အစိုးရနှင့်တိုက်ပွဲကြောင့် ဂျပန်ထောက်ပံ့သည့် ဆန်အိပ် ၂၀၀၀ ဝမ့်ဟိုင်းသို့မရောက်သေး

အစိုးရနှင့်တိုက်ပွဲကြောင့် ဂျပန်ထောက်ပံ့သည့် ဆန်အိပ် ၂၀၀၀ ဝမ့်ဟိုင်းသို့မရောက်သေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တပ်မတော် SSPP/SSA အား ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ် ၂၀၀၀  ထောက်ပံ့ သော်လည်း တိုက်ပွဲများကြောင့် ဝမ့်ဟိုင်းဌာနချုပ်သို့ မသယ်နိုင်သေးဟု SSPP သတင်းရပ်ကွက် ကဆိုပါ သည်။

“တိုက်ပွဲအေးသွားရင် လားရှိုး နတလရုံးမှာရှိနေတဲ့  ဆန်အိတ် ၂၀၀၀ ဝမ့်ဟိုင်းဌာနချုပ် အထိ ပို့ပေးမယ်လို့ နတလက တာဝန်ယူထားတယ်။ တိုက်ပွဲက ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာထဲမှာပါ။ မြန်မာစစ်တပ် က တပ်တွေဆုတ်ပေးဖို့ နှစ်ဦး သဘောတူထားလျက်နဲ့ မလိုက်နာလို့ အခုတိုက်ပွဲဖြစ်ရတာ။ အခုရွာထဲမှာ လူတွေမရှိတော့ ဘူး။ ဘုန်းကြီးကျောင်းမှာ လဲဘုန်းကြီး တပါးမှမရှိတော့ဘူး။ ဗမာစစ်တပ်က ဘုန်းကြီးကျောင်းကို စခန်းချပြီး နေနေတယ် အခု ” ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကပြောသည်။

SSPP meeting with UTZ at TYN
SSPP meeting with UTZ at TYNSSPP/SSA နှင့် အစိုးရကိုယ်စားလှယ်ဦးသိန်းဇော်တို့ တိုက်ပွဲထပ်မဖြစ်ရေး တန့်ယန်းဆွေးနွေးပွဲ (ဓါတ်ပုံ-Sai Hak)

MPC မှတဆင့် ထောက်ပံ့မည်ဆိုပါက လက်မခံကြောင်း SSPP မှ ပြောခဲ့ဖူးသော်လည်း ယခုမှာ  နိပွန်ဖောင်ဒေးရှင်းနှင့်အတူ MPC  က လိုက်ပါဆောင်ရွက်ပေးနေ သည်ဟုဆိုပါသည်။

“MPC နဲ့အတူ လာပြီးတော့ နတလဆီမှာပိုက်ဆံပေးတယ်။ နတလကနေ ဆန်တွေဝယ်ပေးတယ်။ အခုလားရှိုးမှာ ဆန် ဝယ်ပြီး နတလရုံးမှာထားထားတယ်။ ၂၄ ရက်နေ့တုန်းက  ကျနော်နဲ့ လားရှိုးရုံးထိုင်နဲ့ နတလရုံးမှာ လက်ခံ ကြောင်း လက်မှတ်သွားထိုးထားတယ်။ ဆန်တော့မထုတ်နိုင်သေးဘူး။ ကျနော်တို့ပြောတယ်။ ကျနော်တို့ကို ပိုက်ဆံ တိုက် ရိုက်လာပေးရင်ကောင်းတယ်။ ကျနော်တို့ လူတွေက ရှင်းရှင်းပြောရင် ဗမာဆန်မစားတတ်ဘူး။ ကျနော်တို့ကိုပိုက်ဆံပေးပြီး ကိုယ့်ဟာကိုဝယ်ခိုင်းရင် အဘက်ဘက်က အကျိုးရှိတယ်။ ကျနော်တို့လဲ ဆန်အကောင်း စားရမယ်။ ရွာသားတွေလဲ အလုပ် ရှိမယ် ပိုက်ဆံ ရမယ်လေ ” ဟု ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

ဂျွန်လ ၂၄ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်စခန်းအား မြန်မာစစ်တပ် ခမရ ၅၂၅ က တိုက်ခိုက်ပြီးနောက် ၂၅ ရက်နေ့  က စစ်ကူအဖြစ်ရောက်လာသော ရမခတိုင်း လက်အောက်ခံ မြန်မာစစ်ကြောင်းနှင့်ထပ်မံ မှားယွင်းပစ်ခတ်သဖြင့် တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ရကြောင်း သိရသည်။

Most read this week