မွန်ပြည်နယ်၏ ကျန်းမာရေးကဏ္ဍကို ဆွစ်ဇာလန် ကူညီရန်ဆွေးနွေး

မွန်ပြည်နယ်၏ ကျန်းမာရေးကဏ္ဍကို ဆွစ်ဇာလန် ကူညီရန်ဆွေးနွေး
by -
မဇ္စျိမ

ဆွစ်ဇာလန် နိုင်ငံခြားရေးဌာန လက်အောက်ရှိ အဖွဲ့ခွဲတစ်ခုဖြစ်သော ဆွစ် ဖွွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (SDC) က မွန်ပြည်နယ် အတွင်း၌ ကျန်းမာရေးကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီရန် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ဇွန် ၂၄ ရက် တွင် လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

Swiss Agency for Development and Cooperation(SCD) ခေါင်းဆောင် Mr. Steven Lanjouw တ ဦးဆောင် သည့် အဖွဲ့သည် ဇွန် ၂၄ ရက်မှ ၂၈ ရက်ထိ မော်လမြိုင်နှင့် ရေးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမည်ဖြစ် သည်။

SDC သည် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတွက် ဒေါ်လာ သန်းပေါင်း ၁ဝ မီလီယံမှ ၃ဝ မီလီယံကြား သုံးစွဲရန် အစီအစဉ်ရှိသည်ဟု အဖွဲ့ခေါင်းဆောင် Mr. Lanjouwu က ပြောသည်။

SDC က ကျန်းမာရေးကဏ္ဍအပြင် ပညာရေး၊ အုပ်ချုပ်ရေး၊ အစားအသောက်၊ အလုပ်အကိုင်အခွင့်အလမ်း များနှင့် ပတ်သက်သည့် စီမံကိန်းများ မွန်ပြည်နယ်တွင် လုပ်ရန် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းခဲ့ကြောင်း လည်း ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ လှဦး က ပြောသည်။

''သူတို့က နောင်နှစ်တွေမှာ သင်တန်းတွေ နည်းပညာပိုင်းတွေတော့ ပိုပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောတယ်။ ဥပမာဒီမိုကရေစီနဲ့ ပတ်သက်တဲ့ Training တွေ စသဖြင့်ပေါ့'' ဟုလည်း ဒေါက်တာ လှဦး က ဆိုသည်။