ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် ကူညီဆောင်ရွက်ပေးရန်အတွက် ငြိမ်း ချမ်းရေးကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီး ယင်း ကွန်ရက်အနေဖြင့် အမျိုးသားအားလုံး တန်းတူအခွင့်အရေးရရှိရေးကို ဆောင်ရွက်သွား မည်ဖြစ်သည်ဟု ကွန်ရက်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအောင်သူက မဇ္ဈိမသို့ ပြောသည်။
ယင်းကွန်ရက်၏ လုပ်ဆောင်ချက်များ ဆောင်ရွက်ရာတွင် တန်းတူအခွင့်အရေးရရှိရေးနှင့် လူ့အခွင့်အရေး တို့ကို အခြေခံသတ် မှတ်ထားသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမူဖြင့် ပါဝင်လုပ်ဆောင်သွားမည်ဖြစ် သည် ဟုလည်း ဦးအောင်သူက ပြောသည်။
၎င်းက ''အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကိုကြည့်ရတာ ဟန်ပြတွေပဲ ဖြစ်နေတယ်၊ ကဏ္ဍအလိုက်မှာ အခွင့်အရေးတွေ ဆုံးရှုံးနေတာကို တွေ့ရတယ်၊ တကယ်ကို အားမရပါ ဘူး၊ ကျွန်တော်တို့ကွန်ရက်က အဲဒီကဏ္ဍတွေမှာ လိုက်လံပံ့ပိုးလုပ်ဆောင်သွားမှာပါ၊ လုပ်ငန်းစဉ်အသေးစိတ်ကိုတော့ နောက်ပိုင်းမှာ ထပ်ဆွေးနွေးသွားပါ မယ်''ဟု ပြောသည်။
ယင်းကွန်ရက်က ဆူပူမှုဖြစ်စေရန် လုပ်ဆောင်မှုများကို အခြားသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကန့်ကွက်ခြင်း၊ ဟန့်တားခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှောင့်ယှက်မှု အသွင်အားလုံးတို့အား
ပြည်သူများကြားသိရန်လည်း ဖော်ထုတ်သွားမည်ဟု ဆိုသည်။
အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်အေးက ''တချို့ဆူပူမှုတွေက သိသာပါတယ်၊ နိုင်ငံရဲ့ ငြိမ်းချမ်းနေမှုကို ပျက်ပြားအောင်လုပ်နေတဲ့ ကိစ္စတွေကိုလည်း လက်မခံနိုင်ပါဘူး၊ နိုင်ငံရဲ့ ငြိမ်းချမ်းမှုကို အထောက်အကူ
ဖြစ်အောင် လုပ်နေတဲ့ လုပ်ရပ်တွေကိုတော့ ကျွန်တော် တို့ကွန်ရက်က ထောက်ခံမယ်'' ဟု ပြောသည်။
ကွန်ရက်လုပ်ငန်းစဉ်များအဖြစ် နိုင်ငံ ရေး၊ ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည့် ပြည်တွင်း စီးပွားရေး၊ ဒီမိုကရေစီရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် လက်ရှိလုပ်ကိုင်နေ သည့် အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ် သည်။ ကွန်ရက်မှဆောင်ရွက်မည့် လုပ်ငန်း စဉ်အားလုံး တို့သည် ယခင် သခင်ကိုယ်တော် မှိုင်းလုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို အသက်ပြန်သွင်းကာ ငြိမ်းချမ်းရေးနှင့် ဆက်နွယ် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟုလည်း အဖွဲ့ဝင်များက ဆိုသည်။
ကွန်ရက်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ရန်ကုန် အခြေစိုက်ရုံးမှ ဒေါက်တာလှမြင့်က ''ကွန် ရက်ရဲ့အလုပ်တွေကို စိတ်ပါဝင်စားတဲ့သူ တွေကို အဖွဲ့ဝင်အဖြစ်လက်ခံပါတယ်၊ အခု လက်ရှိမှာတော့ အဖွဲ့ဝင်တွေက ၁၉၆၂ ခု နှစ်က ဗကသကျောင်းသားဟောင်းတွေ များ ပါတယ်၊ တချို့တွေကလည်း နိုင်ကျဉ်းတွေပါ၊ အခု ကွန်ရက်မှာ ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးရယ် ခွဲခြားထားတာမရှိပါဘူး'' ဟု ဆိုသည်။
သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန် ရက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် မြင်းခြံ မြို့တို့တွင် ရုံးများထားရှိ သည်။
ရန်ကုန်အခြေစိုက်ကွန်ရက်သည် ဇွန်လ ၁၅ ရက်မှ ၁၈ ရက်ထိ ကရင်ပြည်နယ်၊ DKBA ကလို့ထူးဘော စစ်ဌာနချုပ်တွင် ပထမအကြိမ်ပြုလုပ်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံသဘောထားအမြင်များ နှီးနှောဖလှယ်ပွဲ တွင်လည်း တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ရန် ဆွေးနွေးညှိနှိုင်း ပြီးဖြစ်သည်။
သခင်ကိုယ်တော်မှို်င်းသည် ပြည်တွင်းရှိ တောင်သူလယ်သမား၊ အလုပ်သမားတို့၏ အခွင့်အရေးဆိုင်ရာတောင်းဆိုမှုများတွင် လှုပ်ရှားခဲ့သူ ခေါင်းဆောင်တစ်ဦးဖြစ် သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌကြီးဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေးစတာလင်ဆုကို ရရှိခဲ့ကာ ၁၉၂ဝ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။