ကျောက်တော် ဇီးချောင်း ရေလှောင် တာတံမံ ဖွင့်လှစ်

ကျောက်တော် ဇီးချောင်း ရေလှောင် တာတံမံ ဖွင့်လှစ်
ကျောက်တော်မြို့နယ် အတွင်း တည်ဆောက်နေသော ဇီးချောင်း ရေလှောင် တာတမံကို နအဖ စစ်အာဏာပိုင်များက လွန်ခဲ့သော စနေနေ့က ဖွင့်လှစ်ခဲ့သည်။ ကျောက်တော်မြို့မှ ဦးကျော်မြင့်က “ လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦးနှင့် နပခတိုင်းမှူး ဗိုလ်ချုပ် သောင်းအေး ...

မောင်သစ်အောင် (နိရဥ္စရာ) ကျောက်တော်မြို့နယ် အတွင်း တည်ဆောက်နေသော ဇီးချောင်း ရေလှောင် တာတမံကို နအဖ စစ်အာဏာပိုင်များက လွန်ခဲ့သော စနေနေ့က ဖွင့်လှစ်ခဲ့သည်။

ကျောက်တော်မြို့မှ ဦးကျော်မြင့်က “ လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦးနှင့် နပခတိုင်းမှူး ဗိုလ်ချုပ် သောင်းအေးတို့ လာရောက်ပြီတော့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ လူတွေကိုတော့ ထုံးစံ အတိုင်း မတက်မနေရ ဆင့်ခေါ်ပြီး ဖွင့်ပွဲကို တက်ခိုင်းပါတယ်။” ဟု ပြောသည်။ ကျောက်တောမြို့နယ် ဇီးချောင်း ရေလှောင်တာတံမံမှာ မိုးစပါး လယ်ဧက ၁၃၂၀၀ နှင့် နွေရာသီစပါး ၁၀၀၀ ဧက အထိ စိုက်ပျိုးနိုင်မည် ဖြစ်သည်။

တာတံမံ အရှည်မှာ ၃ မိုင်ရှိပြီး အမြင့် ၁၁၅ ပေ ရှိသည်။ တာတံမံတွင် ရေဂါလံ ရ၃၅၀ ဂါလံ ရေလှောင်မည်ဖြစ် သည်။

အဆိုပါ ဇီးချောင်း ရေလှောင်တာတံမံကို ၂၀၀၅-၂၀၀၆ စတင် တည်ဆောက်ခဲ့ပြီး သုံးနှစ်ကျော် ကြာမြင့်ခဲ့သည်။

ယခုအခါ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြောင်းပြကာ ၀န်ကြီး အဆင့်ဆင့် ဒါဇင်ဝက် နီးပါးခန့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး ရခိုင်ပြည်နယ် အနှံ့အပြား သွားရောက် လည်ပတ် နေသည်ဟု သိရသည်။

ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေမှာ ဘူးသီးတောင်မြို့နယ် စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအား ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ပြီး၊ လျှပ်စစ် (၁) ဒုဝန်ကြီး ဦးမျိုးမြှင့် ဖေဖေါ်ဝါရီလ ၂၀ နေ့က သဌေးချောင်းရေးအားလျှပ်စစ် စီမံကိန်းအား သွားရောက်လော့လာစစ်ဆေး ခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စပြီး ရခိုင်ပြည်နယ်သို့ ၀န်ကြီး ၈ ဦးနှင့် စစ်အရာရှိများ ရောက်ရှိနေကာ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များရှိ စာသင်ကျောင်းများနှင့် ရဲစခန်းများအား စစ်ဆေးရန်ဟု အကြောင်းပြကာ ရောက်ရှိနေပြီး အစည်းအဝေးများတွင် ၂၀၁၀ ရွှေးကောက်ပွဲကို ထောက်ခံကြရန် ရခိ်ုင် လူထုကို စည်းရုံးနေသည်ဟု သိရသည်။

ယခုလအတွင်း ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်ခဲ့သော ၀န်ကြီးများမှာ သစ်တောဝန်ကြီး ဗိုလ်ချုပ် သိန်းအောင်၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၊ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ် သိန်းဆွေနှင့် နယ်စပ်ဒေသ စည်ပင်သာယာရေး ဒုဝန်ကြီး၊ ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေတို့ ဖြစ်သည်။

Most read this week