နမ့်ခမ်းမြို့အမှတ် ၂ စည်ပင်စျေးသစ်ဆောက်လုပ်မည့်အစီအစဉ်အား ဒေသခံလူထုအလိုမရှိ

နမ့်ခမ်းမြို့အမှတ် ၂ စည်ပင်စျေးသစ်ဆောက်လုပ်မည့်အစီအစဉ်အား ဒေသခံလူထုအလိုမရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ရှိ စျေးဆိုင်တန်းများကို အမှတ်(၂)စည်ပင်သာယာ စျေး အဖြစ် အကောင်အထည်ဖေါ်နေမှုအား နမ့်ခမ်းမြို့ဒေသခံလူထုက အလိုမရှိကြောင်းပြောသည်။

“ ဦးဇော်မင်းနဲ့ ဌာနဆိုင်ရာတွေ  ဇွန်လ(၂၁) ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး အောင် မေတ္တာရပ်ကွက်က ဈေးဆိုင်ခန်းအသစ်တွေကို စည်ပင်သာယာဈေးအဖြစ် အကောင်အထည်ဖော်ဖို့ လုပ်လာတယ်။ ဆိုတော့ ဒေသခံတွေ ဝယ်ထားတဲ့ဆိုင်ခန်းတွေမှာဈေးလာရောင်း ကြပါ။ မရောင်းတဲ့ဆိုင်ခန်းကို သိမ်းမယ်လို့ပြောလာတယ်။ မြို့မဈေးမှာ ဆိုင်ခန်းတွေက အလွှတ်တွေအများကြီးရှိနေတယ်။ အခုတော့ ဒေသခံတွေက အဲဒီဆိုင်ခန်းတွေကို ဝယ်ထားမိတာမှားပြီ လားဆိုပြီး စိတ်ညစ် နေကြတယ်” ဟု နမ့်ခမ်းမြို့ခံ စိုင်းအိုက်ပီးကပြောသည်။

မူဆယ်ခရိုင် ကြံ့ခိုင်ရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် ရှိ စျေးဆိုင်တန်းများကို အမှတ်(၂)စည်ပင်သာယာစျေး ခေတ်မှီဈေးသစ် အဖြစ် အကောင်အထည် ဖေါ်ဖို့  ခရိုင်အုပ်ချုပ် ရေးမှူးထံ တောင်းဆိုခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှနမ့်ခမ်းမြို့နယ်အုပ်ချုပ် ရေး မှူးထံ ခွင့်ပြုမိန့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအောင်မေတ္တာရပ်ကွက်ရှိဈေးဆိုင်သစ်များကိုလွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းကဆောက် ထားခြင်းဖြစ်ပြီး ဈေး ဆိုင်များမှာ အလွှတ်များသာဖြစ်ကြောင်း ဈေးသည်ဒေါ်နန်းခမ်း ကလည်း ပြောသည်။

“ ဒီကြားထဲ ဈေးသစ်ဖွင့်မယ်ကြားတော့ ကုမ္မဏီတွေက အာဏာပိုင်တွေကိုချဉ်းကပ်နေကြတယ်။ ဈေးကို သုံးလေးထပ်ထပ် ဆောက်မယ်၊ စူပါမားကက်တွေဆောက်မယ်လုပ်နေတာ။ ရောင်းမယ့်လူကအဲလောက် မစည်တော့ဆောက်ပြီးရင် ဟိုတယ် တွေ၊ လောင်းကစားရုံတွေ အနှိပ်ခန်းတွေ ဖြစ်လာမှာ။မူးယစ်ဆေးရောင်း မယ့်နေရာပေါများလာမယ်။ လူတွေ ပိုပြီးပျက်စီး လာမယ်။ အခုဆိုရင်ပန်းဆေးကျော်မြင့်ရဲ့ မိသားစုတွေ ပန်းဆေးပြည်သူ့စစ်တွေက မြို့ထဲမှာနေရာယူ လာတာအများကြီး ရယ်။ အင်မတန်စိုးရိမ်ရပါတယ် ” ဟု ဒေသခံစိုင်းအိုက် ကပြောသည်။

တရုတ်နိုင်ငံမှ ကုန်သည်ကြီးများက ၎င်းတို့ကုန်ပစ္စည်းတင်ကားများအား စက်လှေဖြင့် ရွှေလီမြစ်ကူး၍ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရောင်းချနေသဖြင့် စီးပွါးရေးအချက်အခြာကျသည့်နေရာ လူစည်သည့်နေရာဖြစ်သင့်သော်လည်း  စီးပွါးရေး ကဏ္ဍ၌ ဒေသခံလူထုအတွက် နစ်နာနေရကြောင်း ဆိုပါသည်။

အောင်မေတ္တာဈေးကြီးအား ယမန်နှစ်နှောင်းပိုင်းကတည်းက ဈေးကြီးအဖြစ်ပြန်လည်တည်ဆောက်ရန် ကုမ္မဏီများ၏ ကြိုးစားမှုကိုဒေခံလူထုက ကန့်ကွက်ခဲ့ပါသေးသည်။ ကျာဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ စိုင်းကျော် အုန်းက ဦးဆောင်၍ ကျားဖြူ SNDP နှင့်ကျားခေါင်းပါတီ SNLD တို့ ပူးပေါင်းကာ ဆန့်ကျင်သည့် ကြေငြာချက်ထုတ်ပြန် ခဲ့သည်။

အောင်မေတ္တာဈေးဆိုင်ခန်းအလွှတ်အား စည်ပင်ဈေးဖြစ်အောင်လုပ်ရန် စတင်လှုံ့ဆော်သည့် ကြံ့ခိုင်ရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် ဦးဝင်းမောင်သည် မူစယ်အခြေစိုက် ထုန့်မောဝ်ကုမ္မဏီ၏ ဥက္ကဌဖြစ်သည်။

Most read this week