နတ္တလင်း ထွန်တုံးတိုက်ပွဲတွင် ကူညီခဲ့သူများကို တရားစွဲဆို

နတ္တလင်း ထွန်တုံးတိုက်ပွဲတွင် ကူညီခဲ့သူများကို တရားစွဲဆို
by -
မဇ္စျိမ

စစ်တပ်က သိမ်းပိုက်ထားသည့် ဘိုးဖွားပိုုင် လယ်မြေများကို သီးစားဖြင့် ဆက်မလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင် ပြန်ရရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက် နံနက်က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် နွား ၁၉ ရှဉ်းဖြင့် လယ်သမား တရာကျော်တိုု့က ထွန်းတုံးတိုက်ပွဲ ဆင်နွှဲကြစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္စျိမ)အင်္ဂပူမြို့နယ်ရှိ တပ်မ ၆ မှ ၁၉၉၄ ခုနှစ်တွင် လယ်သမားများထံ သိမ်းယူခဲ့ပြီး အမှတ် ၅ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်လုုပ်ခဲ့ကာ ကျန်လယ် ၂၀၂ ဧကအား သီးစားချထားသည်။

Paddy-Land-Battle-7

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်တွင် ထွန်တုံးတိုက်ပွဲသို့ ကူညီရန်သွားရောက်ခဲ့သော ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်နှစ်ဦးနှင့် နိုင်/ကျဉ်းမိသားစု များ ကွန်ရက်ဝင် တစ်ဦးကို ဇွန် ၂၅ ရက်တွင် နတ္တလင်းမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ နှင့် တရားမဝင် အသင်းဖွဲ့သည့် ဥပဒေပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း ၎င်းတို့၏ရှေ့နေ ဒေါ်အေးအေးသက်က မဇ္စျိမကို ပြောကြားသည်။

ဇွန်လ ၁ဝ ရက်က နတ္တလင်းမြို့၊ ပဲမခမ်းကျေးရွာမှ အသိမ်းခံရသော လယ်မြေများပါ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲသော လယ်သမားများကို အကူအညီပေးရန် နတ္တလင်းနှင့် မိတ္ထီလာအခြေစိုက် ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်ကိုသန့်ဇင်ထက်၊ ဒေါ်မြင့်မြင့်အေးနှင့် နိုင်/ကျဉ်းမိသားစုများ ကွန်ရက်အဖွဲ့ဝင် ဒေါ်ခင်မိမိခိုင် တို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ခေါ်ယူသောကြောင့် သွားရောက်ခဲ့ပြီး အပြန်တွင် နတ္တလင်းရဲစခန်းမှ ၎င်း အုပ်ချုပ်ရေးမှူး၏ တိုင်ကြားထားချက် ကြောင့်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဟု ဒေါ်အေးအေးသက် က ပြောသည်။

ဒီနေ့ရုံးချိန်းမှာတော့ အာမခံမပေးဘူး။ ဒီပုဒ်မတွေက အာမခံပေးလို့ မရဘူး။ နောက်ပြီး တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ပြီးမှ စဉ်းစားပေးမယ်လို့ တရားသူကြီးက ပြောတယ်'' ဟု ဒေါ်အေးအေးသက် က
ပြောသည်။

၎င်းတို့အား စစ်ဆေးရာတွင် လုံခြံုရေးတင်းကျပ်ထားသည်ဟုလည်း တောင်သူလယ်သမားများအား ကူညီသူ ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။

ရှေ့နေ ဒေါ်အေးအေးသက်၊ ဒေါ်သန်းသန်းအေးနှင့် ဦးရဲလင်းနိုင်တို့မှ ဖမ်းဆီးခံရသူများအတွက် ရှေ့နေ ပြုလုပ်ပေးခဲ့ပြီး နတ္တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နတ္တလင်း တပ်နယ်စခန်းမှူးက အဓိက သက်သေအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင်လ ၂ ရက်တွင် ချိန်းဆိုထားပြီး ၎င်းရုံးချိန်းတွင် အာမခံလျှောက်မည်ဟုလည်း သိရသည်။ ဖမ်းဆီးထားသူများအား ပေါင်းတည်ထောင်တွင် ထားရှိသည်။

ဇွန် ၁ဝ ရက်က နတ္တလင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့မှ တောင်သူတစ်ရာ ကျော်တို့က နွား ၂၁ ရှဉ်းဖြင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိမ်းယူထားခဲ့သော လယ်ဧက ၄ဝ ပေါ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။