ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မသမာမှုအကင်းဆုံးဟု ချင်းတက္ကသိုလ်ကျောင်းသားအသင်း ပြော

ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မသမာမှုအကင်းဆုံးဟု ချင်းတက္ကသိုလ်ကျောင်းသားအသင်း ပြော
by -
ခိုနုမ်းထုန်

၂၀၁၂ -၂၀၁၃ စာသင်နှစ် ချင်းပြည်နယ်စာစစ်ဌာနမှ ကျင်းပသည့် ၁၀ တန်းစာမေးပွဲသည် မသမာမှု အကင်း ဆုံးဖြစ်ကြောင်း ယင်းအပေါ် အထူးဝမ်းသာ ဂုဏ်ယူကြောင်း လိုင်(ချင်း) ကျောင်းသား များအသင်း( တက္က သိုလ်များ- မြန်မာပြည်) က ယနေ့ဆိုသည်။

တပြည်လုံး ၁၀ တန်းစာမေးပွဲအောင်ချက်တွင် ချင်းပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်သော် ငြားလည်း ချင်းပြည်နယ်စာစစ်ဌာနတွင် ယခုနှစ် ကျင်းပပြုလုပ် သည့် ၁၀ တန်း စာမေးပွဲသည် ခါတိုင်းနှစ်များ နှင် မတူပဲ လဒ်ပေး လဒ် ယူမှုနှင့် မသာမှု အကင်း ရှင်းဆုံး အောင်ချက်ဖြစ်သည်ဟု သုံးသပ်ရကြောင်း နှင့် ၁၀ တန်း အောင်မြင်သူများ၊ စာမေးပွဲ ကြီးကြပ်သူ တာဝန်ရှိအားလုံးအပေါ် အင်မတန် လေးစားမိပါကြောင်း ၄င်းတို့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ လေ့လာရသလောက်က ဟားခါး နဲ့ ထန်တလန်စာစစ်ဌာန မှာ အစိုးရ၊ ဘာသာရေးအသင်းအဖွဲ့၊ မြို့မိမြို့ဖ နဲ့ မိဘပြည်သူတွေက ယခုနှစ်မှာ ကျောင်းသားတွေ စာမခိုးရေး၊ စာကြိုးစားရေးကို ခါတိုင်းနှစ်အပေါ် အ တွေ့အကြုံယူပြီးကြပ်မတ်ကြတယ်၊ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ အောင်မြင်မှု အကျိုးတရားအပေါ် ၀မ်းသာ တာ ပေါ့ဗျာ၊ အောင်ချက် နိမ့်သည်၊ မြင်သည် အဓိက မဟုတ်ပါ” ဟု ကျောင်းသားခေါင်းဆောင် Salai Kep Chin Thang က ခိုနုမ်းထုန်ကို ပြောသည်။

ဆက်လက်ပြီး အနာဂါတ်အတွက် ချင်းတတ်သိ ပညာရှင်များပေါ်ထွန်းနိုင်ရေးသည် မသမာမှု ကင်းရှင်းသည့် မွန်မြတ်မှန်ကန်တဲ့ အတတ်ပညာသည်သာ အခရာ ကျသည်ဟု ယုံကြည်ကြောင်း ထို့ကြောင့် ချင်းပြည်နယ်ရှိ ပညာရေးဌာန အဆင့်ဆင့်တိုင်းက မသမာမှု၊ လဒ်ပေးလဒ်ယူမှု ပပျောက်ရေးကို အထူးတလည် စီစစ် စောင့် ကြပ်ပြီး အရေးတယူ ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းထားသည်။

ချင်းပြည်နယ်အပါအဝင် တပြည်လုံး ပညာရေး ၀န်ဆောင်မှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ တက်လာ ချိန်မှ စပြီး တစတစ နိမ့်ကျ ဆုတ်ယုတ်လာပြီး ပရမ်းပတာဖြစ်လာခဲ့သည်။

“ အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတော့ ပညာရေး စနစ်တွေကို တဖြည်းဖြည်းပြောင်းလဲလာတာ တွေ့ရ တယ်၊ အဲဒါက အစိုးရ တခုတည်းနဲ့ လုပ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူး၊ အားလုံး ပူးပေါင်းပါ၀င်သင့်တယ်” ဟု ဟား ခါး မြို့မှ မြို့မိမြို့ဖ တဦးက ပြောသည်။

၂၀၁၂ -၂၀၁၃ ပညာသင်နှစ်၊ တပြည်လုံး ၁၀ တန်းစာမေးပွဲအောင်စာရင်းအရ ချင်းပြည်နယ်မှ ဖြေဆိုသူ ကျား ၃၁၂၂ ဦး၊ မ ၄၃၃၇ ဦး စုစုပေါင်း ရ၄၅၉ ဦး အနက် ၁၂၃၂ ဦး အောင်မြင်ခဲ့ကြပြီး ၄င်းအနက် ငါး ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ( ၅ ) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၁၄) ဦး ရှိကြောင်း ကြားသိရသည်။

တနိုင်ငံလုံးတွင် ၁၀ တန်းစာမေးပွဲအောင်ချက် အနိမ့်ကျဆုံးဖြစ်နေခြင်းမှ ကျော် လွှားနိုင် ရေးသည် နိုင်ငံတော် အစိုးရနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်တခုလုံးရှိ အဆင့် ဆင့်သော ကျောင်းတိုင်း တွင် ကျောင်းဆရာ၊ ဆရာမများအား အလုံအလောက်ထားရှိပေးရေးနှင့် ချင်းပြည် နယ်ပညာရေး စွမ်းအားမြှင့် တင်ရေးကို အလေးထား ဆောင်ရွက်ပေးပါရန် လိုင်(ချင်း) ကျောင်းသား များအသင်း( တက္က သိုလ်များ- မြန်မာပြည်) က ဆက်လက်ပြီး မေတ္တာရပ်ခံထားသည်။

လိုင်(ချင်း) ကျောင်းသား များအသင်း( တက္က သိုလ်များ- မြန်မာပြည်) ကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ကလေး တက္ကသိုလ်အသီးသီးမှ ကျောင်းသားများ၊ ဟားခါး – ထန်တလန်တက္ကသိုလ်ကျောင်သားမိသားစု မှ ကျောင်းသား ၂၃၁ ဦး တို့ မန္တလေးမြို့၌ တွေ့ဆုံပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၂ – ၄ ရက်နေ့တွင်ဖွဲ့စည်းလိုက်ကြသ်ည်။

ရည်ရွယ်ချက်အဖြစ် – ခွဲခြားဆက်ဆံမှုမရှိပဲ တန်းတူမှုဖြင့် အမျိုးသားရေးအကျိုးစီးပွားဆောင်ရွက်ရေး၊လိုင် (ချင်း) စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ အမျိုးသားပညာရည် မြှင့်တင်ရေး၊ ချင်းတမျိုး သားအ ရေး ပူးပေါင်းဆောင်ရွက်ရေး၊ လိုင်မျိုးနွယ်စု ဆက်လက်ရှင်သန်ရပ်တည်ရေး နှင့် လိုင်မျိုးနွယ်စုအတွင်း ပွင့်လင်း မြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုပိုမိုရှိစေရေးဟူ၍ ထားရှိသည်။

Most read this week