက် လူမျိုးစုတိုင်းရင်းသားအရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော တိုင်းရင်း သားတော်လှန်ရေး နိုင်ငံရေးခေါင်းဆောင်များအား ဂါရဝပြုအခမ်းအနား တရပ်ကို လာမည့် ဂျူလိုင် လအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဂျူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ မှကမကထပြုကာ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း နိုင်ငံခြားရေးဝန်ကြီးဌာနဟောင်းအနီး မင်းကွန်း ပိဋကတ်ကျောင်းတွင် အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ကန်တော့ခံမည့် တိုင်းရင်းသားခေါင်းဆောင် သက်ကြီးပုဂ္ဂိုလ်များကို ၃၅ ဦး လျာထားသည်ဖြစ်ရာ ယခု လက်ရှိ ကချင် ၂ ဦး၊ ကရင်နီ ၁ ဦး၊ ကရင် ၃ ဦး၊ ချင်း ၄ ဦး ၊ မွန် ၂ ဦး၊ ရခိုင် ၂ ဦး၊ သျှမ်း ၂ ဦး၊ ပအိုဝ်း ၃ ဦး၊ ဓနု ၁ ဦး၊ တအာင်း ၁ ဦး၊ ဗမာ ၄ ဦး တို့ကို တွေ့ရှိထားကြောင်း၊ ကျန်လူမျိုးစုခေါင်းဆောင် များ လည်း ပါဝင်နိုင်အောင် ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကမကထပြုသည့် မျိုးဆက် သစ် တိုင်းရင်း သား လူငယ်များမှ သျှမ်းလူငယ်တဦးက ဖြစ်ကြသည်။
အဆိုပါပုဂ္ဂိုလ်များအနက် လူမှုအသိုင်းအဝိုင်း၌ လူသိများသောပုဂ္ဂိုလ်မှားမှာ ကရင်နီ အာပီီသောင်း၊ ကရင် မန်ပီတာ ကြာရင်၊ မန်းတင်ရွှေ၊ ချင်းပူကျင့်ရှင်းထန်၊ မွန် နိုင်ငွေသိမ်း၊ ရခိုင် ဦးသာပန်း၊သျှမ်း စဝ်ဆေထဲန့် နှင့် ဆရာစိုင်းအောင်ထွန်း၊ ပအိုဝ်း ဖြားခွန်စိန်ရွှေ၊ ဦးအောင်ခမ်းထီ၊ ဗမာ သခင်သိန်း မောင်၊ ဒဂုန်တာရာ၊ ဦးတင်ဦး (NLD)၊ ဦးဝင်းတင် (NLD) စသည်တို့ဖြစ်ပါသည်။
ကန်တော့ပွဲဆင်နွဲရသည့်ရည်ရွယ်ချက်မှာ တိုင်းရင်းသား သက်ကြီးပုဂ္ဂိုလ်များ၏ နိုင်ငံရေး ၊ အမျိုး သားရေး လှုပ်ရှားမှုများကိုအောက်မေ့သတိရကာ လူငယ်များမှ အတုယူလိုက်နာတတ် အောင်ဖြစ် သည်ဟု ဆိုပါသည်။ ထို့အပြင် အသွင်ကွဲပြားခြားနားသော တိုင်းရင်းသားအဖွဲ့အစည်း များအကြား အဆိုပါတွေ့ဆုံမှုမှ လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဖြစ်သည်ဟုလည်းဆိုပါသည်။
ကန်တော့ပွဲသို့ ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၁၂ ရွေးကောက်ပွဲမှ တိုင်းရင်းသားပါတီများ အပစ် အခတ် ရပ်စဲထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မျိုးဆက်သစ်လူငယ်များ တက်ရောက်ကြမည် ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ရပ်နီးရပ်ဝေးမှ မျိုးချစ်ပုဂ္ဂိုလ်များ စေတနာရှင်များအား နိုင်ကျော်ဝင်း (ဒု-ဥက္ကဌ )မွန်ဒီ မို ကရေစီ ပါတီ ဖုန်းနံပါတ်- ၀၉၇-၃၁၅-၀၁၈၂ သို့ပါဝင်လှူဒါန်းနိုင်ကြောင်း အဆိုပါ သျှမ်းလူငယ် ကဆက်လက် ပြောပြပါသည်။