တိုင်းမ် မဂ္ဂဇင်းပါ ဆောင်းပါး မြန်မာနိုင်ငံတွင်း ဖြန့်ချိခြင်းမပြုရန် တားမြစ်

တိုင်းမ် မဂ္ဂဇင်းပါ ဆောင်းပါး မြန်မာနိုင်ငံတွင်း ဖြန့်ချိခြင်းမပြုရန် တားမြစ်
by -
မဇ္စျိမ

တိုင်းမ် မဂ္ဂဇင်းတွင်ပါသော The Face of Buddhist Terror ခေါင်းစဉ် ဖြင့် ရေးသားထားသည့် ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း၌ မူရင်းစာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ ထုတ်လုပ် ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်းမပြုလုပ်ရန် အရေးပေါ် ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။

ထိုသို့တားမြစ်ရခြင်းသည် ''အရေး ပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန်'' ဖြစ်ကြောင်း
ကော်မတီ၏ ကြေညာချက်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ထိုဆောင်းပါးကို ၂ဝ၁၃ ခုနှစ်၊ ဇူ လိုင်လ ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် ဆရာတော် ဦးဝီရသူ၏ ဓာတ်ပုံဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးတွင် မြန်မာနိုင်ငံတွင် ဦးဝီရသူသည် အမုန်းတရားများကို ဟောနေသည်ဟု ရေးသားထားပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အချို့သည် သွေးဆူနေသည်ဟု ရေးသားထားသည်။

ထိုသို့ရေးသားခြင်းနှင့် ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်းအား နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၂၃ ရက်တွင် ကန့်ကွက်ခဲ့သေးသည်။

Most read this week