ပဋိပက္ခဖန်တီးမှုများ ကာကွယ်တားဆီးရေး ငြိမ်းချမ်းရေးဓမ္မသဘင် မန္တလေးတွင် ကျင်းပရန်စီစဉ်

ပဋိပက္ခဖန်တီးမှုများ ကာကွယ်တားဆီးရေး ငြိမ်းချမ်းရေးဓမ္မသဘင် မန္တလေးတွင် ကျင်းပရန်စီစဉ်
by -
မဇ္စျိမ

ပဋိပက္ခ ဖန်းတီးမှုများကာကွယ်တား ဆီးရေးဘာသာပေါင်းစုံ ပါဝင်သည့် ငြိမ်း ချမ်းရေးဓမ္မသဘင်တစ်ရပ်ကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကောလဟလများ မကြာမကြာထွက် ပေါ်နေသည့်အတွက် အတူတကွ ယှဉ်တွဲ နေထိုင်ကြသည့် ဘာသာပေါင်းစုံညီ အစ် ကိုမောင်နှမတွေများ အားလုံး၊ တိုင်းရင်း သားပြည်သူတွေ အားလုံးစိတ်မချမ်းမြေ့ ဖွယ်ဖြစ်နေ သည့်အတွက် ပဋိပက္ခများ မ ပေါ်ပေါက်စေရေး ငြိမ်းချမ်းရေးအတွက် ဓမ္မပူဇာသဘင် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေး ခရိုင် ဒုဥက္ကဋ္ဌဦးကိုလေးက ပြောသည်။

''အခုလို တစ်ဘာသာနဲ့ တစ်ဘာသာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟင်ဒီရယ်ဆိုတဲ့ LOGO (အမှတ်တံဆိပ်) တွေ ဘေးဖယ်ထားပြီးတော့၊ အတူတကွ ပေါင်းသင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားဆိုတဲ့
နိုင်ငံသားပေါ်မှာရပ်တည်တဲ့ ဓလေ့စရိုက် လေးရရှိအောင်၊ အခုလိုသက်ကြီးဝါကြီး ဆရာတော်၊ သံဃာတော် များက နေပြီးတော့ ကမကထပြုပြီး ကျင်းပမှာ ဖြစ်ပါတယ်'' ဟု ဦးကိုလေးက ပြောဆိုသည်။

ငြိမ်းချမ်းရေးဓမ္မသဘင်ကို ၂၃ ရက် ညနေ ရ နာရီတွင် မန္တလေးမြို့ ၃၁ လမ်း (၈၄/၈၅)လမ်းကြားရှိ ဓမ္မသာလခန်းမ ကြီးတွင် အဖွဲ့ဥက္ကဋ္ဌဆရာတော် အပါအ ဝင်၊ ဘုရားကြီးအလယ်တိုက်မှ ဆရာ တော် နှစ်ပါးက ငြိမ်းချမ်းရေးဓမ္မပူစာတရား ဟောကြားမည်ဖြစ်ကြောင်း ဦးကိုလေး က ဆက်လက်ရှင်းပြသည်။

''ဘာသာပေါင်းစုံ ကို ဖိတ်ထားသလို၊ မန္တလေးမြို့ တရားနာတဲ့ အသင်းတွေ၊ စတေကာတွေနဲ့လည်း မြို့ထဲ မှာလှည့်ပြီး ကြေညာမယ်။ လူပေါင်းသုံး ထောင်ကနေငါးထောင်လောက် ရအောင် စီစဉ်ထားပါတယ်'' ဟု ပြောဆိုသည်။

ပဋိပက္ခ ဖန်တီးမှုများ ကာကွယ်တား ဆီးရေးကော်မတီသည် အရေးကြီးသည့်အခါ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေး သြဝါဒများပေးရန် ဆုံးဖြတ်ချက် များရှိကြောင်းကော်မတီတွင် ပါဝင်သူ မန္တလေးမြို့ မှ ရှေ့နေဦးမြင့်သွင်က ဆိုသည်။

''အာဏာပိုင်အဖွဲ့အစည်းကို ဆင့်ကဲဆင့်ကဲတင်တာ ခွင့်ပြုချက်ရပါပြီ၊ ချမ်းအေးသာစံ မြို့နယ် အပိုင်ကပေးပါတယ်။ ကျွန်တော်တို့ လိုက်လုပ်တာထက်စာရင် ထင်ရှားတဲ့ ဆရာတော်ဘုရားကြီးတွေ၊ တရားပြနိုင်တဲ့ ဆရာတော်ဘုရားကြီးတွေ ရဲ့သြဝါဒကို လူတွေကအများဆုံးလေ့လာ ကြမှာလေ'' ဟု မဇ္စျိမကို ပြောဆိုသွား သည်။