လွတ်မြောက်ရန် ကြိုးစားဆဲမှာပင် နိုင်ငံရေးအကျဉ်းသား တိုးလာဟု AAPP-B ပြော

လွတ်မြောက်ရန် ကြိုးစားဆဲမှာပင် နိုင်ငံရေးအကျဉ်းသား တိုးလာဟု AAPP-B ပြော
by -
မဇ္စျိမ

တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး အရေးယူမှု အများဆုံးဖြစ်သည့် ခွင့်ပြု ချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ နှင့် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ) တို့ ဖြင့် အမှုရင်ဆိုင်နေရသူ ရဝ ခန့် ရှိနေပြီဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် AAPP-B (နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ) ၏ အထွေထွေအတွင်းရေး မှူး ကိုဘိုကြည်က ပြောသည်။

''ကျွန်တော်တို့ရဲ့ စိုးရိမ်စိတ်ထဲမှာ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား တွေကိုလွတ်မြောက်ဖို့ကြိုးစားနေတဲ့ အချိန် အတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ တိုးဖို့ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများကြီးဖြစ်နေတာကို တွေ့ရတယ်'' ဟု ဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းအဖွဲ့ရုံးတွင် ဇွန်လ ၂ဝရက်က ပြု လုပ်သော လက်ပံတောင်းအရေးတွင် ပုဒ်မ ၅ဝ၅(ခ)ဖြင့် ဖမ်းဝရမ်းထုတ်ခံရသူ များ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

အစိုးရက ဖွဲ့စည်းထားသော လက် ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီသည် လက်ရှိတွင် အကျဉ်းထောင်များထဲရှိ နိုင်ငံရေးအကျဉ်း သား များ လွတ်မြောက်ရေးကိုသာ လုပ်ဆောင် ခွင့်ရပြီး ပြင်ပတွင် အမှုရင်ဆိုင်နေရသူ များအတွက် ဆွေးနွေးခွင့်မရရှိသေး၍ ကော်မတီလုပ်ပိုင်ခွင့်ကို တိုးချဲ့ပေးရန် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းနေ သည်ဟု လည်း ကိုဘိုကြည်က ဆိုသည်။

မိတ္ထီလာပဋိပက္ခတွင် ဆူပူအောင် လှုံ့ ဆော်သည်ဟု စွပ်စွဲကာ ပုဒ်မ ၅ဝ၅(ခ)ဖြင့် ဖမ်းဆီးထားသော ကိုရဲမင်းဦးနှင့် လက်ပံ တောင်းအရေးတွင် ပုဒ်မ ၁၄၄ ထုတ်ထား သောမြေပေါ်၌ လယ်ထွန်သူအား ကူညီ သူ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက် မှ ကိုအောင်စိုးနှင့် ရွာသားနှစ်ဦးဖြစ်သူ ကိုစိုးသူ၊ ဦးမောင်စန်းတို့အား ဖမ်းဆီးအကျဉ်းချ ခြင်းသည် ဖမ်းဝရမ်း မပါဘဲ ဖမ်း ဆီးခြင်းဖြစ်သောကြောင့် တရား ဥပဒေ နည်းလမ်းအရ ဖမ်းဆီးခြင်း မဟုတ်ဟု လည်း သူက ထောက်ပြသည်။

ထို့အပြင် လက်ပံတောင်းဒေသတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားခြင်းကို ဝေဖန် သဖြင့် ကိုမိုဃ်းသွေး၊ ကိုဝေဠု၊ ကိုဝေမှူး သွင်တို့ကိုလည်း ပုဒ်မ ၅ဝ၅(ခ)ဖြင့် စစ် ကိုင်းတိုင်းဒေသကြီးရဲစခန်းက ဖမ်းဝရမ်း ထုတ်ထားပြီးဖြစ်သည်။

လက်ရှိတွင် လက်ပံ တောင်းအရေးလှုပ်ရှားသူများ အပါအဝင် နိုင်ငံရေးဖြင့် အကျဉ်းကျခံနေရသူ ၁၅၅ဦး ရှိကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်း သား စိစစ်ရေးကော်မတီက ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။

Most read this week